Skip to main content

သင်ပုန်းကြီး လင်္ကာ



င ငပုဏ္ဏား ဟင်းချက်စားလို့ရေးသလား ငါးပုဏ္ဏားလို့ရေးသလား မမှတ်မိတော့ဘူးဆရာ။

က ကစွန်းပင် ရေမှာရွှင်

ခ ခရမ်းသီး ဓားနဲ့လှီး

ဂ ဂဏန်းကောင် လက်မထောင်

င ငပုဏ္ဏား ဟင်းချက်စား

စ စပယ်ဖြူ မွှေးကြူကြူ

ဆ ဆရာကြီး ခေါင်းလောင်းတီး

ဇ ဇလားမှာ ဆန်ထည့်ပါ

မှတ်ချက် - ကစွန်း နှင့် ကန်စွန်း မူကွဲဖြစ်သည်။ စပယ် နှစ့် စံပယ် မူကွဲဖြစ်သည်။

သင်ပုန်းကြီးဆိုတာ က၊ ခ တို့ကို အသတ်၊ အရစ် စတာတွေ မပါဘဲ ရေးရတယ်။ က ကို ကန်လို့မရေးရ၊ စ ကို စံ လို့မရေးရ။ ကစွန်းကပိုမှန်။ စပယ်က ပိုမှန်တယ်။

ကလေးကို ခလေးလို့ရေးနေကြတယ်။ အသံထွက်အရ တခါတလေ ခလေးပြောတာတော့ မမှားပါ။ ​စာရေးရင် ကလေးကသာ စံကိုက်သတ်ပုံဖြစ်ပါတယ်။ အရင်ကလည်း ကလေးရော ခလေးပါ ရေးခဲ့တာရှိတယ်။ သတ်ပုံစာအုပ်တွေမှာတော့ ခလေးလို့ မရှိပါ။

ကလေးမရသေးသူတွေက ကလေးကို မှန်အောင်မရေးကြ။ ကိုယ်ဝန်ဆောင်တွေက ကိုယ်ဝန်ကို မှန်အောင် မရေးကြပါ။

သူငယ်တန်းမြန်မာစာပါ သင်ပုန်းကြီး အမျိုးမျိုးပြောင်းလာခဲ့တယ်။

က = ကညစ် ပေမှာခြစ်

ခ = ခရာ အသံသာ

ဂ = ဂဏန်း ရေမှာဖမ်း

က = ကလေးငယ် ချစ်စဖွယ်

ခ = ခရေကုံး မလေးပြုံး

ဂ = ဂဏန်းသင် ပြုံးရွှင်ရွှင်

ကန်အစွန်းမှာပေါက်လို့ ကန်စွန်းပင်လို့ရေးတာဆိုပြီး ကြံဖန်ပြောတာကို သဘောမတူပါ။ ကုန်းကစွန်းရှိတယ်။ ရေကစွန်း ရှိတယ်။ ယာကစွန်း ရှိတယ်။ ကန်စွန်းက မူကွဲသတ်ပုံမှန်ပါတယ်။

ငှက်ပျောပင်မှာ ငှက်မနားပါ။ သင်္ဘောပင်ကော သင်္ဘောပေါ်မှာပေါက်ပါသလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ