မြန်မာစာအဘိဓာန်သစ်မှာ မပါရှိတော့သည် ဒါး
ဒါးတန်းကို ဒါးတန်းလို့သာ တသက်လုံးရေးလာခဲ့ပါသည်။
မန္တလေး ဒါးတန်းရပ်ကို အခေါက်ခေါက် ရောက်ဘူးပါသည်။
ဒါးတန်းဘိလပ်ရေလည်း သောက်ဘူးပါသည်။
ဒါးတန်းသား သူငယ်ချင်းတွေရှိသည်။
ဒါးတန်းသား သူငယ်ချင်းတယောက်ကို ဒါးတန်း ( - ) လို့သာ ခေါ်ပါသည်။
ဒါး နဲ့ ဓါး မူကွဲသတ်ပုံဖြစ်ပါတယ်။
၁။ ဓားအိမ်တခုထဲ ဓားနှစ်စင်း ယောက္ခမနှင့်ချွေးမ ဇာတ်
ကျွန်တော်ကတော့ 'ခွဲစိတ်ဒါး' နဲ့သာ လူနာတွေကို ကုသပေးပါတယ်။
၂။ ဒါးမ နှင့် ဓားမ သည် အဘယ်စာလုံးက မှန်ပါသလဲ။ ဆရာ့ post မှာ ဒါးရာ လို့ရေးထားတာမို့ပါ။ အမှားပါရင် တောင်းပန်ပါတယ်။
၃။ ရွှေထားဗိုလ်၊ ရွှေဒါးဗိုလ်၊ ရွှေဓါးဗိုလ် စသည်ဖြင့်လည်း ကြုံခဲ့ဖူးပါတယ်ဆရာ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉ ထုတ်) မှာ ဒါး မပါရှိ။
မြန်မာစာအဖွဲ့ကထုတ်ထားတဲ့ မြန်မာအဘိဓာန် (၁၉၉၁ စက်တင်ဘာထုတ်) မှာ ဒါး မပါရှိ။
ဦးသာမြတ် သတ်ပုံကျမ်းမှာ ဒါး ရော၊ ဓါး ပါပါတယ်။ ဒါးကို (ဒဒွေး) နှင့် ရေးရိုး မရှိ။ ထီးသုံးနန်သုံး၊ ဗြဲးတိုက် လွှတ်ရုံး ရေးထုံးရေးနည်းများမှာလည်း ဓားပြဟူ၍သာရေးသည်။ (သင်္သကြိုက်) ပါရဒမှ ဆင်းသက်လာသော စကား မြန်မာသုံး ပါ ရရစ်နှင့် ပြဒါးဟု ပြောင်းလွဲးရေဒဟတ် တူသည်။
ဒါး
ဒါး (မင်းဆွေ)
ဒါးကြီးပါတိတ်
ဒါးတံဆိပ်မီးခြစ်
ဒါးလက်အုပ်စု၊ အမ်းမြို့နယ်၊
ပြဒါး
ပြဒါးဆိပ်သင့်သည်
ပြဒါးပြာ၊ (ပြဿဒါးဒရက်ဟု ရေးထုံးမရှိ၊ ပျသတားရက်ကိုရှု)။
ပြဒါးရှင်ဘုရားသည် ရွှေတိဂုံစေတီတော်၏ ရင်ပြင် အရှေ့ဘက်မုခ် ဓါတ်လှေကားနှင့် အင်္ဂါဂြိုဟ်တိုင်ထောင့် အကြားရှိ စေတီတဆူ၏ တောင်ဘက်ရှိ တန်ဆောင်းတွင် ရှိသော ကြေးဆင်းတုတော် တဆူဖြစ်ပါသည်။
ပြဒါးလုံး = ဘော်သွပ်ပြဒါးလုံးထွက် မထွက်သေလည်း မသေသေးပါ။ မီးရင့်အောင်ဆက်ထိုးရပါမည်။ အပျော့အပြင်းရပါသည်။ (အဂ္ဂိရတ် ဝါသနာရှင်)
ညာတင်ကုပ်ဆိုတာ လောကီပညာမှ ဖိုထိုးလို့ အောင်မြင်တဲ့အခါ အောင်တဲ့ဓာတ်လုံးကို အဲဒီ့ ညာတင်ကုပ် အရုပ်ထဲ ထည့်ထားခဲ့ကြတယ်။ အရုပ်ကိုလည်း ပဒါးယို၊ ပဒါးငုပ်၊ မီးပြတ်၊ ဆန်ကပ် ခုပ်ပိတ် ဆိုပြီး ခုခေတ်လူတွေက သတ်မှတ်ကြတယ်။
ဓါး
ခွဲစိတ်ဓါး (ခွဲစိတ်ဒါး)
ဓဇောက်ကမ်း ဓါးမတပ်
ဓါးကိုင်သည်
ဓါးခုတ်ကောင်
ဓါးစာခံ
ဓါးဆောက် (ဓါးရိုး)
ဓါးဆောက်ကမ်းလုပ်သည် (အရမ်းပတမ်းလုပ်သည်)
ဓါးနှောင့်
ဓါးပြသူခိုး
ဓါးမနောက်ပိတ်ခွေး
ဓါးမြှောင်
ဓါးမဦးချမြေ
ဓါးရှည်
ဓါးလက်နက်
ဓါးလွတ်ကိုင်
ဓါးလွယ်ခုတ်
ဓါးသွား
ဓါးသိုင်း
ဝါစာဖရုသ် ဓါးနှယ်ခုတ်လျက်
သင်ဓုန်းဓါး
သူခိုး ဓါးရိုးကမ်း (စူလဓနုဂ္ဂဟဇာတ်)
သူတခိုး ဓါးရိုးကမ်း
ကျွန်တော်က ဒါးတန်းလို့သာ ရေးလာခဲ့တာ အခုသတင်းစာထဲက သတင်းမှာ ဓါးတန်း။ ဓါး နဲ့ ဓါးက မူကွဲသဘောနဲ့ သုံးနိုင်ပါတယ်။ ကျွန်တော်တို့ ကျောင်းနေစဉ်က ဒါးလို့ တွင်တွင်ကျယ်ကျယ် သုံးပါတယ်။ မင်းဆွေစာအုပ်ကို ဒါးလို့ အမည်တပ်ပါတယ်။ ပြန်ထုတ်တွေမှာ ဓားလို့ ပြောင်းထားတယ်။
ဒါး နဲ့ ဓါး မူကွဲသတ်ပုံဖြစ်ပါတယ်။ နှစ်မျိုးလုံး ရေးနိုင်တယ်။ ဘာနဲ့ရေးရေး သွေးထားရင် ထက်တယ်။
မူကွဲတွေ အများကြီးရှိတယ်။
• ကစွန်း နဲ့ ကန်စွန်း၊
• ကျမ္မာ နဲ့ ကျန်းမာ
• ငပိ နဲ့ ငါးပိ၊
• စပယ် နဲ့ စံပယ်
• တရုပ် နဲ့ တရုတ်
• ဒါး နဲ့ ဓါး
• ပဌမ နဲ့ ပထမ၊
• မြမ္မာ နဲ့ မြန်မာ
• မုံ့ နဲ့ မုန့်၊
• ယက္ကန်း နဲ့ ရက်ကန်း
• လက်ဖက် နဲ့ လ္ဘက်
• သမတ နဲ့ သမ္မတ၊
တခါတရံကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ မူလွဲ။ ပလီတာ။ ဗိုလ်ချုပ်နေဝင်းရဲ့ ဒါးကိုဒါးချင်း လှံကိုလှံချင်း ရင်ဆိုင်ဘို့သာရှိတယ် သမိုင်းဝင်မိန့်ခွန်း ၁၉၆၂ ခုနှစ် ဇူလိုင်လထုတ်သတင်းစာမှာပါတယ်။ အဲဒီသမိုင်းကို ဖျောက်ချင်တာဖြစ်နိုင်တယ်။ အခုဆိုရင် ဗိုလ်ချုပ်နေဝင်း ကျောင်းသားတွေကို ဗုံးခွဲသတ်ခဲ့တာ သိတဲ့သူ နည်းနည်းလာပြီ။ ဒါးကြိမ်း ကြိမ်းတာကို သိတဲ့သူ နည်းလာပြီ။ သတ်ပုံသည် သမိုင်းကို သတ်၏။
ဒါး ရာဇဝင်
မင်းဆွေရေးတဲ့ ဒါးစာအုပ်ကို စာပေစိစစ်ရေးခေါ် စာပေကင်ပတိုင်ခေတ်မှာ ပြန်ထုတ်တော့ ဓား။ နောက်ပြန်ထုတ်တော့ ဓါး။ စာပေကင်ပတိုင် မရှိတော့ပါ။
စာအုပ်ကို ပြန်တင်သူက စာအုပ်ဖုံးမှာ ဓါးလို့ ရေးထာတာကို ဓားလို့ပြင်ရေးတယ်။ အကျင့်ပါနေတာဖြစ်မယ်။
ကျွန်တော်လည်း အကျင့်ပါတယ်။ အမေ့မီးဖိုချောင်မှာ ဒါးရှိတယ်။ ဆရာဝန်ဖြစ်ကတည်းက ခွဲစိတ်ဒါးနဲ့ လူနာတွေကို ခွဲစိတ်ကုသပေးတယ်။
ဒါးအသံသွင်းဇာတ်ကို တင်တဲ့သူက ရှေးက ဒါး (ဒ) နဲ့ရေးတယ်လို့ ဖော်ပြတယ်။ တော်တယ်။
မင်းဆွေရေးတဲ့ လိုင်းတခုက ကျုပ်ဒါးက ဒါးအိမ်ကချွတ်ရင် သွေးသောက်ရမှ။ (စာကားစု အတိအကျတော့ မဟုတ်ပါ။)
အခုတော့ မြန်မာ့ဒါး၊ ဗမာ့ဒါးဟာ ခရမ်းချဉ်သီးလှီးစရာအဆင့် ရောက်သွားပြီ။
ဒေါက်တာတင့်ဆွေ











Comments
Post a Comment