မြေးမလေး ပထမတန်းတက်ရမှာ သင်ရမည့်စာအုပ်ကိုဖတ်ကြည့်မိပါသည်။ စနစ်သစ်ပညာရေး၏အလွဲများစွာတွေ့ပါသည်။စာအုပ်မှာလည်းသေသေသပ်သပ်မရှိပါ။ပစ္စလက်ခတ်ရိုက်နှိပ်ထားပါသည်။ဤအရွယ်မှစ၍မှားပါသဖြင့် လူကြီးတွေပါမှားနေသည်မှာ များစွာစိတ်မကောင်းဖြစ်မိပါသည်။ဆရာကျန်းမာပါစေ။
ဟုတ်။ ပို့ပေးတဲ့ ကျောင်းသုံးစာအုပ် စာမျက်နှာတိုင်းမှာ အမှားတွေပါနေတယ်။
အဲလိုထောက်ပြတဲ့အခါ -
- ကွန်ပြူတာစာရိုက်သူမှာသာ အပြစ်ရှိသတဲ့
- ပုံနှိပ်တိုက်မှာသာ အပြစ်ရှိသတဲ့
- ဒီဇိုင်းဆွဲသူမှာသာ အပြစ်ရှိသတဲ့ စသဖြင့် ထမင်းရေပူ လျှာလွှဲသူတွေ ပေါ်ပေါ်လာတယ်။
အမှားက နိုင်ငံတော်အမှား ဖြစ်တယ်။
- ကျောင်းသုံးစာအုပ် ရေးသားပြုစု ထုတ်ဝေရေးမှာ တာဝန်ရှိသူတိုင်းမှာ တာဝန်ရှိတယ်။
- ပညာရေးဝန်ကြီးကအစ ဝန်ကြီးဌာနတခုလုံးမှာ အပြစ်ရှိတယ်။
- ပညာရေးဝန်ကြီးကို ရွေးချယ်တာဝန်ပေးသူမှာ အပြစ်ရှိတယ်။
- နိုင်ငံတော်ကြီးတခုလုံးမှာ တာဝန်ရှိတယ်။
- ကျွန်တော်လည်း ပါတယ်။
ဒေါက်တာတင့်ဆွေ













Comments
Post a Comment