ဦးဘမှာ ကျောင်းထားရတဲ့သားသမီးရှိလျှင် ကျောင်းမှာ တဝမ်းပူသတ်ပုံတွေကို အမှန်အတိုင်း မရေးစေပါနှင့်။
ဒေါ်လှက အရောင်းအဝယ်လုပ်လျှင် ကြော်ငြာစာမှာ တဝမ်းပူသတ်ပုံတွေကို အမှန်အတိုင်း မရေးပါနှင့်။
ကိုမြ ဘဏ်မှာငွေသွင်းငွေထုတ်လုပ်ပါက ချက်လက်မှတ်ပေါ်မှာ တဝမ်းပူသတ်ပုံတွေကို အမှန်အတိုင်း မရေးပါနှင့်။
မအဝှာ မာစတာ စာတမ်းတင်တဲ့အခါ တဝမ်းပူသတ်ပုံတွေကို အမှန်အတိုင်း မရေးပါနှင့်။
မောင်မှန် ရုံးမှာ ခွင့်စာတိုင်ပါလျှင် တဝမ်းပူသတ်ပုံတွေကို အမှန်အတိုင်း မရေးပါနှင့်။
စာအုပ်တိုက်ပိုင်ရှင် ဦးတစ်ချင်နှင် ဒေါ်တစ်ခင်တို့ခင်ဗျား စာအုပ်ကောင်းတွေကို ပြန်ထုတ်တဲ့အခါ မူရင်းအမှတ်တဝမ်းပူတွေကို စသတ်ဘို့ မမေ့ကြစေလိုပါ။
ဦးကကြီးနှင့် ဒေါ်ခခွေး တို့ခင်ဗျား ကင်ဆာအကြောင်းသိလိုလျှင် ဆရာဝန်ကို မမေးပါနဲ့။ ဖေ့စ်ဘွတ်ကိုသာ မေးကြစေလိုပါသည်။
ကိုဂငယ်နှင် မဃကြီးတို့ခင်ဗျား ကင်ဆာဖြစ်နေပါလျှင် (လွဲပါစေ ပယ်ပါစေ) ကာကွယ်နည်းနဲ့ ကုသနည်းကို မမေးကြဘဲ အစားအသောက်ကိုသာ မေးကြစေလိုပါသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment