Skip to main content

9/11 နိုင်း-အလဲဗင်း

ကွန်မင့်တခု = ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ၊ စက်တင်္ဘာလ ၁၁ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုအတွက်၊ တကယ့်အထင်ကရနေ့ပါဆရာ။ တခုခုရေးပေးစေချင်ပါတယ်။

တချို့လည်း မေ့လောက်ပြီ။ နိုင်းအလဲဗင်းဆိုတာ ယူအက်စ်အေမှာ မေ့စရာနေ့မဟုတ်ပါ။ နိုင်း-အလဲဗင်းမှာ ဘာဖြစ်ခဲ့သလဲဆိုတာ အမေရိကန်နိုင်ငံသားဖြစ်လိုသူတိုင်းကိုမေးတဲ့ မေးခွန်း ၁၀၀ ထဲက တခုဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကဖြစ်ခဲ့တာ။ ၂၂ နှစ်ရှိပြီ။ အဲဒီနေက ကျွန်တော်တို့မိသားစုအကုန် နယူးဒေလီမှာ နေကြရတယ်။ သတင်းကို ဦးဆုံးလာပြောသူက သားအကြီးဆုံး (ကွယ်လွန်)။ တီဗွီမှာ တိုက်ရိုက်လာနေပြီ။ သတင်းတွေကို ဆက်တိုက် ကြည့်နေကြရတယ်။

၂-၅-၂၀၁၁ Osama Bin Laden အိုဆာမာ ဘင် လာဒင်ကို သုတ်သင်ရှင်းလင်းတဲ့နေ့ကလည်း ကျွန်တော်က နယူးဒေလီမှာသာ ရှိသေးတယ်။ ပါကစ္စတန်နဲ့ မဝေးလှပါ။ သတင်းတွေ ၂၄ နာရီလာတယ်။

ယူအက်စ်အေသမိုင်းလည်း ပြောင်းသွားတယ်။ အကြမ်းဖက်အဖွဲ့တွေကလည်း ဘင်လာဒင်နောက်မှာ ဆက်ဖြစ်နေပါတယ်။

Al-Qaida and ISIS အစ္စလမ်းမစ် အစွန်းရောက် အကြမ်းဖက်အဖွဲ့များ

၄-၉-၂၀၁၇ နေ့က ရေးထားတာ။ လွန်ခဲ့တဲ့သုံးနှစ်တိတိက အယ်လ်ကိုင်ဒါအဖွဲ့ကနေ တောင်အာရှတိုက်မှာ အခြေစိုက် လှုပ်ရှားမယ်၊ အဲလို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှုတွေလုပ်တဲ့အခါ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာနိုင်ငံပါမယ်လို့ အယ်လ်ကိုင်ဒါခေါင်းဆောင် Ayman Mohammed Rabie al-Zawahiri ဇာဝါဟာရီကနေ ဗီဒီယိုကနေတဆင့် ကြောညာတဲ့သတင်း ရေးခဲ့ပါသေးတယ်။ ဒိအရင် မြန်မာပြည် ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ ပူလောင်နေချိန်မှာ မူဂျာဟီဒင်နဲ့ ဂျီဟဒ်အကြောင်းလဲ ရေးဖြစ်ပါတယ်။ ဒါကြောင့် အစ္စလမ်းမစ် အစွန်းရောက် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေအကြောင်း မိတ်ဆက်သဘော ရေးပါရစေ။

ကနေ့ကမာ္ဘ့သတင်းခေါင်းစဉ်တွေမှာပါနေတာက ISIS အဖွဲ့ရဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဓါးစာခံတွေဖမ်းထားပြီး ပြန်ပေးငွေတောင်းတာမရလို့ ခေါင်းဖြတ်သတ်တာလဲနှစ်ခါရှိနေပြီ။ နယူးယော့ခ်မှာရှိတဲ့ ကမာ္ဘ့ကုန်သွယ်ရေးစင်တာကို ၁၁-၉-၂ဝဝ၁ နေ့မှာ လေယာဉ်ပျံနဲ့ အသေခံတိုက်ပြီး ဖြိုဖျက်ခဲ့ရာကနေ နာမည်ကြီးခဲ့တဲ့ အယ်လ်ကိုင်ဒါခေါင်းဆောင် Osama bin Laden ဘင်လာဒင်ဟာ ကမာ္ဘကို ကိုင်လှုတ်ခဲ့တယ်။ ဒိနောက်မှာ ပါကစ္စတန်နိုင်ငံထဲမှာ ပုန်းအောင်းနေတဲ့ ဘင်လာဒင် ကို ၂-၅-၂ဝ၁၁ နေ့မှာ အမေရိကန် အထူးတပ်ဖွဲ့တွေကနေသတ်ဖြတ်ခဲ့တယ်။ သူဟာ အာဖကန်နစ္စတန်ကိုသိမ်းထားတဲ့ ဆိုဗီယက်တွေကို ပြန်တိုက်နေတဲ့ Mujahideen မူဂျာဟီဒင်အဖွဲထဲကို ဝင်ခဲ့တယ်။ အဲသည်တုံးက ဆိုဗီယက်ရဲ့ ပြိုင်ဘက် အမေရိကန်ကနေ Operation Cyclone နဲ့ ကူညီခဲ့တယ်။ အဲလိုအကူအညီကို ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ ISI ကနေတဆင့် ကူခဲ့တာဖြစ်တယ်။ ဘင်လာဒင်သေပြီးတဲ့နောက်မှာ ဇာဝါဟာရီကနေ ၂ဝ၁၁ ကတည်းက ဦးဆောင်နေတယ်။

လက်ရှိ Islamic State of Iraq and al-Sham (ISIS) အဖွဲ့ကို Abu Mohammad al-Adnani အယ်လ်-အဒါနီကနေ ဦးဆောင်နေတယ်။ ဒီအစ္စလမ်းမစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့ကြီးနှစ်ဖွဲ့မှာ မတူတာတွေ ရှိတယ်။ အခုဆိုရင် အပြိုင်အဆိုင်လို ဖြစ်လာနေတယ်။ ဒီနောက်ပိုင်းမှာ ကြမ်းတဲ့နေရာမှာ ISIS က လက်ဝါးဇောင်း ပိုထက်လာတယ်။ လူငယ်တွေကို ဘာသာရေးနဲ့မှိုင်းတိုက်ရာမှာလဲ ပိုသာတယ်။ လက်ရှိ အဖွဲ့ဝင်အင်အား ၈ သောင်းကနေ ၁ သိန်းရှိတယ်။ AQ အဖွဲ့မှာ ၁ သောင်းမပြည့်ဘူး။

ISIS ထဲမှာ ဥရောပနိုင်ငံသားဖြစ်နေတဲ့ မွတ်ဆလင်တွေအတော်များနေပြီ။ ပြင်သစ်က ၇ဝဝ ကျော်၊ ဗြိတိန်က ၅ဝဝ ကျော်၊ ဂျာမဏီက ၃၅ဝ ယောက်။ မွတ်ဆလင်နိုင်ငံတွေထဲမှာ  မလေးရှားက ၅ဝ ယောက်၊ အင်ဒိုနီးရှားက ၃ဝ ယောက်နဲ့ အိန္ဒိယက ၂ဝ ယောက်လောက် ဝင်ထားကြတယ်။ ဒီနှစ်ဖွဲ့ဟာ အယူအဆရေးရာမှာလဲ မတူကြပါ။ မွတ်ဆလင်ထဲမှာ လူနည်းစုဖြစ်တဲ့ Shia Islam (Shias or the Shi'a) ရှီယာတွေကို တိုက်မယ်၊ ပေါင်းမယ်မှာ မတူကြပါ။ နှစ်ဖွဲ့လုံးက Islamic caliphate ကိုထူထောင်ချင်နေတာ ISIS ကဦးသွားပြီ။ မွတ်ဆလင်နိုင်ငံတွေထဲက မဟာမိတ်တွေလဲ ကွဲပြားကြတယ်။ လက်ရှိမှာ ISIS က ဆီးရီးယားမှာ ဌာနချုပ်ထားပြီး ဆီးရီယားနဲ့ အီရတ်မှာ အများဆုံးလှုပ်ရှားနေပြီး AQ ကတော့ ပါကစ္စတန်မှာသာ အခြေစိုက်နေတယ်။

၄-၉-၂ဝ၁၄ နေ့က ကြောညာချက်ထွက်လာတာဟာ AQ ခေါင်းဆောင် ဇာဝါဟာရီကနေ အဖို့ မဖြစ်မနေ နယ်ချဲ့လာရတာမျိုးလို့လဲ ယူဆနိုင်တယ်။ ယှဉ်ကြည့်ရင်သာ အင်အားနည်းပေမဲ့ AQ ရဲ့ရန်ကို ဘယ်သူမှ လျှော့တွက်လို့မရပါ။ ကျွန်တော်တို့တတွေ မပေါ့ကြဘို့အရေးကြီးပါတယ်။

ISIS အဖွဲ့ကို ငွေကြေးထောက်ပံ့ပေးနေသူတွေထဲမှာ ဆော်ဒီအာရေးဗီးယားက ထိပ်မှာရှိတယ်။ ဆော်ဒီ အစိုးရကနေတော့ တိုက်ရိုက်ပေးနေတဲ့အထောက်အထားမတွေ့ရသေးပါ။ ဆော်ဒီက ISIS ကို အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်တယ်။ တိုင်းပြည်လုံခြုံရေးကိုထိခိုက်နိုင်တယ်လို့ ယူဆထားတယ်။ ISIS အဖွဲ့၊ Jabhat al-Nusra အဖွဲ့၊ Muslim Brotherhood အဖွဲ့၊ ယီမင်နိုင်ငံက Houthi အဖွဲ့နဲ့ Saudi Hezbollah အဖွဲ့တွေကို အကြမ်းဖမ်စာရင်းထဲထည့်ထားတယ်။ ဆော်ဒီက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ ကူဝိတ်ကတဆင့်ဆီးရီးယားကိုငွေပို့နေတယ်။ အရင်က အဲလိုကိုယ့်တိုင်းပြည်က ငွေသုံးပြီး al-Qaeda  အယ်လ်ကိုင်ဒါတွေကနေ ဆော်ဒီအစိုးရကိုတိုက်တာရှိခဲ့တယ်။ ဆော်ဒီမှာ အစိုးရကိုသဘောမကျတဲ့ နိုင်ငံသားတွေလဲရှိတယ်။ ဆော်ဒီနိုင်ငံသားတွေကနေ ဆီးရီးယားက ISIS အပါအဝင်အဖွဲ့တွေအတွက် ဒေါ်လာသန်းရာနဲ့ချည်ပြီး ပေးနေကြတယ်။

ISIS မှာ သီးခြားငွေရလမ်းတွေရှိပါတယ်။ ရေနံမှောင်ခိုလုပ်ငန်း၊ လက်နက်မှောင်ခိုလုပ်ငန်း၊ ရှေးဟောင်းပစ္စည်း မှောင်ခိုလုပ်ငန်း၊ ပြန်ပေးဆွဲလုပ်ငန်း၊ တရားမဝင်အခွန်ကောက်လုပ်ငန်း (တလမှာ ဒေါ်လာ ၈ သန်းရနေတယ်)၊ ဓါးပြတိုက်ခြင်း၊ အတုပြုလုပ်ခြင်းတွေကနေရနေတယ်။ ဥပမာ ဇွန်လထဲတုံးက Mosul central bank မူဆူးလ် ဗဟိုဘဏ်ကို ဝင်စီးလို့ ဒေါ်လာ သန်း ၄၃ဝ ရခဲ့တယ်။ နောက်ပြီး ISIS ကို ငွေကြေးထောက်ပံ့နေသူတွေဟာ ဆော်ဒီအပြင် ကူဝိတ်နဲ့ ကာတာနိုင်ငံတွေမှာလဲရှိတယ်။ ကူဝိတ်မှာက ငွေကြေးဥပဒေက ရော့ရဲလို့ အဲလိုလုပ်ရတာအဆင်ပြေစေတယ်။

ကနေ့ ယူအက်စ်အေမှာ အင်မတန်သြဇာကြီးတဲ့ ဟုမ်းလန်း လုံခြုံရေးဝန်ကြီးဌာနဆိုတာ နိုင်း-အလဲဗင်းကြောင့် ပေါ်လာတာ။ ယူအက်စ်အေကို ဘယ်နည်းနဲ့လာလာ လာမဲ့သူတိုင်းကို စစ်ဆေးမှုတွေ အဆင့်ဆင့် လုပ်ပါတယ်။ လေဆိပ်တွေမှာ၊ ရုံးတွေမှာ ဖိနပ်၊ ခါးပတ် စတာတွေ ချွတ်ရတာလည်း အဲဒီကနေစတယ်။ အများကြီး ရှိသေးတယ်။ 

ရေးထားတဲ့စာတွေက ၂၀၁၄ ခုနှစ်ကသာဖြစ်ပါတယ်။ နောက်အဖြစ်အပျက်အရေးပါတာတချို့ကိုလည်း ရေးထားသေးတယ် အကုန်တော့ မရေးအားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...