၁။ သန္ဓေဆက်နွှယ်၊ ဒုက္ခကြွယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၂။ ဖောက်ပြန်ပျက်ပြယ်၊ အိုရတယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၃။ ရောဂါရစ်နွှယ်၊ နာရတယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၄။ ကုန်ဆုံးပျောက်ကွယ်၊ သေရတယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၅။ လေးဘုံအပါယ်၊ ဒုက္ခကြွယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၆။ ရှေးဘဝဝယ်၊ ဒုက္ခကြွယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၇။ နောက်ဘဝဝယ်၊ ဒုက္ခကြွယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
၈။ စားဝတ်နေမှု၊ ကြောင့်ကြပြု၍၊
ခုဘဝဝယ်၊ ဒုက္ခကြွယ်၊
ထိတ်ဖွယ် လန့်ဖွယ်ပါတကား။
သံဝေဂဝတ္ထု၊ ဤရှစ်ခုကို
စေ့ငုထင်ထင်၊ ဉာဏ်သက်ဝင်၍
အစဉ်ရှေ့ရှု၊ အာရုံပြုလျက်
ယခုပင်လျှင်၊ မအိုခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မသေခင်က
ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုလင်္ကာ၊ ဤကဗျာဖြင့်
မဟာအဋ္ဌ၊ သံဝေဂဟု
ဓမ္မကြေးစည်၊ ဆော်ရွှမ်းလည်သည်
မြည်စေ ကြည်စေ၊ ဟီစေသတည်း။ ။ (မဟာသုတဒီပနီ)
ရှေးစာကဗျာများ ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment