၂။ ငွေတကျပ်မှာ၊ ရွေးပေါင်းပါ၊ တရာနှစ်ဆယ်ရ။
၃။ ငွေတကျပ်ကို၊ ဆယ်မူးဆို၊ အိုအောင်မှတ်ကုန်ကြ။
၄။ ငွေတကျပ်မှာ၊ လေးမတ်သာ၊ သင်္ချာဂဏန်းပြ။
၅။ ငွေတကျပ်ဝယ်၊ ပဲနှစ်ဆယ်၊ မှတ်ဘွယ်ယွင်းမခွ။
၆။ ငွေတမတ်ကို၊ ငါးပဲဆို၊ မပို မသာရ။
၇။ ငွေတမတ်ဝယ်၊ ရွေးသုံးဆယ်၊ သိလွယ်ရှိနိုင်မျှ။ (ရှေးဆရာ)
ပုဂံဦးတင်က ကဗျာဗန္ဓသာရကျမ်းတွင် အောက်ပါအတိုင်း ဆို၏။
ရေးသားလျက်ရှိသော စာလုံးကို ဖတ်သည့်အခါ စာလုံးအပိုင်းအစကို ချန်ခဲ့ရသေးသည်။ ဥပမာကား တရာ, တထောင်, တသောင်း, တသိန်း စသည်ကို တ-အက္ခရာ မပါစေပဲး ရာ, ထောင်, သောင်း, သိန်း ဟူ၍့၎င်း၊
"အနောက် အရှေ့" စသည်ကို "အ" အက္ခရာ မပါစေပဲး "ရှေ့ဝင်း, နောက်ဝင်း, ရှေ့ရုံး, နောက်ရုံး" ဟူ၍့၎င်း လိုက်နာနည်းများကို ဆိုလိုသည်။
ကောက်ချက် - ဦးတင် က, "အရှေ့" မှ "ရှေ့" သို့ စာချန်ဖတ်နည်းအရ အသံ ပြောင်းလဲဖြစ်လာသည်။ အသံ အနက် အသုံး အားလုံးတူသည်ဟု ဆိုလိုသည်။ (ရှေးစာကဗျာများ)
ဒေါက်တာတင့်ဆွေ
Comments
Post a Comment