ပို့စ် တခု
(စ) ‘တစ်' နဲ့ 'တ' စာရေးဆရာကြီး နန်းညွန့်ဆွေ ပြောပြထားတာ အတော်ရှင်းပါတယ်။ အရေအတွက်နဲ့ သက်ဆိုင်ရင် 'တစ်' နဲ့ရေး ခန့်မှန်းတဲ့ အရာဆိုရင် 'တ' နဲ့ ရေးပါလို့ မှာထားခဲ့ပါတယ်။ ဥပမာ။ တစ်ယောက်၊ တစ်ဦး၊ တစ်ယောက်ယောက် အစရှိတာတွေမှာ တစ် ကို သုံးကာ ကမ်းခြေတလျှောက်၊ တနေကုန်၊ တနေရာရာ၊ နောက်တနေ့၊ တခုခု အစရှိတာတွေပေါ့။ (ဆုံး)
ဒီလိုထင်မြင်ချက်မျိုး ခဏခဏတွေ့ပါတယ်။ ပိုက်ဆံထက် ရေတွက်လို့ရတာ ဘာရှိပါသလဲ။
တပြား၊ တပဲ၊ တမူး၊ တမတ်၊ တကျပ်၊ တဆယ်၊ တရာ တွေကလည်း ရေတွက်လို့ ရပါတယ်။ တရားဝင် ပိုက်ဆံတွေ ထုတ်ခဲ့တယ်။
ရေတွက်လို့ရလို့ တစ်ရတာ၊ ရေတွက်လို့ မရလို့ တစ်မလုပ်ရတာ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment