မေမေက အူမကြီးကင်ဆာ အဆင့် ၃ ခွဲစိတ်တာက 90% margin clear ဖြစ်သွားပြီတဲ့ ဆေးသွင်းရမာ(မှာ)ကို ဆေးရုံကြီးမှာ သွင်းရမလား ညိမ်းမှာ သွင်းရမလား မဝေခွဲတက်(တတ်)လို့ အကြံပေးကြပါဦးနော်
- မှာ လို့ရေးရမှာကို မာ လို့ရေးသူအများစုဟာ ကင်ဆာနဲ့ ဆက်စပ်နေတယ်။
- တက်နဲ့ တတ် မှားရေးတာတွေကတော့ ကင်ဆာနေရာတွေမှာရော တခြားနေရာတွေမှာပါ တွေ့တယ်။ ကူးစက်ရောဂါတမျိုးဖြစ်တယ်။
1. နားနောက်မာ(မှာ) အကျိတ်ဖုအမာခဲသေးသေးလေးပေါက်နေပါတယ် တခါမှမဖစ်(ဖြစ်)ဘူးလို့ ကင်ဆာကြိတ်ဖစ်မာ(ဖြစ်မှာ) ကြောက်ပါတယ် ဘာလုပ်ရမလဲ သိတဲ့သူများပြောကြပါအုံး
2. Tramadol သောက်ဆေး ဘယ်မာ(မှာ)ဝယ်လို့ရမလဲ
3. ဆရာ စအိုမာ(မှာ) လက်တဆင့် (တဆစ်) အနာပေါက်နေပါတယ် နာနေပါတယ် ဘာဆေးလိမ်းရမလဲ သိချင်လို့ပါ မနှစ်ကလည်း တခါဖြစ်ပြီးပါပြီဖြေပေးပါနော်
4. ဆရာ မင်္ဂလာပါရှင့် သအိမ်(သားအိမ်) မာ(မှာ) ရေအိပ် (ရေအိတ်) ရှိတာ စိုးရိမ်ရလား နှစ်ဖက်လုံးဆ်ိုတော့ ဘာလုပ်ရမလဲဆရာ
5. ဆရာပါးစပ်ထဲမာ(မှာ) သွေးစက်ကလေးတေ (တွေ) အမြဲတမ်းထွက်တယ်ဆရာ အဲဒီအကြောင်းလေး သိချင်လို့ပါဆရာ
6. ဆရာရှင့် ကျွန်မ အဖေဂ (အဖေက) အသက် ၅၈ပါရှင့် ကျောက်ကပ်မာ (မှာ) ကျောက်တည်နေလို့ရှင် ခွဲစိတ်ရင် အဆင်ပြေမလား ချေဖျက်ရင် အဆင်ပြေမလားရှင် လွန်ခဲ့သော ၂နှစ်ခန့်ဂ(ခန့်က) ဆီးအိမ်မာ(မှာ) ကျောက်တည်လို့ တခါ ခွဲစိတ်ဖူးပြီးပြီရှင် နဲနဲပြောပြပေးပါရှင်ဆရာ
7. ဆရာရှင့် ဆီးပိုးလှောင်တာ(လောင်တာ)တွက်အဖြေထွက်လာပီ(ပြီ) အခြေနေအဆင်ပြေမပြေ ကြည့်ပေးပါဆရာ အန္တရာယ်ရှိနိုင်လား
8. ဆရာရှင့် တင်ပါးအရိုးမာ(မှာ) ကပ်နေတဲ့ရေအိတ်လိုအရာမျိုး ရောင်နေတယ်ပြောပါတယ်ဆရာ ဘာလုပ်ရမလဲ
9. ဆရာရှင့် တားဆေး Depo ထိုးပြီးရင် အာ့သုံးလအတွင်း ကလေးမရနိုင်တာသေချာပါသလားရှင့် ကျွန်မက အခုအစထိုးရမာ(မှာ) မို့ပါ အလုပ်တေ(တွေ)ကြောင့် ကလေးမလိုချင်သေးလို့ပါရှင့် ဖြေပေးပါဦး သုံးလပြီးရင်တော့ ကလေးယူတော့မာ(မှာ) ပါ တားဆေးသုံးလို့ဆိုးကျိူးတေ(တွေ) ကရော ဘာဖြစ်တတ်ပါသလဲ
10. ဆရာရှင့် သမီး လူအများအလယ်ထွက်တဲ့အခါတွေမှာ stage တွေပေါ်မာ (မှာ) တက်ရတော့မယ် အခါတွေမာ(မှာ) မတက်ခင်မာ(မှာ) လဲ ဆောက်တည်ရာမရ တွေ ဖစ် ဖြစ်)(ဖြစ်) စိတ်နက်(စိတ်နဲ့) လူနက် (လူနဲ့) မကပ် ဘယ်လိုမှထိန်းချုပ်လို့မရဘူး state (stage) ပေါ် ရောက်တဲ့အခါတွေမာ(မှာ) လဲ တလွဲတွေ ဖစ်(ဖြစ်) နက်(နဲ့) ကိုယ်ကိုကိုယ်(ကိုယ့်ကိုယ်ကို) မကျေနပ်နိုင်ဖစ်(ဖြစ်)ရပါတယ် အရမ်းစိုးရိပ်စိတ်တွေ လွန်ကဲပါတယ်ဆရာ ခြေဖျားလက်ဖျားတွေ အေးစက်လာပီး(ပြီး) တော့ ရင်တွေတုန် ဖစ်(ဖြစ်) ရပါတယ်ဆရာ သမီးအနေနက်(နဲ့) စိတ်ငြိမ်ဆေး သောက်သင့်လားရှင့် သောက်ရမယ်ဆိုရင်လဲ ဘယ်လိုဆေးကို သောက်သင့်ပါသလဲရှင့် အကြံပြုစေလိုပါတယ်ရှင့်
11. ဆရာရှင့် သမီးလေး ၁နစ် ၄လပါ။ မျက်စိမာ(မှာ) အောက်စလေးကိုထိခိုက်မိပြီး မျက်သားအဖြူလေးမာ (မှာ) မျက်သားအနီလေး ထသွားပါတယ်ရှင့် ဘာလုပ်ပေးရမလည်းရှင့်
12. ဆရာရှင့် အသက် ၂၁နှစ် မိန်းကလေးပါ နှာခေါင်းနဲ့နဖူးမာ(မှာ) အဖုလေးတေ (တွေ) ထွက်ပါတယ် အသားအရေက အဆီလဲပြန်တယ် ဘလို(ဘယ်လို) လိမ်းဆေးသုံးပြီး ဘလို(ဘယ်လို) ပျောက်အောင် လုပ်ရမလဲဆရာ ဖြေပေးပါရှင့်
13. ကျနော် အသက် ၃၀ နှစ်အရွယ် အိမ်ထောင်သည်ပါခင်ဗျာ ဦးခေါင်းမာ(မှာ) အရေးပြားပွေးတက်နာ သို့မဟုတ် မှိုနာတွေ ဖြစ်နေတာ ၂နှစ်လောက်ရှိပြီခင်ဗျာ
14. ဆရာရှင့် အသက်က ၂၁ပြည့်ပြီးပါပြီ ၃လခံဆေးထိုးထားတာ 25,3,19 နေ့တွေမာ(မှာ) ပြည့်သွားပါတယ်
15. ဆရာရှင့် အသက်က ၂၅ ပါဆရာ ဆီးလမ်းကြောင်းပိုးဝင်တာက ဆီးမာ(မှာ) အဖြူဖတ်လေးအမြဲပါတယ် တစ်ခါတလေ(တခါတလေ) မ (မှ) ပါတာမို ဆီးတော့ မအောင့်ဘူး ဘာဆေးစွဲသောက်သင့်လည်းဆရာ အပေါ်မာ(မှာ) ပြထားသလို ဆီးပိုးမွေးတဲ့အဖြေမာ(မှာ)လည်း ဆရာပြောသလို ဆီးလမ်းကြောင်းပိုးဝင်တာမို ဆေးစွဲသောက်ရမယ့် နာမည်လေးပေးပါဆရာ
16. ဆရာရှင့် အိမ်မာ(မှာ) ရေကျောက်ပေါက်နေတဲ့ကလေးရှိပါတယ်ရှင့် ရန်ကုန်မာ(မှာ) နေပြီး အိမ်ကို လာနေတုန်းဖြစ်လာတာပါရှင့်
17. ဆေးချို ရောဂါမာ (မှာ) Metfomin 500 500 mg သောက်နေတာ
18. ညီမ အမေက အူမကြီးမာ(မှာ) ကင်ဆာအကြိတ်(အကျိတ်) တွေ့လို့ခွဲထားပါတယ်ရှင့် အခုခွဲပီး (ပြီး) ဆေးသွင်းရမာ(မှာ) ပါရှင့်
19. ထိုင်းမာ (မှာ) တခု ၅ ဘတ်
20. ဒီဆေး ဈေးနှုန်းလေးသိချင်လို့ပါရှင့် ရန်ကုန်မာ(မှာ) ကုမ္မဏီတိုက်ရိုက်ဝယ်ရလားသိချင်ပါရှင့်
21. ဖတ်လို့ရတဲ့သူက လျော့လာမာ(မှာ) ပါ
22. ဖြစ်တာက ချုပ်ရိုးပေါ်မာ(မှာ) အသားပိုဖြစ်နေတာ လုပ်ရမလွယ်ဘူးဆိုလို့ပါ သိလိုတာက ဘယ်လို ဖြေရှင်းရမလဲ သိပါရစေ ဆရာရှင့်
23. မင်္ဂလာပါ ဆရာ သမီးမေးစရာရှိလို့ပါ ဆရာ လည်ပင်းမာ(မှာ) အကျိတ် ထွက်လာလို့ပါ ဘယ်ဘက် အလည်(အလယ်) မာ(မှာ) အကျိတ် ထွက်လာတာပါ နာလဲနာတယ် ဆရာ ဘာဖြစ်တာလဲ ပြောပြပေးပါဆရာ အရမ်းစိတ်ပူနေလို့ပါ သမီးအသက်က ၂၅နှစ်ဆရာ အကျိတ်ကို ဒီနေ့မှ စစမ်းမိတာပါဆရာ
24. ကျမအသက်က ၃၀ ပါ ကိုယ်ဝန်က ၅လထဲမာ(မှာ) ပါ
25. မင်္ဂလာပါဆရာ ကျမသည်လမာ(မှာ) ဆေးစစ်လိုက်တဲ့အဖြေပါ ကျမကလည်ပင်းအကျိတ်က ကြီးမကြီး မေးတော့ အရင်အတိုင်းဘဲ အပြောင်းအလဲသိတ်(သိပ်) မရှိဘူး ဘာမမဖြစ်ဘူးလို့ပြောပြီး ပုံထုတ်ပေး လိုက်ပါတယ် ကျမရဲ့ရောဂါ အခြေအနေကို ပြောပြပေးပါအုံးဆရာရှင့် ဟော်မုန်းဆေး သောက်တာ သုံးနှစ်ကျော်ပါပြီ ဆရာ ကျမဘယ်လို နေထိုင် စားသောက်သင့်ပြီး လုပ်သင့်ကြောင်း ပြောပြပေးပါအုံးဆရာ လူက အမြဲလိုလို ပင်ပန်းနွမ်းနယ် အားမရှိဖြစ်နေပါတယ်
26. မင်္ဂလာပါဆရာ ရောဂါတခုခံစားနေရလို့ပါ လက်တွေမာ(မှာ) အဖြူစက်လေးတွေပေါက်လာလို့ အဲဒါ ဘါဆေးတွေ သောက်ရင်ကောင်းမလဲ သိချင်လို့ပါ
27. မန်းလေးမှာ ကင်ဆာ ဌာနက ဆရာဝန်တေ(တွေ)က စနေ တနဂ်နွေ (တနင်္ဂနွေ)ဆိုမကြည့်ဘူးလားဗျ
28. လားရှိုးမာ (မှာ) အရေပြားအထူးကုဆေးခန်း ဘယ်နားစိ(ရှိ) လဲရှင့်
29. လူနာတွေမာ(မှာ) သူတို့မျက်နာမာ(မှာ) လိမ်းတဲ့ဆေး (မာပါတဲ့ရောဂါဆိုတာ Scleroderma စကယ်လရိုဒါးမား အရေပြားမာတဲ့ရောဂါကို ခေါ်တယ်။)
30. ဟုတ်ကဲ့ပါရှင့် မာ(မှာ) အောက်မှာ တချောင်းငင်ထည့်ရင် keyboard ပြောင်းနေရလို့ရှင့် အမြန် ရေးလိုက်တာရှင့် ကျေးဇူးပါရှင့် သိပါတယ်ဆရာ တေနဲ့တွေက အမြန်ရေးလိုက်မိတာပါ အောက်က ဝဆွဲထည့်နေရင် ကြာမာ(မှာ) စိုးလို့ပါရှင့် ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူး ထွက်ထားတာပါရှင့် ထောက်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
31. အရေပြားမာ(မှာ) အနီစက်တွေထနေလို့ပါ လည်ပင်းနဲ့ပုခုံးမာ(မှာ) ပါ မိန်းခလေးပါ အသက်က ၁၈နှစ်ပါ
32. Fentanyl patch ဒါဘယ်မာ(မှာ) ဝယ်လို့ရနိုင်ပါမလဲ
33. ကျွန်တော် ပီး(ပြီး)ခဲ့တဲ့ ၅လတုန်းက ဒူးမာ(မှာ) ကင်ဆာဖြစ်လို့ဖြတ်လိုက်ရပါတယ် ဖြတ်ပီး(ပြီး) ဆေးတကြိမ်ပဲ သွင်းပါတယ် အခုကျွန်တော်ပေါင်ကြွက်သားတွေအားယုတ်ကုန်ပီး(ပြီး) ပေါင်က သေးပီး(ပြီး) ပျော့ပျော့ကြီးဖစ်(ဖြစ်)နေပါတယ် မဖြတ်ခင်တုန်းက ဒူးတအားကိုက်လို့ ကြွက်သား အားယုတ်ကုန်ရတာလားမသိဘူးဗျာ ကြွက်သားအားကောင်းလာအောင် ဘယ်လိုလုပ်ရမာလဲ ကင်ဆဲလ်ကို သေစေနိုင်တဲ့စေရော သောက်ရမာ(မှာ)လား ကျေးဇူးပြု၍အကြံပေးကြပါဦးဗျာ
34. ကျား ၂၂နှစ် ခင်ဗျ ကျွန်တော့်မေးစေ့ညာဘက်ထောင့်လေးမာ(မှာ) အကျိတ် သေးသေးလေး စမ်းမိလို့ လှုပ်လို့လဲရတယ် စမ်းကြည့်တော့ ဘာဖစ်(ဖြစ်) လို့လဲမသိဘူး အကြံဉာဏ်လေးပေးပါဦး ဘာတေ (တွေ) လုပ်သင့်လဲ လေးစားလျက်
35. ဆရာ ကန်တော့ပါရှင့် မရိုမသေလေးဖြစ်မိသွားရင် နားနဲ့မနာဖဝါးနဲ့နာပါရှင့် မိန်းမကိုယ်မာ(မှာ) ဖြစ်တာပါ လိုင်းပေါ်ရှာကျိ(ကြည့်) တော့
36. ဆရာ ကျွန်တော့်အသက် ၃ဝပါ အစိုးရဆေးရုံမာ(မှာ) ကာလသားပိုးစစ်ကြည့်ပါတယ်ဆရာ vdrl positive ကာလသားပိုး ရှိတယ်လို့ ဆေးရုံဓာတ်ခွဲခန်းကပြောပါတယ်ဆရာ အခုက ဆေးမကုရသေးပါဘူးဆရာ အခု ကျွန်တော့်မာ(မှာ) ဆံပင်တွေ တအားကျွတ်နေလို့ပါ
37. ဆရာ ကျွန်တော်ဖျားတာ ၄ရက်ရှိပါပီး(ပြီး) ရွာက ဆေးဆရာက Ciprofloxacin 500mg Para 500mg Dexa Ibuprofen 400mg ဒီဆေးတွေဝယ်ပီး(ပြီး) သောက်ပါလို့ပြောလို့ဆေးဆိုင်မာ(မှာ) ဝယ်ပီး (ပြီး) သောက်ပါဒေ(တယ်) အဖျားတော့ကျပါဒေ(တယ်) ဆရာ ပြန်ဖျားလိုက် ကောင်းလိုက် ဖြစ်နေပါတယ် ဘယ်လိုဆေးများ ဝယ်သောက်သင့်သလဲဆရာ ဖြေပေးပါ
38. ဆရာ ကလေးဒွေ(တွေ) ယူဆော့ဒါ(ဆော့တာ) နေမယ် ကျနော်လည်းဖြစ်ဖူးဒယ်(တယ်) ဆရာ့ ပို့စ်တခုမာ (မှာ) အားနာဘါဒယ်(ပါတယ်) ဆရာ
မာ
ကျန်းမာရေး၊
စွန့်လွန်းတမာ = ရဲရဲဝံ့ဝံ့စွန့်စားခြင်း
တမာ၊
မာကျူရီ၊
မာကျော၊
မာချာ၊
မာဃနက္ခတ်၊
မာဆရိုက်ချည်၊
မာဏဝလုင်
မာတလိနတ်
မာတာမိခင်၊
မာတိကာ၊
မာတုဂါမ၊
မာန၊
မာနထောင်သည်
မာယာ၊
မာယာဒေဝီမိဘုရား (မာယာဒေဝီမိဖုရား)
မာရသွန်၊
မာရေကျောရေ၊
မာလကျင်ပိတ်
မာလကာပင်၊
မာလိမ်မှူး
မာလီ၊
မာသလေးပါး
အသားမာ
မှာ
၄ နာရီမှာကျောင်းဆင်းသည်၊
ကြားမှာ၊
ငါ့မှာ
ညအချိန်မှာ အပြင်မထွက်ရ၊
ညာဘက်မှာ၊
နိုင်ငံခြားမှာ
နောက်မှာ၊
ပြည်တွင်းမှာ
ပြည်ပမှာ
ဘယ်ဘက်မှာ၊
ဘေးမှာ၊
မြန်မာနိုင်ငံမှာ
မြန်မာပြည်မှာ၊
မှာကြား
မှာတမ်း
ရန်ကုန်မှာ
ရှေ့မှာ၊
သူ့မှာ
အနီးအနားမှာ၊
အပေါ်မှာ၊
အမှာစကား
အမှာစာ
အလယ်တည့်တည့်မှာ၊
အောက်မှာ၊
တတ် နှင့် တက် https://burmese-spelling.blogspot.com/2022/08/blog-post_414.html
ကင်ဆာဖစ်တာ ဆယ်ဖစ်ရှိပြီ https://burmese-spelling.blogspot.com/2022/12/blog-post_287.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment