ကိုမြတ်မှိုင်းနဲ့ ပန်တျာဌေးဌေးမြင့်တို့ ဦးဆောင်တဲ့ မန္တလေး လမင်းတရာအငြိမ့် ပုံတွေ့လာတယ်။ ကျေးဇူး။
လမင်းတရာက အငြိမ့်လောကမှာ ဂန္ထဝင်။ သို့သော် အငြိမ့်သုခုမပညာ တိမ်ကောစပြုလာပြီ။
ကြည်အောင်ကဗျာကလည်း လမင်းတရာ။ ကဗျာလောကမှာ ဂန္ထဝင်။
ကြည်အောင်နေရာမှာ ဒေါ်အမာက လမင်းတရာစာလုံးနဲ့ ရေးထားတယ်။ သို့သော် သတ်ပုံမှန်နဲ့ ရေးသားတဲ့ကဗျာသည်လည်း တိမ်ကောစပြုလာပြီ။
တရာဟူသောသတ်ပုံသည်လည်း မြန်မာစာလောကမှာ ဂန္ထဝင်။ သို့သော် တရာဖိုးဝယ်လျှင် မြက်တဆုပ်မျှသာ ရတော့မည်။
ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၂၀
Comments
Post a Comment