The Tropic of Cancer Pass မြောက်ယဉ်စွန်းတန်း အမှားပြင်ထားပြီးကို မနေ့ တမြန်နေ့က တင်ပြလိုက်တယ်။
နောက်တခုရှိသေးတယ်။ မပြင်ရသေးတဲ့ အမှား။ ကျောင်းသုံးစာအုပ် သို့မဟုတ် နိုင်တော်အမှား။ ပြင်ပြီးသား ဖြစ်ပါစေသတည်း။
၂၀၁၈ ခုနှစ် နွေရာသီမှာ တိုင်းပြည်ကို ပဌမဆုံးအကြိမ် အလည်ပြန်စဉ်က တွေ့တာတခု ဖေ့စ်ဘွတ်မှာတွေ့တယ်။ တွေ့တိုင်းတော့ ယုံရတာမဟုတ်လို့ အလယ်တန်းပြ ပထဝီဆရာမကို စာအုပ်ပြခိုင်းရတယ်။
ပဥ္စမတန်း ပထဝီဝင် ဖတ်စာအုပ်မှာ မြောက်ယဉ်စွန်းတန်းကို အီကွေတာမျဉ်းလို့ပြထားတယ်။ အဲတာလည်း ထပ်သေချာဖို့လိုသေးတယ်။ အစိုးရထုတ်နဲ့ မှောင်ခိုကူးထုတ်စာအုပ် မတူတတ်။ အခုပုံက အစိုးရထုတ် စာအုပ်က ဖြစ်ပါတယ်။ ကျောင်းသုံးစာအုပ် အမှားတွေကို ချက်ချင်းပြင်သင့်တယ်။
နိုင်ငံတော်အမှားတွေက ထောင်သောင်းရှိတာ။ တနေ့တခြား အမှားတွေ ပိုများလာတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment