- မြန်မာစာ အဖျားမကျသေးပါ
- မှားရေးနေကြသူတွေ များတယ်။
- စာမေးပွဲကို အကျမရှိတင်ပေးသလား မသိပါ။
- မှားရောတာတွေကို မဟုတ်မှတ်ထင်နေကြလေရဲ့။
- ကုန်ဈေးနှုန်းတွေ ကျပါစေ။
- စာကို မှန်အောင်ရေးကြပါ။
- သဘောကျပြီလား။
ကျ
ကျကျနနဝတ်စားလာခဲ့ပါ
ကျနသေချာစွာလုပ်ပါ
ကျပန်း (ကျဖမ်း) စကားပြောပွဲ
ကျသင့်ငွေ
ကျသွားသည်
ကြုံရာကျဘန်း မပြောရ
ကြေးငွေကုန်ကျ
ငွေကြေးအကုန်အကျများတယ်
စားနေကျကြောင်ပါး
စာကို ကျကျနနဖတ်ပါ
စာရွတ်စာဖတ် ကျနသည်
စာရေးရာ စာကျ၍ မှားသည်
စိတ်တိုင်းကျ
ဆီးနှင်းကျ
တယောက်တခုကျ ယူပါ
မတင်မကျ
မိုးဦးကျ
ရန်ကုန်ကျမှ တွေ့ကြအောင်
လုပ်နေကျ ကိုင်နေကျ
လုပ်နေကျအတိုင်းသာ လုပ်ပါ
သင်္ကြန်အကျနေမှာ ရေကစားပါ
သဘောကျ
သူငယ်နာကျဗဟုံး
အံဝင်ခွင်ကျ
အကျွေးကျအောင်မသုံးပါနှင့်
အကျအပေါက်ကောက်တတ်သူ
အရွယ်ကျလာပြီ
အရာကျသည်
အားကျ
အောက်ကျနောက်ကျ မဖြစ်ပါစေနှင့်
ကြ
ကံကြမ္မာ
ကျီကြ
ကြခတ်ဝါး
ကြငှန်း
ကြစုမိတ်သရက်
ကြစုသီး
ကြစေ့ပင်
ကြပို့ရွာ
ကြသောင်းဝါး
စိုးရိမ်ကြောင့်ကြ
လာကြလေ
သွားကြမယ်
ကျကျနနဝတ်စားလာတဲ့ စားနေကျကြောင်ဖား
ကျပန်းစကားပြောပွဲမှာ သူပြောတာ ခေါင်းစဉ်နဲ့ အံဝင်ခွင်ကျ
ကြံစည်ကြောင့်ကြ၊ မိန့်ကျစရာ။. မရှိပါတည်း (သူဇာပျို့၊ ပဒေသရာဇာ)
ကြီးထူကြောင်ကြ၊ ဗျာပါရကို၊ နေကျပျောက်စေ (နဝဒေး ရတု)
ကြုံရာကျဘန်းပြောတတ်တဲ့လူနဲ့ တွဲမလုပ်ချင်ပါ
ကြုံလေနေကျ၊ ဆောင်ကြစီးပွား (နဝဒေး)
စားနေကျ ထမင်းကို စားနေကျ ပုံမှန်ပဲပြန်လုပ်
စားနေကျ ပုဇွန်ဟင်း
စားနေကျ မစားရတော့ အားနည်းနေပြီ
စားနေကျ ရခိုင်မုန့်တီဆိုင်လေး
စားနေကျစားသောက်ဆိုင်ကို သွားစားကြမယ်
စိတ်ကရည်တိုင်း ကျကျတည်း (သူဇာပျို့၊ ပဒေသရာဇာ)
စိတ်တိုင်းကျ သုံးဆောင်ပြီးရင်တော့ ကျသင့်ငွေပေးချေပါ
စိတ်မှာနေကျ၊ တူချေကြ၏ (မနော်ပျို့သစ်၊ ပဒေသရာဇာ)
တပ်အပ်လည်းကျ၊ ဆုံးဖြတ်ကြအံ့ (ဘူရိဒတ်)
နှိမ့်လည်းရှုတ်ချ၊ ကဲ့ရဲ့ကြလျက်၊ သကျမုနိ၊ ဆရီဘဝ (သံဝရပျို့)
နာချင်နာရ၊ စာမကျလည်း၊ ရှုတ်ချဆိုမည်၊ ရိပ်ခြည်မပြ၊ ရွံ့ဖြေကြ၍ (စတုဓမ္မသာရပျို့)
ပတ်ကုံနှံ့မျှ၊ ရင်သို့ကျ၏၊ နွှဲကြဖက်ယမ်း၊ (သူဇာပျို့)
ပုံမှန် စားနေကျ အတိုင်း
ဘောလုံးပွဲ ဂိုးမရှိ သရေကျသွားတယ်
မကင်းနေကျ၊ ခံစားကြ၏၊ မှိုင်းပျမင်းလွင် (သူဇာပျို့၊ ပဒေသရာဇာ)
မဆည်နိုင်ကြ၊ သွယ်တီးကျ၍၊ နှစ်ပါး့မျက်ရည် (သူဇာပျို့၊ ပဒေသရာဇာ)
မတင်မကျမလုပ်ပါနဲ့ လုပ်နေကျအလုပ်အတိုင်းသာ မလုပ်ပါနဲ့
မျက်ရည်မကျ၊ မရှိကြဘူး (သူဇာပျို့၊ ပဒေသရာဇာ)
မြန်မာစာ အဖျားမကျသေးပါ။
မြန်မာစာကို အလေးထားကြတဲ့ပညာရှင်တွေ ကျွန်တော်တို့ကို ခွဲခွာပြီး သွားကြလေပြီ
မြန်မာစာဘာသာ ကျတယ်ဆိုတာအတော်ရှား သတ်ပုံမှားရေးသူတွေက အတော်များ
မြန်မာစာအနာဂတ်အတွက် အတော်ကိုကြောင့်ကြမိပါတယ်
မြန်မာသံယောဂဒီပနီကျမ်း (မင်းလက်ဝဲနော်ရထာ) ၁၉၆၂ ခုနှစ်ထုတ်။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည်၊ ရေပွက်ပမာ၊ တသက်လျာတည်း။
သွယ်ခွေ ပြိုက်ကျ၊ နှင်းနှင့်မျှသည်၊ ပျောင်းပျ လွမ်းယိပန်းသည်နှင့် (နဝဒေး)
အံအဲကြ၏၊ ချက်ကျ လွန်ကွင်း၊ အရွေသွင်းသို့ (ရှင်မဟာရဋ္ဌသာရ)
အလှည့်ကျ မနွှဲ့ကြစတမ်း
တတ် နှင့် တက် https://burmese-spelling.blogspot.com/2023/04/blog-post_103.html
Temperature Do You Really Have a Fever ...
ဒေါက်တာတင့်ဆွေ

Comments
Post a Comment