အကဝါသနာပါတဲ့ မိတ်ဆွေတဦးက ပုံတခု တင်ထားတယ်။ သူ့နားမှာ တယောက်က ပတ္တလား၊ တယောက်က စည်းနဲ့ဝါး။
အကသည်လည်းကောင်း အတီးအမှုတ်သည်လည်းကောင်း စည်းဝါးကျနေရင်ရပြီး၊ သတ်ပုံမမှားပါ။
အဆိုမှာလည်း နောက်ခံမှာ သီချင်းစာသား မပါရင် စာလုံးပေါင်း မမှားပါ။
ဆရာဦးဝင်းတင်က ခြေမှာစကား လက်ဖျားကဗျာ မျက်နှာဇာတ်လမ်းလို့ ရေးထားတယ်။
ကဗျာရေးသူ သတ်ပုံမှားတော့ သွားရော။ ဇာတ်လမ်းရေးတာ စာလုံးပေါင်း မမှန်တော့ မဟန်တော့ပါ။ စကားလည်း ပီအောင် မှန်အောင်မထွက်လို့ကတော့ ထစ်အဖြစ်ရော။ ကန်တော့။
ထစ်အ နှင့် တစ်အ ခေတ်မှာ တပင်တိုင်လို့ မရေးရဆိုဘဲ။
ပုံ = တပင်တိုင်အက မင်းသမီး-ဇင်ယော်မေ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment