Skip to main content

မာ ဖစ် တေ ပီး နက် ဂ ဘ နဲ့ ကင်ဆာအမျိုးတော်ကြသလား

မင်ဂလာပာ (မင်္ဂလာပါ) CML ရောဂါအကြောင်းသိချင်တာ သူ့ကသောက်ဆေးပဲသောက်ရတာပြောတယ် ဘာလို့သွင်းဆေးမသုံးတာလည်းရှင် တူလေးတစ်ယောက်(တယောက်)က positive ဖစ်(ဖြစ်) နေလို့ပါ
၁။ Docetaxel 80mg သွင်းဖူးတဲ့လူများရှိလားဟင် သွင်းပြီးရင် side effect တွေဘလိုခံစားရလဲဟင် common side effect လေးတွေသိချင်လို့ပါ

၂။ သားအိမ်ကင်ဆာသမားက ဘလိုစဖြစ်တာပါသလဲသိသူများပြောပြပေးကြပါ

သားအိမ်ကင်ဆာဆိုတာ အမျိုးသမီးတွေမှာဖြစ်ပါတယ်။ ဘ၊ အဘ၊ ဘဘ၊ ဘလေး၊ ဘကြီးတွေမှာ မဖြစ်ပါ။

၃။ အမျိုးသမီးပါ ဘလို (ဘယ်လို) ဖြစ်တက်(ဖြစ်တတ်) ပါသလဲ

၄။ နယ်မှာနေတဲ့သူတွေ ဟင်းသီးဟင်းရွက် ဘလိုရှာခူးခဲ ဆိုတာ စားဖူးတဲ့အရွက်တွေ ပါလာရှင့် 

ပို့စ်တင်သူရဲ့ ဘ ခေါ် ဂရင်းဖားသားရဲ့ နည်းနာကို ပြောတာလို့ ယူဆမိတယ်။

၅။ စအိုကင်ဆာ ခွဲစိတ်ဆရာ၀န် ဘသူကောင်းလဲရှင့် (ဘယ်သူကောင်းလဲရှင့်)

ဘယ်သူ ကောင်းသလဲ။ စာမှန်အောင်ရေးသူ ကောင်း၏။ ဘယ်သူ ဆိုးသလဲ။ လူတကာကို အဘခေါ်သူ ဆိုး၏။

၆။ မင်္ဂလာပါဆရာရှင့်။ သူက ဖိနပ် ဘာအရောင်လိုချင်တာလဲ။ သူက ဖိနပ် ဘယ်အရောင်လိုချင်တာလဲ။ ဘယ်ဟာအမှန်ပါလဲဆရာ။ (ဘယ်အရောင်လိုချင်တာလဲ။)

၇။ ကင်ဆာဆေးတတိယအကြိမ်သွင်းပီး(ပြီး)ခေါင်းတေ(တွေ) မခံမရပ်နိုင်အောင်ပွင့်ထွက်မတတ်ထိုးပီး(ပြီး) နားတေ(တွေ)ပါကိုက်တဲ့ Bad side effect ကို ကြုံဘူးကြလားရှင့် ကျမက လည်ချောင်းကင်ဆာ အကို-ဦးပဇင်းကို care လုပ်နေတဲ့သူပါ ကြုံဘူးတဲ့သူတေ(တွေ) ဝေဒနာကမသာအောင် ဘ(ဘယ်)လိုလုပ်ရမလဲ ဆိုတာ ကူညီ ရှင်းပြစေလိုပါတယ် ခု ဆေးခန်းက ဆရာဝန်နဲ့ ဆေးထိုးဆေးသွင်းလုပ်နေပင်မဲ့ ခဏပဲသက်သာလိုပါ ဆေးသွင်းပီး(ပြီး) 

ဘယ်ကို ဘလို့ မှားရေးနေကြတယ်။ လူမြင် အဘခေါ်တဲ့ မယဉ်ကျးမှုရဲ့ နောက်ဆက်တွဲဆိုးကျိုး။

ဘ - ဘယက်မှာ၊ ဒေါင်းရုပ်ပါ။

ဘ - ဘယက်၊ ရွှေဒေါင်းခွက်။

ဘ - ဘဖိုးအို၊ ဆီးလို့ကြို။

ဒီဒုတ်ဦးဘချို (အာဇာနည် တဦး)

ဘကြီး

ဘကြီးတော် (ကုန်းဘောင်ဆက်မင်း တပါး)

ဘကလေး၊ ဦး၊ (ရွှေတလေး)

ဘဂေး (ဆိုဘွယ်ရာတစုံတရာမျှမရှိ)

ဘတင့် (ရုပ်ရှင်မင်းသား)

ဘထွေး

ဘနန်းလုလု

ဘဘ

ဘယက်တန်ဆာ

ဘယဆေး

ဘရင်ဂျီနာ (ဂရင်ဂျီနာ)

ဘရဏီနက္ခတ်

ဘရန်ဒီ

ဘရာစီယာ

ဘရိတ်အုပ်

ဘရိုကိတ်

ဘရိုက်တီးကျောက်

ဘရုံးဘရင်း (မညီမညွတ်၊ ဆူဆူညံညံ)

ဘလောက်

ဘဝဂ်အဆုံး

ဘဝင်ကျ

ဘဝပြောင်းသည်

ဘဝဲ

မန်းဘခိုင် (အာဇာနည် တဦး)

မိဘ

ရှင်ဘို့မယ် (မိဖုရား)

လာဘ်လာဘ

အံ့ဘနန်း

အဘ

အသုဘ

ဥသဘနွား

ဘယ်

ဘယ်ကျော်

ဘယ်ကြောင့်

ဘယ်ကလာသလဲ

ဘယ်ခြေ

ဘယ်ဈေးလဲ

ဘယ်ညာ

ဘယ်တော့လဲ

ဘယ်နံရောအခါ

ဘယ်နယ်ကလဲ

ဘယ်နှ (နှစ်) ခါရှိပြီလဲ

ဘယ်ပြန်ညာပြန်

ဘယ်ဘက်မျက်စိ

ဘယ်လက်

ဘယ်သန်

ဘယ်သွားနေတာလဲ

ဘယ်သို့ဘယ်ညာ

ဘယ်သူဘယ်ဝါ

ဘယ်သောအခါမှ

အဘယ်ကြောင့်

မေမေ ဘယ်က လာသလဲ။ မေမေ စျေးက လာသည်။ စျေးမှာ ဘာရှိသလဲ။ စျေးမှာ စားစရာ ရှိသည်။

ဘာ စားစရာတွေ ရှိသလဲ။ ဆား ရှိသည်။ သကြား ရှိသည်။ ငါး ရှိသည်။ အသား ရှိသည်။

ဘာတွေ ရှိသေးလဲ။ ဘူးသီး ပဲသီး ခဝဲသီး အာလူးတွေ ရှိသည်။

သခွါးသီးကော မရှိဘူးလား။ သခွါးသီးလဲ ရှိပါသည်။

မေမေ ဘာ ဝယ်ခဲ့သလဲ။ သားတို့ သမီးတို့ စားဘို့ စားစရာတွေ ဝယ်ခဲ့သည်။     ။


ဘယ် ရှေးဝဋ်ကြွေးတုံ့တင်၊ ချေပြီ ထင်ခဲ့ ခိုမီရာမဲ့၊ ရှုလှဲ့မြင်လှဲ့စေချင်၊ ချစ်တဲ့သူရဲ့ရင်ခွင်၊ တကိုယ်ရေအားနွဲ့နွဲ့ တုန်ပြီရွှေဘဝင်၊ ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင်၊ သြော် မိုးသက်လေနှင်။


ဘယ်သွားနေလဲ မောင်ရေခဲ

ကန်တော်ကြီးကို ကားနဲ့ဆို

ဘာသွားလုပ်လဲ မောင်ရေခဲ

လေညှင်းခံဘို့ ဆိုပါစို့

ဘာမြင်ခဲ့လဲ မောင်ရခဲ

အများသူငါ စုံလို့ဗျာ

ဘာမြင်သေးလဲ မောင်ရေခဲ

အပျိုအအို မြင်သဗျို

ဘာလုပ်သေးလဲ မောင်ရေခဲ

ကန်တော်တပတ် ခရီးထပ်

ဘယ်သွားသေးလဲ မောင်ရေခဲ

ညစျေးတန်းကို သွားသေးဆို

ဘာစားခဲ့လဲ မောင်ရေခဲ

ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်

ဘယ်ချိန်ပြန်လဲ မောင်ရေခဲ

ညဉ့်နက်သန်ကောင် မနေပေါင်။


အိုဘယ့်ဘယ် အိုဘယ့်သမီးတော် နတ်သော်ပုံမယွင်း။

အိုဘယ့်ဘယ် အိုဘယ့် သမီးတော် ရွှေလှော်သွန်းပုံဆင်း။

အိုဘယ့်ဘယ် အိုဘယ့် သမီးတော် စန္ဒော်လနှယ်ဝင်း။ (ရှင်မဟာရဋ္ဌသာရ)

ကင်ဆာနဲ့ မာ ဖစ် တေ ပီး နက် ဂ ဘ အမျိုးတော်ကြသလား https://burmese-spelling.blogspot.com/2022/12/blog-post_287.html

Hard-Headed မာပါသည် https://burmese-spelling.blogspot.com/2022/09/hard-headed.html

'မှာ' ကို 'မာ' လို့ရေးခြင်းဟာ ကင်ဆာနှင့်သော်လည်းကောင်း အစားအသောက်နှင့်သော်လည်းကောင်း ဆက်စပ်နေတယ် https://burmese-spelling.blogspot.com/2022/10/blog-post_564.html

အိုဘယ့်ဘယ် အိုဘယ့်သမီးတော် https://burmese-spelling.blogspot.com/2023/01/blog-post_812.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ