Skip to main content

“တည်း နဲ့ ထဲ” “လဲ နဲ့ လည်း” “ရင် နဲ့ ယင်”


၁။ ထဲနဲ့တည်းကိုလည်း အသုံးရောကြတယ်။ တယောက်တည်း၊ တယောက်ထဲ၊ ခဏခဏမှားတတ်ပါတယ်။ ဒီထဲမှာ၊ ထဲ တကတည်းမှဘဲ၊ တည်း ဇဝေဇဝါ ဖြစ်ရင် ဝေါဟာရရှောင်ပြီး ရေးလိုက်ရတယ်။

၂။ စနစ်တမျိုးထဲ ကျင့်သုံးရန်၊ စနစ်တမျိုးတည်း ကျင့်သုံးရန်၊ အမျိုးသားကျန်းမာရေးစီမံကိန်းစံနစ်လား စနစ်လားဆရာ။ National Health Plan မြန်မာ version စာမျက်နှာ 15 pdf စာမျက်နှာ 27 မှာတွေ့လို့ပါ။ ဘယ်ဟာက အမှန်လဲခင်ဗျာ။ လေးစားစွာဖြင့်။

စံနစ်တမျိုးတည်း ကျင့်သုံးရန်က မှန်ပါမယ်။

၃။ ဆရာမေးပါရစေ။ တခါတည်း၊ တယောက်ထဲ သတ်ပုံမှန်လေးပြောပြပါဦး။

တည်း နဲ့ ထဲ ရောထွေး ရေးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ ခွဲခြားရေးလာတယ်။ အိပ်ထဲမှာ တယောက်တည်းရှိသည်။ အရင်က ရေးထားခဲ့တာတွေကိုတော့ မပြင်သင့်ပါ။

တချစ်တည်းချစ်

တချစ်တည်း ချစ်တာ ဘာကြောင့် ဆိုသည်

ဟိုယခင် ဗြဟ္မာကအတည် ကမ္ဘာစသည်

မြေဆီမြေလွှာ သင်းရနံ့ အရသာ

ဗြဟ္မာကြီးတွေဟာ ကမြင်းပြီးတော့ ခံတွင်းသွင်းလို့ စားမျိုရှာသည်

ကိုယ်ရုန့်ရင်းလို့ အချို့အဆင်းလှ အချို့အဆင်းမလှ

လှတဲ့သူက မဲ့မထီ အတိမာနကြောင့် ကိုယ်ရောင်ညှိုးပျောက် ရသပထဝီကွယ်သည်

ရင် နဲ့ ယင်လည်း အဲလိုဘဲ ရေးခဲ့ ပြောင်းလာပါတယ်။

မောင်ဝပု နှင့် မဖြူစင်

အင်း ငါလဲ သူ့အတိုင်း လိုက်လုပ်ယင် ဒီရတနာဂူကြီးကို ငါတယောက်ထဲ ပိုင်မှာဘဲ ကဲ လုပ်ငန်းစမှပဲ

ရွှေသွေးဂျာနယ်၊ ၁၃-၆-၁၉၈၁ နေ့ထုတ်ထဲက ဖြစ်ပါတယ်။

အခုခေတ် မြန်မာစာလည်း တချို့က မှန်။ (တစ်)ချို့က မှား။ 

တည်း

ကျပ်တည်း၊

ချုပ်တည်းပါ။

စထွက်ကတည်းက၊

စာတည်း။

တခုတည်းသော၊

တချက်တည်း၊

တည်းခိုခန်း၊

တည်းဖြတ်၊

တည်းလည်းတန်းလမ်း၊

တည်းအပ်

တသမတ်တည်း၊

တသားတည်းမဟုတ်သော၊

တသားတည်းမဟုတ်သော။

တယောက်တည်း၊

ကြိုးနှင့်တည်း (ချည်နှောင်)၊

မှန်သည်တည်း၊

ဖြစ်တော့သတည်း၊

သူတည်းတယောက် ကောင်းဘို့ရောက်မူ၊

ထဲ

ထူထူထဲထဲဝတ်ပါ၊

ထဲဝင်ပြင်ထွက်၊

ဝမ်းထဲမျိုသိပ်ထားရတယ်၊

အိမ်ထဲကြွပါ၊

မြေထဲမြို့၊

ထဲနှီးအတွင်းခံအဝတ်။

- တည်း နဲ့ ထဲ လဲ နဲ့ လည်း ရောထွေး ရေးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ ခွဲခြားရေးလာတယ်။ အိပ်ထဲမှာ တယောက်တည်းရှိသည်။ အရင်က ရေးထားခဲ့တာတွေကိုတော့ မပြင်သင့်ပါ။

- နှစ်ယောက်ထဲနေချင်တယ် ရုပ်ရှင်

- နှစ်ယောက်တည်း သီချင်း

- တသွေးတသားတည်းဟူသော (လွတ်လပ်ရေးကြေညာစာတမ်း)

- သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ (အနန္တသူရိယအမတ်ရေး အမျက်ဖြေလင်္ကာ)

နှစ်ယောက်တည်း - မာမာအေး https://www.youtube.com/watch?v=B8RoFVhv1QI

တချစ်တည်းချစ်

ရေး - မြို့မငြိမ်း

ဆို - ညွှန့်ဝင်း + စမ်းစမ်းအေး

https://www.facebook.com/khinmh.05/videos/2125650631020733/UzpfSTEwMDAwNTMyMTgzNDQ4Njo5OTg5NzMzMTAyOTAwNTQ/

ဝင်းဦး တင်တင်မြ http://soundcloud.com/winmyat-nyein/14-ta-chit-htel-chit

တချစ်တည်းချစ် မာမာအေး (ရေး-မြိုမငြိမ်း) https://www.youtube.com/watch?v=aKCWVhFVX5w

တချစ်တည်းချစ် - ရှုမဝစမ်းစမ်းအေး https://www.youtube.com/watch?v=PM6-J70tztg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ