Skip to main content

ဘဝခြင်းဆုံတွေ့ပါရစေ

ရေး - ရဲသီဟ ကိုတင်အောင်

ဆို - ချိုပြုံး

တဦးနဲ့တဦး

ချစ်စေကြောင်းတောင်းဆုပြုမယ်လေ

ဘဝဘဝတိုင်းအသင်္ချေ

ပုံပမာနှိုင်းပြမယ်လေ မောင်ရေ

အာကာနန်းဗွေလျမ်းပနေ

စန်းလသော်တာ မောင်သာဖြစ်ရင်လေ

မေအမြဲ မောင့်အနားဆီကမသွေ

တဖဝါးမှ မခွာချင်ပါပေ

လေဝယ်ပြေးကစား

ငွေကြယ်ကလေးများဖြစ်ပါရစေ

တဦးနဲ့တဦး

ချစ်စေကြောင်းတောင်းဆုပြုမယ်လေ

ဘဝဘဝတိုင်းအသင်္ချေ

ပုံပမာနှိုင်းပြမယ်လေ မောင်ရေ

အာကာနန်းဗွေလျမ်းပနေ

စန်းလသော်တာ မောင်သာဖြစ်ရင်လေ

မေအမြဲ မောင့်အနားဆီကမသွေ

တဖဝါးမှ မခွာချင်ပါပေ

လေဝယ်ပြေးကစား

ငွေကြယ်ကလေးများဖြစ်ပါရစေ

အသည်းကမ္ဘာ အသင်္ချေ

မောင်နှင့်အတူတွဲ မခွဲ မခွဲချင်ဘူးလေ

မဟာသမုဒ္ဒရာရေ မောင်ကဖြစ်ရင်

မေကလည်း မသွေမဆိုင်း

ရေလှိုင်း ဖြစ်ချင်ပါပေ သို့မဟုတ်

နှင်းဆီပန်းဖူးပွင့်ပမာ မေ

ဆူးခက်ကလေးတွေများ

မေ့အနားက ခစားပါမောင်ရေ

ဆုံးတနေ့မှာလေ

ကန္တာရတောတောင်စခန်းဗွေ

ရေကန်သာမောင်ကဖြစ်ရင်လေ

နှစ်ဖြာအသင့်အတင့်

ကြာပန်းတပွင့် ပွင့်ပါရစေလားလေ

တဦးနဲ့တဦး

ချစ်စေကြောင်းတောင်းဆုပြုမယ်လေ

ဘဝဘဝတိုင်းအသင်္ချေ

ပုံပမာနှိုင်းပြမယ်လေ မောင်ရေ

အာကာနန်းဗွေလျမ်းပနေ

စန်းလသော်တာ မောင်သာဖြစ်ရင်လေ

မေအမြဲ မောင့်အနားဆီကမသွေ

တဖဝါးမှ မခွာချင်ပါပေ

လေဝယ်ပြေးကစား

ငွေကြယ်ကလေးများဖြစ်ပါရစေ

အသည်းကမ္ဘာ အသင်္ချေ

မောင်နှင့်အတူတွဲ မခွဲ မခွဲချင်ဘူးလေ

မဟာသမုဒ္ဒရာရေ မောင်ကဖြစ်ရင်

မေကလည်း မသွေမဆိုင်း

ရေလှိုင်း ဖြစ်ချင်ပါပေ သို့မဟုတ်

နှင်းဆီပန်းဖူးပွင့်ပမာ မေ

ဆူးခက်ကလေးတွေများ

မေ့အနားက ခစားပါမောင်ရေ

ဆုံးတနေ့မှာလေ

ကန္တာရတောတောင်စခန်းဗွေ

ရေကန်သာမောင်ကဖြစ်ရင်လေ

နှစ်ဖြာအသင့်အတင့်

ကြာပန်းတပွင့် ပွင့်ပါရစေလားလေ။   ။

https://www.youtube.com/watch?v=aFTH_wD3xLQ

သီချင်းစာသား စာလုံးပေါင်းသတ်ပုံမှန်တာ မတွေ့ပါ။ မြန်မာစာ ဆုံးတနေ့ ရောက်ပြီလား။

ဒေါက်တာတင့်ဆွေ

Comments