"ဝါခေါင်" လို့ရေးတာ "တခေါင်" ဖြစ်ခြင်းဟာ ဖေါင့်ကြာင့်ပါလို့ ကွန်မင့်တွေ ရေးပါတယ်။ ကျေးဇူး။
ကျွန်တော်လည်း အဲလိုတွေးမိပါတယ်။ နောက်ထပ်တင်ပြလိုတာတခုက ဘုရားပုံနဲ့ သတ်ပုံအမှား။
ဘယ်ဘာသာရေးက ဘုရားပုံနဲ့ဖြစ်စေ စာလုံးပေါင်းသတ်ပုံနဲ့ စပယ်လင်အမှားတွေ တွဲမတင်သင့်ကြပါ။
ဗုဒ္ဓဘာသာ ဘုရားပုံ၊ ဆရာတော်ကြီးတွေပုံတွေနဲ့အတူ မြန်မာစာနဲ့ ပါဠိစာ အမှားတွေနဲ့ တွဲတင်နေကြတာတွေ နေ့တိုင်းလိုလို တွေ့နေရတယ်။ ကုသိုလ်ရကြမယ်လို့ နည်းနည်းလေးမှ မထင်ပါ။ သာသနာပြုနေကြတယ်လို့လည်း နည်းနည်းလေမှ မထင်ပါ။ ဘာသာတရားကိုရော စာစကားကိုပါ ဖျက်ဆီးနေကြတာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment