Skip to main content

ဟုတ်လဲ မဟုတ်ပဲနဲ့

လွှမ်းမိုး

ထမင်းချမ်းကျွေးမယ် တသက်လုံးလဲ ပြုစုမယ်တဲ့ ဟုတ်လဲ မဟုတ်ပဲနဲ့

တမင်နမ်းပါ့မယ် ကိုယ်ရေချိုးဖို့ အားလုံးအသင့်ဖြစ်အောင် တသက်လုံးလုပ်ပေးမယ်တဲ့ ဟုတ်လဲ မဟုတ်ပဲနဲ့

တသက်လုံး အမြဲဂရုစိုက်မယ်တဲ့ ဟုတ်လဲ မဟုတ်ပဲနဲ့

ခေတ်သတ်ပုံဖေါ်မြူလာအရဆိုရင် 

(တစ်)သက်လုံး တဲ့။

(တစ်)မင် တဲ့။

ဟုတ်လဲ မဟုတ်(ဘဲ)နဲ့ တဲ့။ ဟုတ်လဲ မဟုတ်ပဲနဲ့။ ပျက်ရော။ ဆိုကြည့်ကြပါလေ။

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments