Skip to main content

ပျို့မှတ်တမ်း

နွဲ့နွဲ့စန်း၏ တပုဒ်တည်းသော ရောင်းတန်းဓာတ်ပြားသီချင်းမို့  မှတ်တမ်းတင်ကျန်ရှိစေလိုသော စေတနာသက်သက်ဖြင့် တင်ဆက်ပါသည်။ (ရေဒီယိုချိုတေးသံနားဆင်ကြမယ်)
https://www.facebook.com/100086777673875/videos/860941365577997?idorvanity=1837266772968942
ပျို့မှတ်တမ်း
ရေး - မြို့မငြိမ်း
ဆို - နွဲ့နွဲ့စမ်း
စက္ခုရူပေ အများနဲ့မတူပဲလေ
မြင်မြင်ချင်းမျက်စိထဲမှာ
စွဲလန်းအရိပ်ထင်
သူ့ကိုအလွန်ပင်ခင်မင်မိတော့ပေ
စက္ခုရူပေ အများနဲ့မတူပဲလေ
မြင်မြင်ချင်းမျက်စိထဲမှာ
စွဲလန်းအရိပ်ထင်
သူ့ကိုအလွန်ပင်ခင်မင်မိတော့ပေ
သူရော ကိုယ်ရော
အကြည့်ချင်းဆုံကာနေ
သူလဲချစ်မယ် ကိုယ်လဲချစ်မယ်
သူလဲချစ်မှာဘဲလို့နေ
အသည်းဝယ်မှတ်တမ်း
ချစ်ခန်းတင်ကိုတင်မယ်လေ
စက္ခုရူပေ အများနဲ့မတူပဲလေ
မြင်မြင်ချင်းမျက်စိထဲမှာ
စွဲလန်းအရိပ်ထင်
သူ့ကိုအလွန်ပင်ခင်မင်မိတော့ပေ
သူရော ကိုယ်ရော
အကြည့်ချင်းဆုံကာနေ
သူလဲချစ်မယ် ကိုယ်လဲချစ်မယ်
သူလဲချစ်မှာဘဲလို့နေ
အသည်းဝယ်မှတ်တမ်း
ချစ်ခန်းတင်ကိုတင်မယ်လေ
တဦးမေတ္တာတဦးမှာဆိုပေ
သို့သော်လဲရှင်စောင့်စည်းတဲ့အနေ
ရွှေရွှေငွေငွေပေးမရတဲ့မိန်းမဣန္ဒြေ
တဦးမေတ္တာတဦးမှာဆိုပေ
သို့သော်လဲရှင်စောင့်စည်းတဲ့အနေ
ရွှေရွှေငွေငွေပေးမရတဲ့မိန်းမဣန္ဒြေ
သူကတော့ယောက်ျားသားမို့လေ
အချစ်ကိုဖွင့်ဆိုနိုင်ပေ
နှစ်ယောက်ထဲတွေ့လဲနေနိုင်အားလို့နေ
အချစ်စကားရေငုံထားပါလို့နေ
ပျို့မှတ်တမ်းတင်
ရေးပါရဆုတောင်းကဗျာတွေ
မိဘပေးစား ဒီလူကြီးဇနီးရပါစေ
သမာဓိခိုင်ခိုင်ထားတော့
ဈာန်ပျံရှင်ရေ
မူရာပွေတဲ့သူရေ
မြင်းမလှုပ်ခုံလှုပ်တော့လေ
မအစွမ်း မသိတမ်းပြုနေနိုင်အောင်နေ
တုံဏှိဘာဝေ
သမာဓိခိုင်ခိုင်ထားတော့
ဈာန်ပျံရှင်ရေ
မူရာပွေတဲ့သူရေ
မြင်းမလှုပ်ခုံလှုပ်တော့လေ
မ အစွမ်း မသိတမ်းပြုနေနိုင်အောင်နေ
တုံဏှိဘာဝေ
ရှက်တော့ရှက်သား လူရိုးပေါ့လေ
အိမ်ခေါင်မိုးအိမ်ခေါင်မိုး
ရွှေလရောင်ထိုးချိန်မှာ
ပုဆိုးပိုက်ကာစောင်ပိုက်ကာ
လိုက်ပါရစေရှင်
ရွှေနွယ်ရိုးရယ်
မိန်းမက ခိုးသာပါဘူးလေ
မှတ်တမ်းချစ်သည်းအမြဲတင်မှာတွေ
သမာဓိခိုင်ခိုင်ထားတော့
ဈာန်ပျံရှင်ရေ
မူရာပွေတဲ့သူရေ
မြင်းမလှုပ်ခုံလှုပ်တော့လေ
မ အစွမ်းမသိတမ်းပြုနေနိုင်အောင်နေ
တုံဏှိဘာဝေ
ရှက်တော့ရှက်သား လူရိုးပေါ့လေ
အိမ်ခေါင်မိုးအိမ်ခေါင်မိုး
ရွှေလရောင်ထိုးချိန်မှာ
ပုဆိုးပိုက်ကာစောင်ပိုက်ကာ
လိုက်ပါရစေရှင်
ရွှေနွယ်ရိုးရယ်
မိန်းမက ခိုးသာပါဘူးလေ
မှတ်တမ်းချစ်သည်းအမြဲတင်မှာတွေ
တဦးမေတ္တာတဦးမှာဆိုပေ
သို့သော်လဲရှင်စောင့်စည်းတဲ့အနေ
ရွှေရွှေငွေငွေပေးမရတဲ့မိန်းမဣန္ဒြေ
သူကတော့ယောက်ျားသားမို့လေ
အချစ်ကိုဖွင့်ဆိုနိုင်ပေ
နှစ်ယောက်ထဲတွေ့လဲနေနိုင်အားလို့နေ
အချစ်စကားရေငုံထားပါလို့နေ
ပျို့မှတ်တမ်းတင်
ရေးပါရဆုတောင်းကဗျာတွေ
မိဘပေးစား ဒီလူကြီးဇနီးရပါစေ။   ။
မာမာအေး https://www.facebook.com/1264372627/videos/oa.1336837220456791/1498068337301952
ပျို့မှတ်တမ်း - လေဘာတီမမြရင်
ပျို့မှာတမ်း - မေရှင်
ပျို့မှာတမ်း - ပျို့မှတ်တမ်း https://dr-tint-swe.blogspot.com/2021/10/blog-post_213.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ