Skip to main content

Gandaria မရန်းသီး


မရန်းသီး အရမ်းကြိုက်သလား။
မရန်းပင်
မရန်းပြား 
မရန်းစေ့ရောင်
- ပြတဲဆရာဝန်က အရန်းတော်တဲ့ဆရာဝန်ပါ ပြန်ပြပါ
သူပြောတဲ့အတိုင်း ဆေးကုသမှုခံယူမယ်ဆိုရင် ပိုကံကောင်းမှာပါ
အရမ်းတော်လို့ ရေးရတယ်။
- ဆီမပါပြားမပါ အရန်းအရသာရှိတဲ့ငါးရခိုင်ချက်နည်းလေးတင်ပေးမယ် 
အရမ်းအရသာရှိလို့ ရေးရတယ်။
- ကြွက်သားကိုက်ခဲနာကျင် ယောင်ယမ်း(ရောင်ရမ်း)ခြင်းများ သက်သာစေပါတယ်
- ရန်း နဲ့ ရမ်းတွေ မှားနေကျလို့ ရှင်းပြပေးပါဆရာ
- ဖက်ယမ်း၊ ဖက်ရမ်း ဘယ်ဟာမှန်လဲဆရာ။ (ဖက်ရမ်းက မှန်ပါတယ်။ ဖက်ယမ်း နမ်းရှုပ်သည်။ ဖက်ပြီး ဆွဲယမ်းတယ်လို့လည်းရတယ်။)
- ဆရာရှင့် မရမ်းသီး မဟုတ်ဘဲ မရန်းသီးလို့ ရေးရမှာပေါ့နော်
မရမ်း နဲ့ မရန်း မူကွဲ။ သတ်ပုံမှန်က မရန်း။ ဒါပေမဲ့ သိတဲ့သူ ရှားတယ်။ ခရမ်းသီး၊ ခရမ်းရောင်၊ မရန်းစေ့ရောင် မရန်းရောင်။ 
အရမ်းနဲ့ အလန်း ဘန်းစကားတွေကို ထည်လဲသုံးကြတယ်။ အရန်းဆိုရင် အိမ်လက်ရန်းဖြစ်သွားမယ်။ အလမ်းဆိုရင် နာရီနှိုးစက်။ သင်္ကန်းရန်းတာလည်း နသတ်နဲ့။
အရမ်းမိုက်
အရမ်းကောင်း
အရမ်းလွမ်း
အရမ်းချစ်
အရမ်းကြိုက်
စာကို ထင်သလိုအရမ်းကာရောရေး။
ရန်း
ကုလားနရန်း
ခြံစောင့်ရန်း
ခါးရန်းကြိုး
ခါးရန်းသီး
ခါးရန်းသီး (ယခင်အသုံး)
ခေါင်ရန်းပန်း
စက်နရန်း
စတုရန်း
ဆင်ကပ်လက်ရန်း
တြိရန်း (ယခင်အသုံး)
မရန်းပင်
မရန်းရောင်
မရန်းသီး
ရန်း = အရောင်
ရန်းတား = ကာဆီးစောင့်ရှောက်ထားခြင်း
ရန်းပြာသာဒ်
လှည်းစွယ်ရန်း
သက်တင်ရန်း
အရန်းအတား
အရန်းအတား = ကာဆီးစောင့်ရှောက် (ယခင်အသုံး)
အိမ်လက်ရန်း
ရမ်း
ကြွေ့ကြွေ့ရမ်းရမ်း
ကိုယ်လက်ရောင်ရမ်း၊ ကိုယ်လက်ရောင်ယမ်း၊
ခရမ်းကစော့ (ကဆော့) သီး
ခရမ်းကြွပ်ပင်
ခရမ်းချဉ်ပင်
ခရမ်းခါးသီး
ခရမ်းပင်
ခရမ်းရောင်
ခရမ်းသီး
ညောင်ရမ်းမြို့
ပရမ်းပတာ
ပေါရမ်း = မြှော်ရမ်းသည်
ဗညားရမ်း
ရမ်းကားသည်
ရမ်းကားသူ
ရမ်းဆ
ရမ်းတုတ်
ရမ်းဗြဲကျွန်း
ရမ်းရမ်း = အားရနှစ်သက်သည် (ယခင်အသုံး)
ရမ်းရမ်းမို့မို့
ရမ်းရမ်းလွေ့ = များသည်
ရမ်းရော်
ရမ်းသန်းပြော
ရွှင်အားရမ်း
ရော်ရမ်းမှန်းဆ
လူသရမ်း
သမိန်ပရမ်း
ဟော့ဟော့ရမ်းရမ်း
အရမ်း = အလွန်အကဲ (ခေတ်သုံး)
တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်ပြာရောရှက်၊ မရန်းဖက်၍၊ တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်၊ (ရှင်ဥတ္တမကျော် တောလား)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ