ရွာ့အနောက်ကို လမ်းလျှောက်ဆို
ဘာမြင်ခဲ့လဲ မောင်ရေခဲ
ထန်းပင် ပန်းပင် ရေချမ်းစင်
စကားမဟ က, မပြ၊ သီလယူနေကြ။
ဈေးထဲသွားတဲ့ မရွှေဖဲ
ဘာဝယ်ခဲ့သလဲ
ဧည့်သည်မလာ ချက်စရာမလို
ဟိုဒီမသွားပါ တရားနာ
သာဓုခေါ်ပါရှင့်။ ။
“ဟေ့”
ကနေ့တော့ ထိုင်ရာမထ၊ အိမ်ထဲကမထွက်ပါ။ ဒါပေမဲ့ မြို့အစုံ ရောက်ပါသည်။
လမ်းမှာ ဘယ်သူကဖြစ်ဖြစ် “ဟေ့” လို့ခေါ်တိုင်း ခေါင်းလှည့်မကြည့်နဲ့ အဖေက ငယ်ငယ်လေးကတည်းက သင်ထားသည်။ ကျွန်တော့မှာ နာမည်ရှိပါသည်။
ကနေ့ “ဟေ့” ခေါ်သူ တဦးတလေ မတွေခဲ့ပါ။
ခေါင်းမော့ပြီးသာ ဆက်၍သွားပါလေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment