Skip to main content

နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်

နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည် ခေါင်းစဉ်နဲ့ တက္ကသိုလ်ဘုန်းနိုင်စာကို အပိုင်းလိုက်ခွဲပြီး ပြန်တင်တာတွေ့တယ်။ မူရင်းစာလုံးပေါင်းသတ်ပုံတွေကို မှားအောင် တမင်တကာ ပြင်ထားတယ်။ မလုပ်ကောင်းပါ။ စာရေးသူအမည် တစ်ကသိုလ်ဘုန်းနိုင်ဖြစ်သွားပြီ။ ကမ္ဘာကုန်ကျယ်သရွေ့ဝယ် သီချင်းစာသား တင်ထားသူက မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကမ္ဘာကုန်ကျယ်သရွေ့ဝယ် 

ရေး - တက္ကသိုလ်ဘုန်းနိုင်

ဆို - ရေနံ့သာစိုးလှိုင်

နီလာမိုး မိုးတခွင် ဖြန့်ဝန်း နှံ့စင် 

ငွေမင်ရည်မြ ဆွေရှင် သီတ (တာ)

စန်းလ ပုဏ္ဏမီ မှုန်ရီ ပြာလဲ့ သိုင်းဖွဲ့ဖွဲ့ဝေဝေစီ နဝင်းလ သင်္ခါညီ

ပင်ထက်ဟိုဆီ ဘယ်အရေးကို ဆိုသည်

နွေတေးရှင် ငှက်မောင် တကိုယ်ရည်

လွမ်းတေးကို သူပင်သီရော့မည် ယော်ရည် မှန်းဆသည်

အိပ်မက်ဆန်တဲ့ နွေညပန်းချီ နွေညပန်းချီ

နှင်းမြူရိပ်ကို မြင်လျှင် မြင်လျှင်

အမှတ်မထင် ဝေဝေဝါး ဘဝပမာလေလား 

တင်စားမိသည် ဆီးတားကာဝှက် လရက် နာရီ

ချိန်မင်ရည် အုံ့ကာဆိုင်းလို့မပြီ

တပိုင်းပြယ်လွင့် နွေအဖွင့်သို့

လေသင့်ရာကြော မျော ရွှေရင့်လွှာသိ င်္ဂီ 

ပင်ထက်ဟိုဆီ ဘယ်အရေးကိုဆိုသည် နွေတေးရှင် ငှက်မောင်တကိုယ်ရည်

လွမ်းတေးကို သူပင်သီရော့မည် ယော်ရည်မှန်းဆသည်

အိပ်မက် ဆန်တဲ့ နွေညပန်းချီ နွေညပန်းချီ

နှင်းမြူရိပ်ကို မြင်လျှင် အမှတ်မထင် ဝေဝေဝါး

ဘဝပမာလေလား တင်စားမိသည် 

ဆီးတားကာဝှက် လရက် နာရီ

ချိန်မင်ရည် အုံ့ကာဆိုင်းလို့မပြီ

တပိုင်းပြယ်လွင့် နွေအဖွင့်သို့

လေသင့်ရာကြောမျော ရွှေရင့်လွှာသိင်္ဂီ 

လွမ်းမော သီကရီ မေ့မရလေပြီ

ဂိန်မာန်ခါတွင်းမြည် ဆောင်းရွက်ကြွင်းသည့်နှယ်

နွယ်ဦးမွန်မို့ ချစ်ထွဋ်တင်သည်

ကမ္ဘာကုန် ကျယ်သရွေ့ဝယ်

ကမ္ဘာကုန် ကျယ်သရွေ့ဝယ် လွမ်းရမည် 

သံသာ ဝဲရစ် တွဲနှောင်ချီ နွေရတုတခု မိန်ဆီ

ညောင်းရွက်ဝါတို့ ဈာန်ယဉ်ပြောင်း

ပြယ်ကောင်းလေသော စိတ်ဇော မနသီမည် 

လွမ်းမော သီကရီ မေ့မရလေပြီ

ဂိန်မာန်ခါတွင်းမြည်

ဆောင်းရွက်ကြွင်းသည့်နှယ်

နွယ်ဦးမွန်မို့

ချစ်ထွဋ်တင်သည်

ကမ္ဘာကုန် ကျယ်သရွေ့ဝယ်

ကမ္ဘာကုန် ကျယ်သရွေ့ဝယ်

လွမ်းရမည် သံသာ ဝဲရစ် တွဲနှောင်ချီ

နွေရတုတခု မိန်ဆီ ညောင်းရွက်ဝါတို့ ဈာန်ယဉ် ပြောင်း

ပြယ်ကောင်းလေသော စိတ်ဇော မနသီမည်။ ။

https://www.youtube.com/watch?v=jyS2_CgDOLw

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ