Skip to main content

၁၇ကြိမ်မြောက် KNU ကွန်ဂရက်

၂၀၂၃ ဧပြီ ၂၈ရက်မှာ ပြီးဆုံးမှာကို အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်တွေ KNU ဌာနချုပ်နဲ့ တပ်မဟာ ၇ တဝိုက် အစင်းရေအများအပြားနဲ့တက်လာလို့ အစည်းအဝေးနဲ့မဲခွဲတာ မလုပ်ရတော့ဘူး Congress ကိုတော့ ဆက်ပြီးကျင်းပသွားမယ်လို့ ထုတ်ပြန်တယ် ပုံမှန်သတ်မှတ်ကျင်းပချိန်ထက် သုံးနှစ်နီးပါးကျော်မှ ကျင်းပဖြစ်တာ ခုတော့ အကြောင်းအမျိုးမျိုးပြပြီး NCA လိုလားတဲ့KNUခေါင်းဆောင်တွေရော အကြမ်းဖက်စစ်တပ်ကပါ ပွဲပျက်အောင် ဖန်တီးနေကြတယ် ကွန်ဂရက်မှာမဲခွဲရင် စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်ကြီးစောဂျော်နီတို့က အသက်ကြီးပြီး ကျန်းမာရေးအရ၊ NCA အပေါ်ဖက်တွယ်လွန်းပြီး ၎င်းတို့ ကိုယ်ကျိုးစီးပွားပါနေတဲ့ KK Parkနဲ့ဆိုင်ရှီကန် စီမံကိန်းတွေ မူးယစ်ဂိုဏ်းနဲ့ဆက်နွယ်နေတာကြောင့် နာမည်ဆိုးထွက်နေကြတာကို ဖုံးဖိချင်ကြလို့ ဥက္ကဌထိုင်ခုံက မဆင်းချင်ကြပဲ ပေကပ်နေကြတယ်

အသက်၉၀ရှိပြီးဖြစ်တဲ့မူတူးစေးဖိုး၊ အသက် ၈၅ကျော်ပြီးဖြစ်တဲ့ စောဂျော်နီတို့က အသက် အရွယ်ပိုင်းအရ အနားယူသင့်နေပြီးဖြစ်တယ် ကရင့်တော်လှန်ရေးနှစ်၇၀ကျော် ခရီးကြမ်းမှာ မအောင်မြင်ခဲ့တာ ကိုယ်ကျိုးအတ္တနဲ့ Narrow Minded Nationalism အမြင်ကျဉ်းမြောင်းမှုကို မဖယ်ရှားနိုင်တဲ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ငါးမျှားချိတ်မှာ အကုန်မြိုမိရက်သားဖြစ်နေပြီးသွေးသစ်မလောင်းနိုင်ရင် ကရင့်တော်လှန်ရေး KNU ရဲ့ လားရာပါ မကောင်းနိုင်ဘူး ကရင် G-Leeကြီးတွေကိုရှင်းထုတ်ရမှာပါ 

နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park နဲ့ BGF က ဗိုလ်ချစ်သူနဲ့ တွဲလုပ်နေတဲ့ ဆိုင်ရှီကန်စီမံကိန်းတွေမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ အတော်များများပါဝင်ပတ်သတ်နေတယ် တရုတ်မူးယစ်ရာဇဝတ်ဂိုဏ်းတွေနဲ့ပါဝင်ပတ်သတ်နေပြီး အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ၎င်းရဲ့လက်ကိုင်တုတ် BGF ကတဆင့် ကရင်အချင်းချင်းငါးစာတပ် မမြို မြိုအောင် ဖန်တီးပြီး သူတို့ကြိုးကိုင်နိုင်အောင်လုပ်ထားပြီးသားပါ တကယ်တမ်း ခေါင်းကိုင်က တရုတ်ဖြစ်ပြီး ထိုင်းစစ်အစိုးရနဲ့ မြန်မာအကြမ်းဖက်စစ်တပ်တို့ KNU မလှုပ်နိုင်အောင် ဇတ်ချုပ်ပြီးသားပါ နွေဦးတော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာချိန်မှာ KNU အောက်ခြေတပ်မဟာနဲ့ ကရင်လူထုကြား နိုင်ငံရေးအသိအမြင်နိုးကြားလာကြပြီး KNU ဗဟိုရဲ့မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်ပေါ်လစီကို မေးခွန်းထုတ်ကြတယ်

အဓိက KNU ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ NCAဘာကြောင့် ဖက်တွယ်လွန်းတာ၊ BGF တွေနဲ့ လောင်းကစားမြို့တော်စီမံကိန်းမှာ ပါဝင်ယှက်နွယ်နေတာကို ကရင်လူထုနဲ့ ကရင်အဖွဲ့အစည်းတွေက ဖြေရှင်းချက်တောင်းနေကြတာ ၂၀၂၃မတ်လကတည်းကပဲ KNU ခေါင်းဆောင်တွေ အကုန်ဖင်ပိတ်ငြင်း နေကြပေမယ့် စီမံကိန်းနဲ့ပတ်သတ်တဲ့လက်မှတ်တွေ ထိုးကြတာ ငြင်းမရဘူး KNU ကာကွယ်ရေးမှူးကြီး ပဒိုစောရော်ဂျာခင် စီမံကိန်းကို တက်ရောက်ခဲ့တာ ပါဝင်ပတ်သတ်မှုရှိတာကို မရှင်းပြနိုင်ခဲ့ဘူး အထူးသဖြင့် KNU တပ်မဟာ ၇နယ်မြေမှာ Lion battalion စစ်ကြောင်းမှူး ဗိုလ်အယ်ဆေးဝါးကို နှစ်ဖက်ညှပ်ပြီးတိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်ပြီး တပ်မဟာ ၇ တပ်မဟာမှူးဗိုလ်မှူးချုပ်စောဖောဒိုနဲ့ ဗျူဟာမှူးစောဒီကွယ်တို့ BGFနဲ့ပတ်သတ်တာကို မပြောပဲ KTLA ကို တပ်မဟာ ၇နယ်မြေမှာ စစ်ရေးမလှုပ်ရှားဖို့ စာထုတ်တယ်ဓားစာခံဖြစ်သွားတာက PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအဲခူး ကိုယ့်ကိုယ်ကို Suicide လုပ်သွားတယ်အဓိက KNUခေါင်းဆောင်တွေ အကြမ်းဖက်စစ်တပ်လက်ကိုင်တုတ်ဗိုလ်ချစ်သူနဲ့ ကိုယ်ကျိုးစီးပွားဆက်နွယ်နေမှုကို alibi မပြနိုင်ဘူးဖြစ်နေတယ် သည်ကတဆင့် အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ NCA အပေးအယူလုပ်ပြီး တော်လှန်ရေးအင်အားစုနဲ့ NUG ကို ကရင်နယ်မြေမှာ အလုပ်မဖြစ်အောင် ပိပိရိရိ လုပ်ဇာတ်ခင်းနေတာ ခုတော့ ဘူးပေါ်သလို ပေါ်လာနေတယ် အကြမ်းဖက်စစ်တပ်ဘက်ကလည်း KNU ခေါင်းဆောင်ပိုင်းတွေကိုသာဖြုတ်ချပြီး NUG နဲ့သွားမယ့် KNU ခေါင်းဆောင်တွေတက်လာရင် ကရင်နယ်မြေတွေလွတ်မြောက်နယ်မြေဖြစ်လာပြီး တော်လှန်ရေးအင်အားစုတွေအတွက် ဘူမိနက်သန်ဖြစ်လာမယ် နယ်စပ်ကုန်သွယ်ရေးကိုထိန်းချုပ်နိုင်ရုံသာမက BGF ထိန်းချုပ်နေတဲ့ ရွှေကုက္ကိုလ်ကိုလက်လွတ်ခဲ့ရရင် BGFသာမက အကြမ်းဖက်စစ်တပ်၊ ထိုင်းစစ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီ(CCP) တို့ပါ အကျိုးစီးပွားပဒပ်ရပ်ပြီး ဗျဂ္ဃဇာကျင့်သွားလိမ့်မယ် နွေဦးတော်လှန်ရေးရဲ့အချိုးအဆစ် အလှည့်အပြောင်းဖြစ်လာပြီး USအနေနဲ့လည်း စစ်ကောင်စီကို အဓိကထိုးနှက်မယ့်နေရာဖြစ်လာမယ် ဒါကြောင့်လည်း KNU Congress ကျင်းပနေတဲ့ နောက်ဆုံးရက်မှာ တိုက်လေယာဉ်တွေအများအပြားသုံးပြီး အင်အားသုံးခြိမ်းခြောက်ပြနေတာဖြစ်တယ် အချိန်ဆွဲပေးခြင်းအားဖြင့် KNU ဥက္ကဌ စောမူတူးစေးဖိုး၊ ဒုဥက္ကဌစောကွယ်ထူးဝင်း၊ ဘားအံခရိုင် ဥက္ကဌအောင်မော်အေး၊ ပဒိုစောရော်ဂျာခင်စောဖောဒိုတို့ကို သူတို့နေရာ ရာထူးအတိုင်းရှိစေခြင်းဖြင့် တော်လှန်ရေးကိုနှောင့်နှေးအောင် ယာယီ ထိန်းပေးထားတယ် အသက်ကယ်ဆေး ဘယ်လောက်ထိုးထိုး KNU ခေါင်းဆောင်ပိုင်အပြောင်းအလဲဖြစ်တော့မှာကို အကြမ်းဖက်စစ်အုပ်စုက ကြိုတင်တွက်ဆထားပြီးဖြစ်သလို သူတို့ရဲ့ အရေးပေါ်အားထားရာနည်းလမ်းဖြစ်တဲ့ သပ်လျိုသွေးခွဲနည်းတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေကို KNLA နဲ့PDFအကြား မီးကုန်ယမ်းကုန်နဲ့ ဆင်နွှဲနေပြီးဖြစ်တယ် ဒါကို NUG အနေနဲ့ သတိထားဖို့လိုမယ် အကြမ်းဖက်စစ်တပ်အနေနဲ့ တော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်းမှာ မီးဇာကုန်ဆီခမ်းဖြစ်လာပေမယ့် ယခုထက်ထိ ဟန်မပျက်နေနိုင်တာ EAOs အချင်းချင်းစည်းလုံးမှုမရှိအောင် သပ်လျှိုခြင်း၊ သွေးခွဲခြင်း အကြိုက်လိုက်ကျွေးပြီး မသင့်မတင့်ဖြစ်အောင်လုပ်နိုင်တာအပြင်၊ အိမ်နီးချင်းဆိုးတွေရဲ့အကူအညီပေးမှုနှင့် နိုင်ငံတကာက လက်တွေ့အရေးယူမှုမရှိခြင်းကြောင့် ရက်ရက်စက်စက်အကြမ်းဖက်ဖိနှိပ်မှုတွေ လုပ်နေနိုင်တာဖြစ်တယ်

ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲက မေလ ၁၄ရက်မှာကျင်းပမှာဖြစ်တဲ့အတွက် မြန်မာအကြမ်းဖက်စစ်အုပ်စုအနေနဲ့ ထိုင်းစစ်အစိုးရကနေအကူအညီက အကန့်အသတ်နဲ့သာရရှိတော့မှာဖြစ်တယ် ထိုင်းအနေနဲ့ ညွှန့်ပေါင်းအစိုးရဖြစ်လာနိုင်ပြီး အရင် ပရန်တင်ဆူလာနွန်ဒါလို ထိုင်းဘုရင်ကို ထိန်းချုပ်နိုင်တဲ့ ဗိုလ်ချုပ်လိုမျိုး ပရာရွတ်ချန်အိုချာမှာ မရှိတဲ့အတွက် ဖွဲ့စည်းပုံကို ဘယ်လိုရေးဆွဲသည်ဖြစ်စေ အရပ်သားညွန့်ပေါင်းအစိုးရဖြစ်ဖို့ များနေတယ် ထိုင်းက သူ့မဟာမိတ်အမေရိကန်နဲ့ တရုတ်ကိုဘာဟာချည်းကပ်မလဲမေးရင် အမေရိကန်ကိုပဲ ရွေးလိမ့်မယ် အကျိုးစီးပွားအတွက် မြန်မာနဲ့အလုပ်လုပ်ရင် အရင်လိုပလူးပလဲနေရဲမှာ မဟုတ်တော့ဘူးဆင်ကန်းတောတိုး ကူညီရဲမှာမဟုတ် အကန့်အသတ်နဲ့သွားပါလိမ့်မယ် KNU အနေနဲ့ရော NUG+PDFပါ အရိပ်သုံးပါး နားလည်ဖို့တယ်

[To know which side of the bread] တော်လှန်ရေးအရှိန်မြင့်လာလေလေ အခွင့်အလမ်းကြားမှာ အခက်အခဲတွေရှိသလို အန္တရာယ်တွေကြားထဲမှာ အခွင့်အလမ်းပေါ်လာတာကို မြင်တတ်ဖို့လိုသလို အမိအရဆုပ်ကိုင်နိုင်ဖို့လိုတယ် အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းက အလွှာပါးပါးလေးသာခြားနေပြီး ဆုံးဖြတ်ချက်၊ စီမံခန့်ခွဲမှု၊ လားရာကိုမျက်စိတဆုံးမြင်တတ်မှုက သိပ်အရေးကြီးလာတယ်

သမိုင်းကို ရေးထိုးဖို့ အချိန်ရောက်လာပြီး NUG+ EROs+ PDFတွေ အောင်မြင်ပါစေလို့ အလေးအနက်ဆုတောင်းပေးနေတယ် Written by: A.M.H (Irony)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ