• ဒေါ်ဖွားချစ် ချင်းရိုးရာလက်ယက်ထည် လက်လီ/လက်ကား
လက်ရက်လို့ ရေးရတယ်။
• ဂျတ်ခုတ် (ယပ်ခုတ်) အထည် ယက်နေပုံလေး
ဂျပ်ခုတ်လို့ ရေးရတယ်။
• ဂျုတ်ခုတ်ပတ်ထဘီတွေ ရောက်ပါတယ်ရှင့်
ဂျပ်ခုတ်လို့ ရေးရတယ်။
• မဟေသီ အနံလွန် ၃ ကိုက်ဝမ်းဆက် ထမိန်အနံလွန် ၂ ကိုက်
ထဘီလို့ရေးတာက ပိုမှန်တယ်။
• ထမီ၂ကိုက်+အင်္ကျီစတကိုက်တထွာ-ပုံမှန်အနံပါ
ထဘီလို့ရေးတာက ပိုမှန်တယ်။ တကိုက်တထွာလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။
• နဂါးမောက်ရောင်လေး နှစ်တရာချည် တိုင် ဖောက် နဲ့ခတ်တော့ ကချင်မှာ အမြင့်ဆုံးချည်နော်
နှစ်တရာချည်လို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။
• ဒါးကြီးပါတိတ် ၃မီတာ (၃ကိုက် ၁မိုက်)
ဒါးကြီးလို့ ရေးတာမှန်။ ကွန်ဂရက်ကျူလေးရှင်း။
• ပွဲတတ်ချိတ်
ပွဲတက်ချိတ်လို့ ရေးရတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment