အဝတ် သိမ်းပြီးပြီလား။ အဝတ်သိမ်း ပြီးပြီလား။
မီးပူတိုက် ပြီးပြီလား။ မီးပူ တိုက်ပြီးပြီလား။
တံမြက်စည်းလှည်း ပြီးပြီလား။ တံမြက်စည်း လှည်းပြီးပြီ
ဖုန် သုတ်ပြီးပြီလား။ ဖုန်သုတ် ပြီးပြီလား။
သန့်ရှင်းရေး လုပ်ပြီးပြီလား။ သန့်ရှင်းရေးလုပ် ပြီးပြီလား။
စကားလုံးခွဲတာလေးနဲ့ ပတ်သက်ပြီး ဘယ်စာကြောင်းတွေက အမှန်လဲ သိပါရစေဆရာရှင့်။
ပြီးပါပြီ
-
ရာသီ လာပီးလေးရက်မြောက်နေ့မှ
ဆေးစပြန်သောက်ရင်ကိုယ်ဝန်ရနိုင်ပါသလားရှင့်
မြန်မာစာမှာ ပီး မရှိပါ။ သတ်ပုံကျမ်းတွေမှာ ပိ၊ ပီ၊ ပြီလို့လာတယ်။ ပီး
မပါ။
နွားမ၏သား၊ ထိုနွားလား၊ မြက်များစားပြီ၊ ရေသောက်ပြီ။
-
ပို့စ်တခု = ကပီးတော့လည်း
'ကပီး' ဆိုတာ မီဇိုးဘာသာစကားနဲ့
အဒေါ်အရွယ်အမျိုးသမီးကို လေးလေးစားစားခေါ်တာ။
'ကပြီး' ဆိုရင် ကလို့ပြီးတာကို
ဆိုလိုတယ်။
-
ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ ဝမ်းသွားတာ ၅ရက်ရှိပါပီ အန်လည်း အန်ပါတယ်
အန်တာတော့ ပြောက်ပါပီ ပီးတော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး ကလေးတွက်
ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင်
ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ
ရရစ်မပါတာ ၆ လုံးတိတိ။ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး။
-
Share ပါပီ ဆရာ
ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး
-
ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ
ပါပြီလို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။
ပြီးပါပြီ (၁) https://burmese-spelling.blogspot.com/.../blog-post_19.html
ပြီးပါပြီ (၂) https://burmese-spelling.blogspot.com/.../blog-post_66.html
P ပီ ပြီ ပြီး https://burmese-spelling.blogspot.com/2023/05/p.html
(ပြီး) (တွေ) (ဘယ်) https://burmese-spelling.blogspot.com/.../blog-post_978.html
ရုပ်ရှင်တွေအဆုံးမှာ ပြီးပါပြီ လို့ စာတန်းထိုးတယ်။
တဘဝပြီးပြီ ဆိုတဲ့ မရဏပညာပေးရေးသားပုံ ကောင်းတယ်။
အခုတော့ မြန်မာစာ တဘဝပြီးပြီ။
ပြီးပါပြီ https://burmese-spelling.blogspot.com/.../blog-post_66.html
The End ပြီးပါပြီ https://burmese-spelling.blogspot.com/2022/10/the-end.html
မြန်မာစာသတ်ပုံကျမ်းတွေမှာ ပီး မရှိပါ https://burmese-spelling.blogspot.com/2026/01/blog-post_104.html
ပြီး
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ကို ကိုးကားတင်ပြပါမယ်။
ပြီး - ‘ပျီး’ သံထွက်သည်။ ပြုလုပ် ဖြစ်ပျက်ခြင်း ထမြောက်ကျော်လွန် ခဲ့သည်ကို ထင်ရှားစေသော စကားလုံး။
၁။ တစုံတရာ ဆောင်ရွက်မှု ကျေကုန်ပြတ်စဲသည်။ “ရန်မီး၏ အရေးတော် ပြီးပါစိမ့်မည်ဘုရား။”
အဲဒါကြောင့် မေးခွန်းပါ အရေးအသားတွေထဲက ပဌမအရေးအသားတွေက ပိုပြီး မှန်ကန်ပါတယ်။
ကနေ့ခေတ်မှာ ‘ပြီး’ ကို ‘ပီး’၊ ‘ပြီးပါပြီ’ ကို ‘ပီးပါပီ’ လို့ရေးနေတာတွေ မမှန်ပါ။ ‘ရပါပြီ’ ကို ‘ရပါပီ’ လို့ ရေးတာလည်း မှားတယ်။ ‘ပါပီ’ ဆိုတာ အင်္ဂလိပ်လို ‘ခွေးကလေး’။
ချစ်ခဲ့ပြီးပြီ
ပြီးပြည့်စုံသော ဤကမ္ဘာ
အိန္ဒိယ လွတ်လပ်ရေးရပြီးတဲ့အခါ
လောကီစီးပွားရှာပြီး၊ အလုပ်ကိုဖြင့် ကြိုးကြိုးကုတ်ကုတ် ကြံစည်ဦးမှ တော်ပေမှပဲ။
ရွှေကိုယူသည်၊ ငွေကိုယူသည်၊ ပြီးတော့လူပါယူသည်၊ အမျိုးပျောက်မှာ စိုးကြောက်လှပါသည်။
‘ဖြစ်’ ကို ‘ဖစ်’ လို့ရေးတာလည်း သွက်သွက်ခါအောင် မှားတယ်။
ပြီးပါပြီ
ကွန်မင့်တခု = ပီးနဲ့ပြီးက မသိကြတာမဟုတ်လောက်ဘူးထင်တယ် ဆရာ။ သိပြီး စာကိုအလွယ်ရိုက်လာကြတာများတယ်။ အမှားကြာလို့ အမှန်ထင်သွားကြလျှင် ခက်ရပြီ။
စကားပြောသလို စာရေးနည်းကနေ ဖြစ်လာတာ။ စကားပြောသလို စာရေးနည်းက ကျွန်တော်တို့ အထက်တန်းကျောင်းသာဘဝမှာ စတင်တယ်။ အထူးသဖြင့် မန္တလေးအခြေပြု စာပေအုပ်စု။ ဆင်သွားတော့ လမ်းဖြစ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) အရ -
ပြီ တလုံးတည်းအသံက ပျီ။
ပြီး တလုံးတည်းအသံက ပျီး။
ပြီးကပစ် - ပျီးဂဗျစ်။
ပြီးငြိမ်း - ပျီးညိမ်း။
ပြီးစလွယ် - ပျီးဇလွယ်။
ပြီးပြတ် - ပျီးပျတ်။
ပြီးပြည့်စုံ - ပျီးပျိဇုန်။
ပြီးပြေ - ပျီးပျေ။
ပြီးမြောက် - ပျီးမျောက်။
ပြီးစီး - ပျီးဇီး။
ပြီးဆေး - ပျီးဇေး။
ပြီးဆုံး - ပျီးဆုန်း။
ပီ တလုံးတည်းအသံက ပီ။
စကားပြောအသံက ပျီးပျီ။ အဲလိုသာရေးရင် ပိုဆိုးတယ်။
တဘဝပြီးပြီ ဆိုတဲ့ မရဏပညာပေးရေးသားပုံ ကောင်းတယ်။
ရုပ်ရှင်တွေအဆုံးမှာ ပြီးပါပြီ လို့ စာတန်းထိုးတယ်။
အခုတော့ မြန်မာစာ တဘဝပြီးပြီ။
ပြီးပါပြီ https://burmese-spelling.blogspot.com/2022/08/blog-post_66.html
The End ပြီးပါပြီ https://burmese-spelling.blogspot.com/2022/10/the-end.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment