Skip to main content

ရွှေလရောင် လေးချိုး (သခင်ကိုယ်တော်မှိုင်း)

မြန်မာကဗျာ လက်ရွှေးစင် အလယ်တန်း (၁၉၇၈)

မြို့လုလင် သာတဲ့ကွန်းဆီသို့

တို့သခင် စာဖွဲ့လို့ ညွှန်းလိုက်ကဲ့

ဒါနဲ့ လွမ်းကြပေတော့ကွာ ။

မြို့သူကြီးရယ်လို့

တို့ထီး နေတမျှပေ ပေါ့

ရွှေလရောင် ဘွဲ့သတင်းရယ်နဲ့

ဦးမင်းရောင် ဗိုလ်ဝင်ခံလို့မို့

ဟိုအလျင်ယမန် စစ်အင်ကျင်းတယ်

ခင်းတဲ့ဗျူဟာ။

မြတ်လောကီ သဘာဝတွင်ဖြင့်

ဓာတ်ကောလီ ခါမရတာမို့

မြန်မာမျာ့ ဘုန်းသမ္ဘာ

ရှုံးပါပေါ့ ကံတမျိုး။

မန်းအပျက်မှာ

စန်းလဂ် မသာမယာမို့

ဗမာ ဗမာချင်းတောင်မှ

အတင်း ရန်မူလို့

ရန်သူကို ရန်ဟူ၍မမှတ်တဲ့ပြင်

ကိုယ့်တပ်ကိုယ် ပြန်ကာနင်းကြတဲ့

ဖျင်းလှတဲ့ ကမြင်းမအကောင်ဗိုလ်တချို့ရယ်က

ကိုယ်ဖို့ အလွတ်ရုန်းရောမယ်လို့

တောင်ကုန်းသာသာယာယာ မြင်းမဏိစခန်းဆီက

တရှောင်ရှောင်ပုန်းကာ အတွင်းသိတဲ့

မင်းအမိဖမ်းချင်ကြတဲ့ပြင်

ပရမ်းပတာ တော်ရာလျော်ရာပြေးကြတော့

အရေးရှင် မကြံသာသနဲ့

ကံကြမ္မာ ရှေးဝဋ်ကြွေးပေထင့်

လေးတိုင်စဉ် ရွာအတွင်းတွင်ဖြင့်

အင်္ဂလိပ်တွေကို အတင်းကြိတ်မဟေ့လို့စမ်းခဲ့တဲ့

တဖောင်ဖောင်သတင်း တပြောင်ပြောင်လင်းခဲ့တဲ့

တောင်တွင်းကသခင်ကို အောင်တြင်းမရခင်ဖမ်းတဲ့ပြင်

အကြမ်းပတမ်း မလုပ်ကောင်းသော်လဲ

ဥက္ခောင်းဖြတ်ကာ အသေသတ်ကြသတဲ့

မကျေနပ်ရှာသူ ချောင်တပဲ့ဗန်းတို့ရဲ့

ပြေရပ်မှာ တဘောင်နဲ့လွမ်းကြပေတော့

တောင်တမန်းမြို့ နေလနှစ်ဆောင်အညှိုးတွင်ဖြင့်

ပြေမြန်မာ့ တဘောင်မစိုးရရှာတဲ့

အခေါင်အမြန်း အမှောင်သန်းသမို့ အောင်ပန်းညို့ခဲ့ရတဲ့

အောင်ဆန်းတို့ ရွှေလရောင်အဖိုး ... ။ ။

ခုခေတ်မှာ -

နေတစ်မျှပေါ့တဲ့။

ဗိုလ်တစ်ချို့ရယ်ကတဲ့။

တစ်ရှောင်ရှောင်ပုန်းတဲ့။

တစ်ဖောင်ဖောင်သတင်းတဲ့။

တစ်ပြောင်ပြောင်လင်း တဲ့။

ပြေရပ်မှာတစ်ဘောင်နဲ့တဲ့။

တောင်တစ်မန်းမြို့တဲံ။

ကံတစ်မျိုးတဲ့။ ပျက်ရော တိုင်းပြည်ရော မြန်မာစာပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ