Skip to main content

Posts

Showing posts from October, 2026

Yardlong beans ပဲတောင့်ရှည်

AI ဘာသာပြန်ကတော့ - ဖားစည်သီး သို့မဟုတ်  - တရုတ်ပဲတောင့်ရှည် သို့မဟုတ် - ကညွတ်ပဲတောင့်များ မြန်မာလို အစဉ်အလာအခေါ်က ပဲတောင့်ရှည် သို့မဟုတ် တိုင်ထောင်ပဲသီး။ တဂိုက် (၃ ပေ၊ ၂ တောင်) လို့ ပြောရင် တကိုက်တည်းစားရသလို အထင်လွဲနိုင်တယ်။ Vigna unguiculata subsp. sesquipedalis) သည် နုနယ်ပြီး မမှည့်သေးသော အစိမ်းရောင် ပဲတောင့်များအတွက် စိုက်ပျိုးကြသည့် နွယ်တက်တတ်သော ပဲပင်အမျိုးအစားများ ဖြစ်ကြသည်။ ဝိသေသလက္ခဏာများနှင့် ကြီးထွားမှု အသွင်အပြင် - အမည်နှင့် ကွဲပြားစွာဖြင့် ပဲတောင့်များသည် သုံးပေအထိ ရှည်ထွက်နိုင်သော်လည်း ပုံမှန်အားဖြင့် ၁၂ လက်မမှ ၁၈ လက်မအထိ (ကိုက်တဝက်ခန့်) ရှည်လျားကြပါသည်။ ၎င်းတို့သည် သာမန်ပဲတောင့်ရှည်များထက် ပို၍ပါးပြီး အနည်းငယ် ပို၍กรอบ (ကြွပ်) နေတတ်ပါသည်။ ရုက္ခဗေဒ - ၎င်းတို့သည် စံနှုန်းမီ အစိမ်းရောင်ပဲတောင့်များထက် ကျွဲကောပဲ (cowpea) ၏ မျိုးရင်းခွဲတခု ဖြစ်ကြသည် (မဲပုလဲပဲများနှင့် နီးစပ်စွာ ဆက်စပ်နေသည်)။ စိုက်ပျိုးခြင်း - နှစ်ရှည်မဟုတ်သော နွယ်ပင်များသည် ရိုးတံများပေါ်တွင် အားကောင်းမောင်းသန် တွယ်တက်ကြပြီး ပူပြင်းစိုစွတ်သော ရာသီဥတုတွင် ကောင်းစွာ ကြီးထွားကာ မြေဆီလွှာအတွင်း နိုက်ထိုဂျင်ဓာ...

ကျ နဲ့ ကြ မှားနေသည်

- မြန်မာစာ အဖျားမကျသေးပါ - စာကိုမှန်အောင်မရေးတတ်ကြသော်လည်း စာမေးပွဲမကျပါ ၁။ မာလကာသီးလေး အားပေးကျပါအုန်းရှင့် ကျ နဲ့ ကြ မှားနေသည်။ ၂။ အကြကောက်နေသ၍ အရာအားလုံးဟာ အဆုံးမရှိပါဘူး အကျအပေါက်၊ အထအန၊ အတိတ်နိမိတ်၊ အသံကာရန်။ ၃။ ဆရာသမီး အပျိုထဲကရာသီမမှန်ပါ ဆေးခန်းပြမှလာပါတယ် ခုအိမ်ထောင်ကြပါတယ် အိမ်ထောင်ကျလို့ ရေးရတယ်။ ၄။ ကျ နှင့် ကြ အသုံးကိုလည်း တင်ပေးစေလိုပါတယ်။ ၅။ ဆရာ ကျ နဲ့ ကြ ကိုရော သိချင်ပါတယ်။ တစ်ခါရေးဖူးသလားဆရာ။ ပြန်ရှာကြည့်ချင်လို့ပါ။ တစ်ခါတော့ မရေးပါ။ တခါနှစ်ခါ ရေးဘူးတယ်။ ၆။ ကျွန်မကတော့ ကြ နဲ့ ကျ အသုံးကို မဝေခွဲဖြစ်နေလို့ပါရှင့်လို့ မေးခဲ့လို့။ မြန်မာစာ အဖျားမကျသေးပါ။ စာမေးပွဲကျသော်လည်း အတန်းတက်ရ၏။ ၇။ ဖွေးအသက် ၂၃နှစ်ပါ မန်းလေး ရင်သားအကြိတ်(အကျိတ်)ကို ဘယ်ဆရာဝန်နဲ့ပြလို့ရလဲရှင့် အများကြီး မတက်(တတ်)နိုင်တာမို့ သိတဲ့သူရှိရင်ဖြေပေးကြပါအုံးနော် ရင်သားအကြိတ်ဖြစ်နေလို့ စိတ်ဓာတ်တွေလဲ ကြ(ကျ)နေလို့ပါ ဆေးခန်းက ဆရာဝန်က ခွဲရမယ်ပြောနေလို့ ဆရာဝန်အမည်တွေကို မသိလို့ မဖြေနိုင်ပါ။ ဆောရီး။ ၈။ နိုင်ငံကျော်အရီးတောင်း လက်ဖက်ကို အားပေးကျ(အားပေးကြ)သော မိတ်ဆွေ သူငယ်ချင်း များ အတွက်သတင်းကောင်းလေးပါ ၉။ ဒီလိုထမင်းဝိုင...

၁၉၉၀ ခုနှစ်၊ ဇူလိုင်လ ၂၈ရက်နေ့က

ဂန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော NLD ဗဟိုဦးစီးအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး https://www.facebook.com/reel/1566594531442369 (တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်) ကျွန်တော်လည်း တက်ခဲ့ရပါသည်။ ဘယ်နေရလောက်မှာ ထိုင်ခဲ့သလဲ မမှတ်မိပါ။ ရှေ့ဆုံးတန်း ညာဘက်ခြမ်းမှာ ဆရာမင်းသုဝဏ်ကို နေရာပေးကြတာကို အမှတ်ရပါသည်။ ဒေါက်တာတင့်ဆွေ

စာလုံးကြီး စာလုံးသေး ရေးနည်းများ

ကွန်မင့်တခု = Aiပါဆရာ မှတ်ချက် AI လို့ရေးရသည်။  FBI လို့ရေးရသည်။ CIA လို့ရေးရသည်။ HIV လို့ရေးရသည်။ COVID-19 လို့ရေးရသည်။ MRI လို့ရေးရသည်။ ECG လို့ရေးရသည်။  အတိုကောက်စာလုံးတွေကို အကြီးလက်တာနဲ့သာ ရေးရသည်။ All upper case abbreviations  • NASA: National Aeronautics and Space Administration • NATO: North Atlantic Treaty Organization • FBI: Federal Bureau of Investigation • CEO: Chief Executive Officer • ASAP: As soon as possible • ATM: Automated teller machine ခြွင်းချက်တွေလည်း ရှိသည်။ a lowercase letter followed by a capital letter (known as lowerCamelCase or camelCase) include: • iPhone • iPad and iPod (Apple products matching iPhone) • eBay (online marketplace) • macOS (Apple operating system) • pH (chemistry term for potential of hydrogen) စာဆိုတာ ဘယ်ဘာသာဖြစ်ဖြစ် စနစ်တကျရေးရတယ်။ နားလည်ရင်ပြီးရောဆိုသူတွေက အလွန်ညံ့ဖျင်းသူတွေ။ ဒေါက်တာတင့်ဆွေ

စိတ်ကူးယဉ် ပန်းပွင့်

ပုပ္ပါးတောင်က စကားဝါပန်းကို တနေ့ ဆယ်ခေါက်ခူးရသော ပန်းတော်ဆက် ဗျတ္တ၏ နှလုံးသည် အစဉ် သင်းကြိုင်နေပေလိမ့်မည်။ သူ့နှလုံးသားသည်ပင် စကားဝါပွင့် ဖြစ်နေပေလိမ့်မည်။  ဤ ပုဂံသူရဲကောင်း ဗျတ္တသည် တောင်ပေါ်က စကားဝါကို ပုဂံသူတို့အတွက် ခူးခဲ့သည်။ သူ့နှလုံးသား စကားဝါပန်းကို မည်သူ ခူးပါအံ့နည်းဟု တောင့်တမိပေလိမ့်မည်။ တောင်ပေါ်က ပန်းကို ခူးရန် လာခဲ့သော ပုဂံသူရဲကောင်း၏ အချစ်စကားဝါကို မယ်ဝဏ္ဏ ဘီလူးမ ပိုင်ပိုင် ခူးဆွတ်ခဲ့သတတ်။   စကားဝါ ယုံတမ်းတွင် လွှမ်းမပွယ် ဇာတ်လမ်း ပါခဲ့သည် အမှန်ပင်။ စကားဝါပွင့်တွင် အချစ်တော် အရောင်အဆင်း ဝင်ခဲ့သည် အမှန်ပင်။  အချစ်သည် လောက၏ အလှဆုံး ပန်းကလေးတပွင့် ဖြစ်သည်။ အချစ် အမှတ်အသားပါသော စကားဝါပန်းကလေးသည်လည်း အလှဆုံး ပန်းကလေးတပွင့်သာတည်း။  စိတ်ကူးယဉ် လောက၌ ပွင့်သောပန်း မှန်၏။ သို့ရာတွင် စိတ်ကူးယဉ်ပန်းပွင့်မဲ့သော လောကသည် မည်မျှ အကျည်းတန် မည်နည်း။ ဒေါက်တာတင့်ဆွေ

တဗူး

ခေတ်သစ်မြန်မာစာသင်နည်းထဲမှာ တွေရတယ်။ "ကလေးဗူးမှုတ်တာကလွဲရင် ဘူး" တဲ့။ မမှန်ပါ။  ကလေးဗူးမှုတ်သည်။ ကလေးဘူးမှုတ်သည်လို့ ရေးနိုင်တယ်။ ဗူးဘုရား ဆေးဗူး ဗူးသီးကြော် ဗူးသီးမှ အရီးတော် နွယ်ပင်တမျိုး ဗူးပင်တမျိုး စုဗူး၊  ဆေးဗူး၊  ပေါင်ဒါဗူး၊  မီးခြစ်ဗူး ဗူး။   ။ ခံဗူးရွာ။ ခံဗူးကုန်း။ ဗူးပင် ဗူးညွှန့်။ ဗူးသီး။ ဗူးဆို့။ ဗူးဘုရား။ ဗူးသွင်းသည်။ ဗူးတောင်း။ ရေဗူး။ ဗူးခါးရေ။ ဗူးလုံးနားမထွင်း။ ဗူးလေးရာ-မရှိဆင့်။ လူဗူးတောင်း။ ဗူးတလုံးဆောင် = ဗူးသီးတလုံးဆောင်။   ။ ဗူးလုံးနားမထွင်း သမားသာများ၏။ ဒေါက်တာတင့်ဆွေ

ဒီတခါ

ဒီတခါ ဘာရောဂါလဲ မြန်မာစာ မှန်အောင်မရေးတတ်တဲ့ရောဂါ - တချို့တော့ ရောဂါကင်းစင်သွားပြီ။ လူနာအများစုကတော့  ဆရာဝန်က ၁၅ နှစ်ကြာကုပေးနေတာလည်း မရသေးပါ။ ဒေါက်တာတင့်ဆွေ

8-year anniversary ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့

ဒေါ်မြမြအေးရဲ့ ဖေ့စ်ဘွတ်က ကျွန်တော်နဲ့ ဖရင်းဖြစ်တာ ၈ နှစ်ပြည့်နှစ်လည်နေ့တဲ့။ အမှန် သိခဲ့ကြတာက (၂၀၂၆ - ၁၉၆၆ = ၆၀) နှစ်ပေါင်း ၆၀ တိတိရှိပြီ။ ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ = အိမ်ထောင်ရေး သို့မဟုတ် အဖွဲ့အစည်းတခု တည်ထောင်ခဲ့သည့် သက်တမ်း ရှစ်နှစ်ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုခြင်း ဖြစ်သည်။ ရိုးရာလက်ဆောင်များ - ကြေးဝါ (ခိုင်မာမှုနှင့် တာရှည်ခံမှုကို ကိုယ်စားပြုသော) သို့မဟုတ် မြေထည် (ဘဝကို ပုံဖော်ထုဆစ်ထားခြင်းကို ထင်ဟပ်သော)။ ခေတ်မီလက်ဆောင်များ - ပိတ်စ သို့မဟုတ် ခြည်ထိုးဇာ (ရင့်ကျက်လာသည့် ဆက်ဆံရေး၏ နူးညံ့သိမ်မွေ့ပြီး ရှုပ်ထွေးနက်နဲမှုကို ကိုယ်စားပြုသော)။ အရောင် - ကြေးဝါအရောင်။ ကျောက်မျက်ရတနာ - တွာမလင်း (Tourmaline) သို့မဟုတ် တန်ဇိုင်းနိုက် (Tanzanite)။ ပန်း - ကလဲမာတစ် (Clematis) သို့မဟုတ် လိုင်းလက် (Lilac) ပန်း။ Clematis ပန်းများ - ခရမ်းရောင်၊ အပြာရောင်၊ ပန်းရောင်၊ အဖြူရောင်နှင့် အနီရောင်စသည့် အရောင်အသွေးစုံလင်ပြီး ကြယ်ပုံသဏ္ဌာန် သို့မဟုတ် ပန်းကန်ပြားပုံသဏ္ဌာန်ရှိသော ကြီးမားသည့်ပန်းပွင့်များကြောင့် လူသိများကြကာ ရင်သပ်ရှုမောဖွယ်ကောင်းသော တက်တတ် သို့မဟုတ် တွယ်ကပ်ပေါက်ရောက်တတ်သည့် နှစ်ရှည်နွယ်ပ...

ပိတောက်မှ သရဖီသို့ (တင်မိုး)

"ဥပုသ်သည်" ဥပုသ်စရပ်မှာ ယနေ့ အမေ ဥပုသ်စောင့်ပါသည်။ တရုပ်စကားပင်ရင်းတွင် အမေသည် မျက်စိမှိတ်၍ ပုတီးစိပ်နေပါသည်။ ဥပုသ်စရပ်ဆောင် အနီးတွင် တရုပ်စကားပင်များ ပေါက်ရောက် နေရာ တသင်းသင်းနှင့် ဖြစ်ပါသည်။  အမေသည် နိဗ္ဗာန်ကို အာရုံပြုပေလိမ့်မည်။ သံယောဇဉ်ကြီးကို တရားနှင့် ဖြတ်တောက်ရန် ဆင်ခြင် အားထုတ် ပေလိမ့်မည်။ အမေ၏ နှုတ်ဖျားတွင် အနိစ္စဒုက္ခအနတ္တဟူသော လက္ခဏာရေး သုံးပါးသည် ဆင်းချည်တက်ချည် ပြုနေပေလိမ့်မည်။ ဝါတွင်း ဥပုသ်နေ့တိုင်း အမေသည် ဤသို့ ပုတီးစိပ်မြဲ လက္ခဏာရေးသုံးပါး ဆင်ခြင်မြဲတည်း။  နေရီသောအခါ အမေ အိမ်ပြန်လာပြီ။ ကျောင်းသင်္ခဏ်းမှ အပြန် အမေ့ကိုယ်နံ့သည် ပန်းနံ့၊ သင်းလျက်ရှိသည်။ သူ့စိတ်သည် နိဗ္ဗာန်သို့ လျှောကာ််စင်၍ တက်ခဲ့ဟန်တူသည်။  အိမ်တွင် သားငယ် သမီးငယ်တို့သည် အမေ ခြေသံကို ကြားရသောအခါ ဝမ်းသာအားရ ခုန်ပေါက်ကြိုဆိုကြသည်။ တနေ့လုံး အမေ ကိုယ်နှင့် ဝေးခဲ့ရ၍ စိတ်နွမ်းနေရှာသော ကလေးငယ်တို့သည် အမေ့ပါးပြင်ကို ဖက်ရမ်း နမ်းရှုံ့ကြသည်။ အမေ၏ မျက်နှာသည် ပြုံးပြုံးကြီးနှင့် ကရုဏာရောင် သန်းနေလေ၏။  အထွေးဆုံးကလေးငယ်သည် အမေ့လက်မှ ပယင်းပုတီးကိုယူ၍ ဆွဲကြီးဆင်ကာ ကခုန်နေလေ၏။  "ကြင်နာခြင်း" မျက်လွှ...

စုန်တခါ ဆန်တလှည့်

  ဆရာဇော်ဂျီကဗျာတွေကို ပြန်လည်ထုတ်ဝေကြတယ်။ သတ်ပုံတွေကို တမင်တကာ ထင်ရာ ပြင်ထားကြတယ်။ ပြင်တာတွေမှာ (တ) ကို (တစ်) လုပ်တာအပြင် သွက်သွက်ခါမှားတောတွေလည်း ပါနေတယ်။ စုန်တခါ ဆန်တလှည့်ကို - စုန်တစ်ခါ ဆန်တစ်လှည့်က အမှားတမျိုး။ - ဆုန်တစ်ခါ ဆန်တစ်လှည့်က သွက်သွက်ခါမှား။ ဇော်ဂျီ ဗေဒါလမ်းကဗျာစုဆိုပြီး ထုတ်တာထဲမှာ အဲဒီ မဟာအမှားကြီး ပါနေတယ်။ မလုပ်ကောင်းပါ။ မလုပ်ကောင်းတာတွေ မလုပ်ကြစေလိုပါ။ ဗေဒါလမ်း (၂၅) မဗေဒါသောင်စပ်က၊ လှောင်တတ်ပေလေး။ ကျူရိုးသီ ပီပီတရားကို၊ ကြားချင်တဲ့လေး။ လှောင်ရက်ပေ့ မဗေဒါ။ ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ။ ချောင်းတလျှောက် ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။ ချောင်နပန်းရယ်နဲ့ အဟမ်းသံ ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။ ဟောမယ်လို့ ကြံလိုက်ယင်။ ငါ့ပီပီ မြည်မရ၊ အ ခဲ့ အခင်။ တက်ရေနဲ့ သက်ရေယဉ်၊ တသွင်သွင် အလှ။ ဘုတ်မ ပြီတီတီနဲ့ တအီအီ ဘယ်ဆီက၊ ငေးမိခါမှ။ မြည်ပြီတဲ့ သီပြီ။ ချောင်းသာယာ လတာဘေးက၊ တေးကောက်ခဲ့ပြီ။ ဒီချောင်းက ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။ စုန်တခါ ဆန်တလှည့်၊ တေးသံချိုနဲ့။ ။ (ဇော်ဂျီ) ဒေါက်တာတင့်ဆွေ ၁-၁၀-၂၀၁၉

ဖြတ် ဖျတ် ဖျက်

၁။ တောင်သုံးဆယ်  အစာဖျတ်ဆေးကြောင့်နဲ့ အရင်လိုပြန်စားနိုင်ပြီ (AThwe - စားချက်) အစာဖျတ်ဆိုတာ ဖျတ်လတ်သည်။ တဖျတ်ဖျတ်လက်သည်။ ဆေးဗူးမှာ အစာဖျက်ဆေး တဲ့။ ဖျက်ဆိုတာ ဖျက်ဆီးတာ။ ၂။ မင်္ဂလာပါဆရာရှင့် သမီးကိုယ်ဝန်တားဆေးထိုးတာ ၁နှစ်ကျော်ကြာခဲ့ပါတယ်ရှင့် အခုဖျက်လိုက်တာ ကလေး အမြန်ရချင်ပါတယ်ရှင့် အသက် မသိ။ ရာသီ မသိ။ ဖျက်လိုက်ဆိုတာ ကိုယ်ဝန်ဖျက်တာ၊ ရေးပြီးသားကိုဖျက်တာ။ ဆေးမသောက်တော့တာကို ဖြတ်လိုက်လို့ ရေးရ။ ၃။ ဆရာ ကျွန်မအသက်က ၂၀ ပါ။ အိမ်ထောင်ကျတာ ၂ နှစ်ပြည့်တော့မယ်။ ဆေးဖျက်ထားတာ ၄လပိုင်းကပါ။ လတိုင်း ရာသီလာပါတယ်။  ၄။ အသက်က ၂၀။ ဆေးဖျက်ထားတာ ၄လရှိပြီ။ ယခု ရာသီလာရင်း အသားစပါလာပါတယ်။  အရင်တကြိမ်မှာ မပြင်လိုက်ပါ။ မေးခွန်းတွေထဲမှာ ထပ်တွေ့လို့  ဆေးဖြတ်လို့ ရေးရတယ်။ ဖျတ် မဟုတ်ပါ။ ၅။ အခုဆေးက ဒီလ ၁၁ ရက်နေ့မှာ ၂၈ လုံးကုန်ပါပြီဆရာ။ ကျွန်မနဲ့ သူနဲ့က ပြန်တွေ့မှာဆိုတော့ ဆေးဖျက်ထားချင်ပါတယ်ဆရာ။ ၆။ ဆရာ သမီးအသက် ၂၂ ပါ။ အိမ်ထောင်သက်တမ်း ၄ လရှိပြီ။ ပထမ ၂ လက ဆေးသောက်ပါတယ်။ နောက် ၂ လကို ဆေးဖျက်ထားတာ ခုထိကလေးမရသေးပါဘူးဆရာ။ ၇။ အသက် ၂၇၊ အမျိုးသမီး ကိုယ်ဝန်ယူဖို့ ဆေးဖျက်ထားတာပါရှင်။ ဘာအားဆေးတွေသောက်သင့်လဲ။ မေးန...

တစေ့တစောင်း

တဇေ့တဇောင်း လို့ မှတ်ဖူးပါတယ်နော်၊ ဘယ်ဟာ အမှန်လဲ မသိ တဇေ့တဇောင်း - မှား။ တစ်စေ့တစောင်း - မှား။ တစေ့တစ်စောင်း - မှား။ တစ်စေ့တစ်စောင်း - နှစ်ခါပြန်မှား။ တစေ့တစောင်း = တည့်တည့်မဟုတ်။ တိုက်ရိုက်မဟုတ်။ မသိမသာ။ မိဘတိုင်းဟာကိုယ့်သားသမီးစိတ်ထဲဘာတွေရှိနေလဲလို့ တစေ့တစောင်းလေ့လာရတာပေါ့။ Mindfulness အကြောင်းကို အချက်အလက်တွေ ပြည့်ပြာ့်စုံစုံနဲ့ သိခွင့်ရတဲ့ စာအုပ် ကမ္ဘာစာပေ တစေ့တစောင်း ရေးသားသူ - နတ်နွယ် တစေ့တစောင်း သူ့အကြောင်း တရုတ်ကွန်မြူနစ်ပါတီအကြောင်း တစေ့တစောင်း - သစ္စာနီ တောင်ငူမြို့မှ ဒူးရင်းသီးအကြောင်းတစေ့တစောင်း ဒဂုန်ခင်ခင်လေး အကြောင်း တစေ့တစောင်း ဒူဘိုင်းအကြောင်းတစေ့တစောင်း နာဂတောင်တန်း တစေ့တစောင်း (လူထုဦးလှ) ပရကထာ : တစေ့တစောင်း စာရေးဆရာအကြောင်း ဘဝဖြောင့်ကြောင်း တစေ့တစောင်း ဘဝအကြောင်း တစေ့တစောင်း ရန်ကုန်မြို့အကြောင်း တစေ့တစောင်း" လေ့လာစရာ ဆလုံတို့အကြောင်း တစေ့တစောင်း – နယ်ခြားမောင် သူတို့ဘဝ သူတို့အကြောင်း တစေ့တစောင်း တရားတော် - ပါမောက္ခချုပ် ဆရာတော် သူမအကြောင်း တစေ့တစောင်း-သိမ်း အင်းပညာအကြောင်း_တစေ့တစောင်းဆရာဇေယျာလင်း “လုံးချင်းဝတ္ထုများ ကျဆုံးရခြင်းအကြောင်း တစေ့တစောင်း လေ့လာချက်” လင်...

လျင် လျှင်

၁။ လျှင် နှင့် လျင် ဘယ်ဟာ အမှန်လဲဆရာ။ အသုံးပြုပုံလေး နားလည်လွယ်အောင် ရှင်းပြပေးပါလား။ ၂။ လျင်လျင် ဆိုတာ များများ ဆိုတဲ့အဓိပ္ပါယ်လား ဆရာ။ ၃။ ဆရာရှင့် မင်္ဂလာပါ လျှင် နဲ့ လျင် ကိုမေးချင်လို့ပါ တစ်ခုခု(တခုခု)ကို ပြောမ ကောက်လျင် ငလျင်တော်လည်း ငလျင်လှုပ်သည် ဆောလျင်စွာ နှမ်းလျင် ပြောင်းလျင် ပဲလျင် မြေငလျင် လျင်ခုပ် လျင်ဆော လျင်မြန် လျင်လျား လွန်းလျင်သွား၊ (ယက်ကန်းကိရိယာ) သံလျင်မြို့ သူဇာပျို့တွင် ‘ကျွန်မအလျင်၊ ရောက်ဦးလျှင်မူ၊ သေရှင်မညှာ’ ယိုးဒယားမိဖုရားဧချင်းတွင် ‘နင်းလေနတ်ခွင်၊ ခန္ဓာလျင်က၊ ဘွားလျှင်သားချင်း’ အလျင်စလို အလျင်နှစ်က အလျင်လို လမ်းအိုလိုက် အိုးတလုံးလျှင် လေးကျပ်ပေးရသည် လျှင် ကျွန်ုပ် ထီပေါက်ခဲ့လျှင် ကူညီနိုင်လျှင် ဆိုလျှင် တလလျှင် ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ နှုတ်ကြီးလျှင် သူခွာ၊ လက်ကြီးလျှင် သူလာ (ဆိုရိုးစကား) ပြောလျှင် မိုးတွေရွာမှဖြင့်လျှင်ကွယ် (တက္ကသိုလ်ဘုန်းနိုင်) မိုးဦးကာလ ချောင်းကျပြီဆိုလျှင် လာလျှင် သွားလျှင် သူပေးလျှင် ငါစားမည် အချိန်ရှိလျှင် အိပ်ရာထနောက်ကျလျှင် လျင် လျှင် ရင် ယင် https://burmese-spelling.blogspot.com/2024/09/blog-post_8.html ဒေါက်...