မြန်မာစာသတ်ပုံစာအုပ်တွေ ကျမ်းတွေမှာ ဗျည်းအက္ခရာတိုင်းမှာ ဗျည်းတွဲသင်္ကေတတွေ၊ အသတ်တွေကို အစီအစဉ်တကျ ရေးပါတယ်။ သတ်ပုံကျမ်းတခုနဲ့တခုတော့ အစီအစဉ် မတူတတ်ပါ။ ဥပမာ
ဦးသာမြတ်သတ်ပုံကျမ်းမှာ -
က၊ ကာ၊ ကား၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကူး စသည်။
ကဝိဓဇသတ်ပုံကျမ်းမှာ -
က၊ ကာ၊ ကိ၊ ကီ၊ ကေ၊ ကယ် စသည်။
မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁ စက်တင်ဘာလ) ထုတ်မှာ -
က၊ ကာ၊ ကား၊ကိ၊ ကီ၊ ကီး၊ကု၊ ကူ၊ ကူး၊ ကေ၊ ကဲ၊ ကဲ့၊ ကော စသည်။
အခုစာမှာတင်ပြလိုတာက (ဒ) အက္ခရာ။
မြန်မာစာအဖွဲ့ထုတ် မြန်မာအဘိဓာန် (၁၉၉၁ စက်တင်ဘာလ) ထုတ်မှာ -
ဒ၊ ဒါ ပြီးတော့ ဒါး မပါတော့ဘဲ ဒိ လာတယ်။ ဒါး စာလုံးကို မထည့်တာ ဘာကြောင့်လဲ။ ကျွန်တော်သံသယရှိတာ တခုရှိတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းစက ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ဗိုလ်နေဝင်းက ဒါး ဒါးချင်း၊ လှံ လှံချင်း ဆိုင်ဘို့သာ ရှိတယ်လို့ ပြောစကား ၉-၇-၁၉၆၂ နေ့ထုတ် ရန်ကုန်သတင်းစာမျက်နှာဖုံးမှာ ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒါးကြိမ်း မကြိမ်းသလို သမိုင်းကို ဖျောက်လိုသလား ထင်နေတယ်။
သတ်ပုံစာအုပ်သစ်ထုတ်ပြီးတော့ နီးရာဓါးကြောက်နေသူတွေက ရှိသမျှဒါးစာလုံးတွေကို ဓားလို့သာ ပြင်ရေးလာကြတယ်။ ဓားကိုလည်း ဓါးလို့ရေးရင် မှားတယ်ထင်နေကြတယ်။ အခုတော့ နီးရာဒါး မရှိတော့ပမဲ့ ဝေးရာဒါးကြောက်နေကြသူတွေက ၉၅% လောက်ရှိတယ်။
မြန်မာစာ သတ်ပုံတွေ မှားလာခြင်းဟာ အကြောက်တရားကြောင့် ဖြစ်တယ်။ အမှန်ကို သိလာလည်း မပြင်ရဲကြပါ။
ဒေါက်တာတင့်ဆွေ
.jpg)

Comments
Post a Comment