နံပါတ် တစ် က၊ တခု မဟုတ်လောက်ဘူး၊ တစ်ခု ပဲဖြစ်မှာပါ ခွင့်တလ ယူမလား၊ ခွင့်တစ်လ ယူမလား
တနှစ်လား၊ တစ်နှစ်လား တပုဒ်လား၊ တစ်ပုဒ်လား တစ်ယောက်လား၊ တယောက်လား။ ရှိတော့ရှိတယ် ဗြုန်းစားကြီး တစ်ဗြုန်း တဗြုန်း တဖြုတ်ဖြုတ် နေရာတိုင်းမှာ တစ် က အရေးမပါပါဘူး နေရာကိုသာ သူကယူတာပါ
၂။ ဆရာမှာလဲ တ နဲ့ တစ် ရောဂါ မပြီးသေးဘူးလားဗျာ လက်ခံပါတယ်
မကြာခဏ အပြောခံရရတယ်။ အပြောတော့မဟုတ်ပါ၊ စာရေးပြီးသာ ပြောကြတာ။
အမြင်ကပ်သူတွေက တချို့
ကက်ကက်လန်ရန် တွေ့သူတွေက တချို့
ဆရာဝန်ပဲ ဆေးသာကုပါတဲ့
ဘလော့ရတဲ့အထိ စော်ကားမော်ကား ရေးသူတွေက တချို့
လက်သင့်ခံသူတွေလည်း တိုးတိုးလာတယ်။ ဆက်ရေးနေပါမယ်။ ဖရင်း ၅၀၀၀ ကနေလျှော့တိုင်း နာရီမဆိုင်းပဖြည့်လို့ရသေးတယ်။
ဒေါက်တာသန်းထွန်းကို စစ်ကူတောင်ဦးမယ်။ "အများနဲ့တယောက် အများက လွန်တယ်ထင်ပါတယ်" တဲ့။
ဒေါက်တာသန်းထွန်းလို ပုဂ္ဂိုလ်မျိုးကလည်း ထပ်ပေါ်ဘို့ မလွယ်ရေးချ မလွယ်။
စာလုံးပေါင်းသတ်ပုံပျောက်ဆေးကိုတော့ အလကားပေးလည်း ယူသူမရှိ။ ရောင်းလည်း အဝယ်မလိုက်။ အဲဒါနဲ့ စာအုပ် မထုတ်ဖြစ်တာ။ ဘယ်လိုရေးရေး နေမကောင်းလို့ မေးလာရင်တော့ ရောဂါပျောက်ဆေး ပေးပါတယ်။
မဲခွဲရင် ရှုံးမယ်။ တရားရုံတင်ရင် ရှုံးမယ်။ ပညာကို ပညာနဲ့သာနှိုင်းချိန်ရာ၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment