လက်ရှိမြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာအဘိဓာန်နဲ့ သတ်ပုံကျမ်းကိုသာ ဖတ်ဖူးသူတွေက ဓား လို့သာ သိကြတယ်။ ကျွန်တော်ကတော့ ငယ်စဉ်ကတည်းက ဒါး လို့ရေပါတယ်။ ဆရာဝန်ဖြစ်တော့လည်း ခွဲစိတ်ဒါး သုံးရတယ်။ ပြဒါးတိုင်နဲ့ အပူချိန်တိုင်းရတယ်။
မြန်မာစာအကြောင်းလေးတွေ တင်ပြရချိန်မှာ သတ်ပုံကျမ်းမျိုးစုံ၊ စာအုပ်ပေါင်းစုံ ဖတ်ရတယ်။
ဒါး၊ ဓား၊ ဓါး လို့သာမက ထားလို့လည်းရေးခဲ့တယ်။ ကဝိဓဇသတ်ပုံမှာ -
ထား
ထားနှင့်ခုတ်။ ထားကမ်း။ ခုတ်သောထား။ အိမ်နှင့်ဆောင်ထား။
မြန်မာစာမှာ မူကွဲစာလုံးတွေ ရှိပါတယ်။ မူရင်းစာအုပ်ထဲမှာ ရေးထားတာကို ကိုယ်ထင်သလို မပြင်ရပါ။
မင်းဆွေရေးတဲ့ ဒါးဝတ္ထုကို ပြန်ထုတ်သူတွေက ဓားလို့ကတမျိုး၊ ဓါးလို့ကတမျိုး ပြင်ထုတ်ကြတယ်။ မလုပ်ရပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment