စိမ်းလဲ့ငယ်တဲ့ညိုရောင် ပင်ဝါးရုံလေယူသိမ်းတယ်
ယိမ်းနွဲ့မြောက်တောင် မြူခိုးရယ်မှောင် ဟိုတောင်ကြော့
ခါးပန်း ရွှေဥဒေါင်းငယ်တို့ မြိုင်စောင်းမှာ တွံသံချိုလှ
တယ် ကွယ် ကွန်းခိုတဲ့ နန်း နန်း
{[ပန်ပါတဲ့ပန်ပါ ရွှေမင်းဝံ တောင်ပေါ်ရိုး ပန်းချိုးလို့လာ
××××]၂၊ [အပွင့်ရယ်ဝါ (အပွင့်ကလေးရယ်တဲ့ ဝါ/ဝါဝါ)
၂၊ အညှာမှာ စိမ်းရည်လူး ပန်ဝံ့ပြီဘူး××××]၂ }၂။
[(စံပယ်တဲ့လေးရုံ မလေးကွယ်မပန်ထိုက်တယ် ပန်းပြတ်
ခိုက်ကြုံ××××)၂၊ (အပွင့်ရယ်ကုန် တငုံကျန်ပါသေး
ပန်ချင်သူ ညိုနွဲ့နှောင်းရယ် ခေါင်းဖြီးခဲ့လေး××××)၂]၂။
[ပန်းကံကော် ရွှေစကား ငွေသားနု စံပယ်မှန် မုလေး
ခတ္တာနဲ့ ရွှေရင်းမာ ကြာခဝဲ ဖွဲစနှင်းလျှံ သဇင်ကျံ ခွာတံ
ပေါက်လဲ ပွင့်ဝတ်ကယ် ရွှေဖီမင်း သင်းထုံနံ့ကဲ××]၂။
(သန်းခေါင်ယံ အလှဘွဲ့ လွမ်းချင်း၊ ဦးကြင်ဥ၊ - ဥုးထေရာ နန္ဒ မြန်မာ့ကျေးလက်တေးသံများ ၁၂) ကျေးဇူး။
ကျွန်တော်တို့ခေတ် (၁၉၆၂-၆၃) ၈ တန်းရောက်တော့ ဦးကြင်ဥ ပဒေသာသီချင်းများ သင်ကြရပါတယ်။ ကဗျာတွေနဲ့အတူ စာလုံးပေါင်းသတ်ပုံတွေကိုပါ အလွတ်ရတယ်။
ခုခေတ်မှာတော့ ဦး(တစ်)ဥ ကဗျာတွေ ပေါ်နေပြီ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment