Skip to main content

တန်ဆာပလာ အဆာပလာ

ပြည်မြို့ရဲ့ နာမည်ကြီးအစားအစာ ပြည်ထမင်းသုပ်နည်း 

အစအဆုံး ကူးမတင်တော့ပါ။ ပြင်စရာနည်းနည်းကိုသာ ထောက်ပြမယ်။

ထမင်းသုပ်ဆိုတော့ ထမင်းအဓိကတော့ပေါ့ ကျန်တဲ့ တန်ဆာပလာ(အဆာပလာ) လေးတွေက ကိုယ့်ထည့်လို့လွယ်သလောက်ပေါ့။ 

ပြည်မှာကတော့ အနံမွှေးတဲ့ အင်ဖတ်ထဲ(အင်ဖက်ထဲ) ထမင်း နည်းနည်းထည့်ပြီး 

တန်ဆာပလာ

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) စာမျက်နှာ ၁၂၃

၁။ ဆင်ယင်ဝတ်စားစရာ။ နားတောင်းသစော တန်ဆာပလာ။

၂။ လက်နက် ကိရိယာ။ စစ်ကရိယာ တန်ဆာပလာတို့အတွက် များစွာမသုံးဘဲ။

အဆာ

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) စာမျက်နှာ ၄၆

၁။ အဝတ်အထည် စသည်တို့တွင် မရက်ပဲ ချန်ထားသော ချည်မျှင်။ အစွန်းအမြိတ်။ (မှတ်ရန် မရက်ဘဲလို့ မရေးပါ။)

၂။ မူလအရင်းခံဖြစ်သောအရာတွင် ပိုမိုကောင်းမွန်အောင် မွမ်းမံသည့်အနေဖြင့် ထပ်လောင်း ရောစွက်သောအရာ။ လဘက်စိုကို ရှေးအထက်ကျော်ကာရီက နှမ်းဆီနှင့် စိမ်ထားပြီး နှမ်းလျှော် ပဲလှော် စသော အဆာများဖြင့် ရောယှက်၍။

အဆာသွတ် (အလွန်မှားနေကြသည့် စကားလုံး)

ပိုမိုကောင်းမွန်အောင် မွမ်းမံသည့်အနေဖြင့် မူလပင်ရင်းဖြစ်သော စားစရာတခုအတွင်းသို့ ဖြည့်သွင်းသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ