Skip to main content

ပါပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ

Hi ဆျာ ကျမ ဆျာ့ wallထဲ ပို့စ်လေးတခု ရှာတာ လုံး၀မတွေ့လို့ Msg ကနေ လာမေးရခြင်းပါ
ဆျာ လို့ရေးတာ မမှန်ပါ။ ဆြာ က နည်းနည်း အသံထွက်အရ မှန်တယ်။ ဆရာဝန်ဆီစာရေးတဲ့ခါ မြန်မာလို အင်္ဂလိပ်လို ဟိုင်း ဟယ်လို မလိုအပ်ပါ။ စာတွေအားလုံးက ဘလော့အဟောင်းမှာရှိတယ်။ တချို့ကိုသာ ဘလောအသစ်မှာ တင်ရသေးတယ်။ အဟောင်းက တင်မရ ပြင်မရ လင့်တွေကိုလည်း ပို့မရဖြစ်နေတယ်။ ဆောရီး။

(တ) တွေကို မလိုအပ်ပဲ စသတ်တာတော့ အခါတသောင်းလောက်ရှိလို့ မထည့်တော့ပါ။

1. Buffalo Neck ကျွဲပခုံး 
2. Full Stop မြန်မာစာမှာ ဖူးလ်စတော့ မရှိပါ 
3. Hard Neck လည်ပင်းမာ သို့မဟုတ် မပျော့သောလည်ပင်း 
4. Hard Surface မာသောနိုင်ငံခြား မမာသောမြန်မာစာ 
5. Hi Grandpa အဘရောဂါ အဆက် 
6. Hooping Cough ဟု သို့မဟုတ် ကြက်ညှာချောင်းဆိုးသံ 
7. P B D ရောဂါများ 
8. P နဲ့ ဝူး ကူးစက်ရောဂါတွေ
9. P နဲ့ ဝူး ကူးစက်ရောဂါတွေအတွက်ပါ လင့်တွေပို့လိုက်တယ် 
10. P ပီ 
11. P ပီ ကူးစက်ရောဂါ 
12. The End ပြီးပါပြီ 
13. ကနေကြသော ဆရာမများသို့ 
14. ကနေကြသော အိမ်ထောင်သည် ကလေးအမေနှင့် ဆရာမများသို့ 
15. ကျွန်မ နှင့် ကျမ 
16. ကျိ 
17. ကျိ ကြိ ကြည့် 
18. ချုပ်ရိုးပေါ်မာဆိုတာ ချုပ်ရိုးက မာနေတာလား 
19. ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ 
20. ခေတ်သစ် ဖက်ရှင် 
21. စာရေးတာ အလွန်ကိုမှားတဲ့ မေးခွန်းဖြစ်တယ် 
22. တယ် နှင့် တရ် 
23. တရ် သို့မဟုတ် ကုလားသံ 
24. တွေ နှင့် တေ 
25. တေ နှင့် ပီး 
26. ဒွေ ဒါ ဒယ် မာ
27. နင် နင့် နက် နဲ့ 
28. ပီ ကျိ တေ ဖစ် ကူးစက်ရောဂါများ 
29. ပီ နဲ့ ပြီ 
30. ပီ ပြီ ပြီး 
31. ပု 
32. ပု ပူ ပူး 
33. ပုံစံလို့ရေးရ စိုးရိမ်လို့ရေးရ 
34. ဖတ်ရဝူး 
35. ဘ ဘို ဘယ် 
36. မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည် 
37. မြန်မာစာမှာ ပီး မရှိပါ 
38. မြန်မာနိုင်ငံမှာ ကူးစက်ရောဂါသစ်များ ဖြစ်ပွါးနေ 
39. မြန်မာမာဆိုတာ ဘယ်မှာရှိပါသလဲ 
40. မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် 
41. မာ နှင့် မှာ 
42. မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် 
43. မာသော ရန်ကုန် 
44. မောင်ဖစ် မဖစ် ကိုဖစ် ဦးဖစ် နှင့် ဒေါ်ဖစ်များသို့ 
45. ယထာဘူတ နှင့် အောက်မြစ်ရောဂါ 
46. သားအိမ်မာလို့ မရေးရ သားအိမ်မှာလို့ ရေးရ 
47. ဟုတ်ကဲ့ 
48. အပို အလို 
49. အဖုလေးတေ ချိုင်းကြားတေ ပေါင်ကြားတေ ဆေးခန်းတေ 
50. အောက်မြစ် ကူးစက်ရောဂါဆန်း 
51. အောက်မြစ် အပိုများထည့်ရေးခြင်း 

သိလိုတာကို ရှာစရာနေရာတခုမှာ ရိုက်ရှာရင် ဘလော့အသစ်ရော အဟောင်းရော တွေ့ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ