Skip to main content

Voice Mail

အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို ဘယ်သူကပို့ပို့ မဖွင့်ပါ

မဖွင့်ရဲပါ။ ဘာတွေပြောထားသလဲ မသိ။

ကျွန်တော်က သီးသန့်ရုံခန်းမှာ အလုပ်လုပ်ရသူ မဟုတ်။ 

အနားမှာ ကလေးတွေရှိနိုင်။ ဘုန်းတော်ကြီးတွေရှိနိုင်။ တစိမ်းတရံတွေလည်း ရှိနိုင်။

အသံတွေက ချီးမွမ်းတာလည်း ဖြစ်နိုင်။ ဆဲရေးတာလည်း ဖြစ်နိုင်။

အညစ်အကြေး မေးခွန်းတွေ၊ မျိုးပွားလမ်းမေးခွန်းတွေလည်း ဖြစ်နိုင်။ 

မဖွင့်ရဲပါခင်ဗျား။

ဒီအကြောင်းကို အခါ ၂၀ လောက် တင်ပြထားပြီးပြီ။

စာနဲ့ရေးတာတိုင်းကို ဖတ်တယ်။ ဖေါင့်မတူလည်း ပြင်ဖတ်တယ်။ ဘိုလိုလည်း ရပါတယ်။ ကပြားလည်း ရတယ်။

သတ်ပုံမမှန်လည်း ပြင်ပေးတယ်။ ဖြေတတ်တာကိုတော့ ပြန်ဖြေတယ်။

ဒေါက်တာတင့်ဆွေ

Comments