(စိုင်းခမ်းလိတ် မွေးနေ့အတွက် တင်ကြတယ်။ တချို့က သီချင်းစာသား စာလုံးပေါင်းသတ်ပုံတွေ မှားနေတယ်။ တချို့က သီချင်းခေါင်းစဉ်ပါ မှားနေတယ်။ အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ် မှားနေတယ်။ အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီးရောက်ချင်သေးတယ် မှားနေတယ်။)
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ
ရေး -စိုင်းခမ်းလိတ်
ဆို - စိုင်းထီးဆိုင်
ငယ်စဉ်က ကလေးတို့ဘဝမှာ ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ဝင်စားမယ် အိပ်ချိန်မှာ ဝင်အိပ်မယ်
အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရောက်ချင်သေးတယ်
ဟိုစဉ်က လွတ်လပ်မှုဟာ ခုများ ပျောက်လို့ နေပါပြီ
သံယောဇဉ်နဲ့ တုပ်နှောင်မြဲခဲ့ သွားချင်ရာကို မသွားနိုင် လုပ်ချင်ရာကို မလုပ်နိုင်
အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရောက်ချင်သေးတယ်
ဖြူစင်တဲ့ နှလုံးသားလေးဟာ အရောင်အမျိုးမျိုး စွန်းထင်နေပြီ
ဆန္ဒလွန်ကဲ စိတ်အလိုလိုက်လွဲ အသုံးမဝင်တဲ့ နောင်တတွေ လှုံ့ဆော်ကာ ကြေကွဲနေ
အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို တခါပြန်ပြီး ရောက်ချင်သေးတယ်။ ။
ပျောက်ဆုံးနေသော မြန်မာစာသတ်ပုံမှန်ခေတ်တည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment