Skip to main content

ညင်း ညှင်း


- တခါတလေ မှားပြီး ဟထိုးထည့်မိတယ်၊ အဲဒါဆို မုန်ညှင်းဖြစ်သွားရော၊ ကျနော့မွေးရပ်ကျ ဟထိုးပါတယ်၊ ကချင်ပြည်နယ် မိုးညှင်းမြို့။
- အခုခေတ်သတ်ပုံမှာ လေညှင်းကို လေညင်း ဆိုပြီး ဟထိုးမထည့်တော့ပြန်ဘူးဆရာ
- ဟ ထိုး ဆိုသည်မှာ ဟ ဆင့်လိုက်ခြင်းပင်ဖြစ်သည် မ ကို ဟဆင့်လိုက်ရာ မှ ဖြစ်လာသည်
- ဆရာဗျား၊ လေ​ပြေ လေညှင်း နဲ့ လေပြည် လေညင်း အသုံးနှစ်ခု မှာ ဘယ်ဟာကို သုံးရမလဲဆိုတာ ဘဝင်မကျဖြစ်နေပါတယ်။
သူငယ်တန်းဖတ်စာ - ၃
နေဝင်ရီတရော အချိန်ကျပြီ။
လေပြေလေညှင်း လာနေသည်။
ချောင်းရေ တသွင်သွင် စီးနေ၏။
ကွင်းပြင်တခုလုံး စိမ်းစိမ်းစိုစို ရှိ၏။
ကျွဲနွားများလည်း ရွာသို့ပြန်လာကြပြီ။
ရှုခင်း သာယာလှပေသည်။
သူငယ်တန်းဖတ်စာနောက်မှာ ထွက်တဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀)
လေညင်း = ဖြည်းညင်းစွာ တိုက်သောလေ။
မိုးတလုံးလေတလုံး = မဟုတ်မဟတ် ပလွှားဝင့်ဝါလျက်။ စကားချဲ့ကား ဝင့်ကြွားလျက်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ညင်း = အကြမ်းအတမ်း အလျင်အမြန် မဟုတ်သော။ အသာအဖြည်း ဖြစ်သော။ ပရမေမှန်ကင်း၊ လူ့သနင်းလျှင်၊ သံညင်းမိန့်ခြေ၊ ဟောတုံပေက။
ညင်းညင်းသာသာ = ဖြည်းညင်းသက်သာစွာ။ သာယာညင်းပျောင်းစွာ။ နူးနူးညံ့ညံ့။
ညင်းပျောင်း = ချိုသာနူးညံ့သည်။ လူကြီးလူကောင်း၊ လူအပေါင်းနှင့်၊ ညင်းပျောင်းတိုင်ပင်၊ ဘန်စီရင်လျက်။
ညှင်း = ဖြူခြောက်ခြောက် အကွက်အပြောက်များပေါ်သော အရေပြားရောဂါတမျိုး။
ညှင်း = ဆင်သတ္တဝါ၏ အရေတွင်ရှိသော အနီပြောက်၊ အနီကွက်။
ညှင်း = စက္ကူဖဲတွင်ပါသော လေးညှင်းပွင့်ပုံ ဖွဲပွင့်။
ညှင်း = အမဲသား၊ ဆိတ်သား စသည်တို့ကို သေးငယ်သော အချောင်းအချောင်းဖြစ်အောင် လှီးသည်။
လေညင်းသွဲ့သွဲ့
ပိတောက်တွေသင်းလည်း လေညှင်းထဲမှာ သွေးနံ့ပါတယ်၊
အခြားသတ်ပုံကျမ်းများ
ညှင်း
အမဲသားညှင်း
ညှင်းဖဲပွင့်
ညှင်းရောဂါ
ညှင်းပြောက်
ညှင်းလုံး ဂီတသံစဉ်
ညှင်းလုံးပြောက်အဆင်
ညင်
ညင်သာ
ညင်း
ညင်းညင်းသာသာ
ညင်းပျောင်း
မုန်ညင်းပင်
မုန်ညင်းရွက်
မုန်ညင်းဖူး
မုန်ညင်းချဉ်
မုန်ညင်းဆီ
မုန်ညင်းခင်း
မုန်ညင်းဖြူ
အိုးမုန်ညင်း
မုန်ညင်းထုပ်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ