မြားဦးလှည်တယ်ဆိုတဲ့စကားရှိတယ်။ ကျွန်တော့ခရီးစဉ်၏ မြားဦးကား ဟုမ်း ခေါ် နေရပ်ဆီသို့သာ။ ထွက်ခွါရာအရပ်နဲ့ ဆုံရပ်ဟာ မြန်မာပြည်ပါ။ ကျွန်တော့ အပြောင်းအလဲဆိုတာ ဂငယ်ကွေ့ မဟုတ်ပါ။ တဖြောင့်တည်းသာ။
မုံရွာမှ ပုလဲ။ ပုလဲကနေ ဂန့်ဂေါ-ဟားခါး-စိုင်ဟား-နယူးဒေလီ။
နယူဒေလီမှ ကာတာ။ ကာတာမှ ချီကာဂို-အင်ဒီယာနာပုလစ်။
အင်ဒီယာနာပုလစ်မှ ချီကာဂို၊ ထိုမှတခါ ဟောင်ကောင်။ နောက်တဆင့် စင်္ကာပူ။ နောက်ဆုံးမှာ ရန်ကုန်။ ကျွန်တော်သည် အနောက်အရပ်ကို ထွက်သွားခဲ့ရပြီး အရှေ့ကနေ ပြန်ဝင်ခဲ့ပါသည်။
ဗုဒ္ဓဂါယာကို အကြိမ်ကြိမ်သွားခဲ့သော ကျွန်တော်သည် ရောက်လျှင်ရောက်ချင်း ရွှေတိဂုံကို ဖူးပါသည်။
ကျွန်ုပ်ပစ်ခဲ့သည့် ဖြောင့်တန်းသောမြားသည်လည်း ၂၈ နှစ်အကြာ ခရီးသွားခဲ့ပါပြီတည်း။
ဒေါက်တာတင့်ဆွေ
၁-၅-၂၀၁၈
Comments
Post a Comment