ပုံပို့ပေးသူ ကျေးဇူး။ ၁၉၉၁ စက်တင်ဘာလထုတ် မြန်မာအဘိဓာန်မှာ ဒါး စာလုံးသီးသန့် မပါတော့ပါ။ ပြဒါးတော့ ပါသေးတယ်။ ဘယ်အချိန်မှာ ပြဓားဖြစ်မလဲ မပြောတတ်။
အဲဒီကတည်း ဒါး ကို မသိကြတော့ပါ။ မင်းဆွေရေးတဲ့ ဒါး စာအုပ်ကို ပြင်ထုတ်သူတွေက ဓားတဲ့။ ပြန်တင်သူတွေက ဓါးတဲ့။
ကျွန်တော့ခွဲစိတ်ဒါး အခုထိထက်ပါသေးတယ်။ အခုအိမ်မှာလည်း မီးဖိုးသုံးတွေရော၊ သစ်ပင်သုံးတွေပါ ဒါးတွေ အကုန်ထက်တယ်။
လူအများစုက ကျွန်တော့ကို တ နဲ့ တစ် သာရေးတယ်ထင်နေကြတယ်။ မြန်မာစာဒါး တုံးနေပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment