ပိုစတာဆောင်ပုဒ် ၂ မျိုးတွေ့ပါတယ်။ မနေ့ကအထိတော့ အမှန်အတိုင်းသာ တညီတညာတည်း ရေးထားတယ်။ ကနေ့တခါ ၅၀% မှန်၊ ၅၀% မမှန်။
အပြစ်တင်ရန် မဟုတ်ပါ။ လက်ရှိမြန်မာအဖွဲ့က -
"တစ်နည်းတစ်လမ်း"
"တစ်နေကုန် တစ်နေခန်း"
"တစ်နည်းတစ်ဖုံ"
"တစ်ပေါက် တစ်လမ်း"
"တစ်ပိုင်း တစ်စ" လို့ ရေးခိုင်းထာတဲ့တိုင်ပြည်မှာ။
"တနေ့တခြား" ကိုတော့ "တစ်နေ့တခြား" တဲ့။
"တစေ့တစောင်း"
"တချို့တလေ"
"တစိုးတစိ"
"တထေရာတည်း" လို့လည်း ရေးခိုင်းပြန်သေးတယ်။
ဓါတုဗေဒမှာ ဟိုက်ဒရိုဂျင် ၂ လုံးနဲ့ အောက်စီဂျင် ၁ လုံးပေါင်းရင် ရေလို့ အသေမှတ်ရင် ၁၀၀% မှန်တယ်။ မြန်မာစာမှာ ပေါင်းချင်တာကို ပေါင်းချင်သလိုပေါင်းရမလိုလို။
ကျွန်တော်ကတော့ သန့်ပြီးအေးနေတဲ့ရေကိုသာ တတိုင်းတပြည်လုံးက သောက်ကြရစေချင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment