အခဏ်း (၁)
နောင် ဒိုင်းဟု နှစ်ချက်ဆင့် ဆင့်နှက်လိုက်သော ဗဟိုရ်စည်တော်သံကြီးမှာ ရတနာပုံနေပြည်တော်ကြီး တခုလုံး တုန်ဟီးလျက် -
ကြက်သေရေမင်္ဂလာနှင့် ပြည့်စုံစေရန်၊ အသံသြဇာဖြင့် ဖြန့်ချီ ပေးဝေဘိသကဲ့သို့ ရှိလေ၏။
အချိန်ကား - လင်းအားကြီးပြီဖြစ်၍ နေမင်း၏ရှေ့တော်ပြေးဖြစ်သော ရောင်နီတန်းမှာ အရှေ့ဘက် ရှမ်းရိုးမတောင်တန်းကြီးပေါ်မှ ပေါ်လွင်ထင်လျှား၊ အလင်းအားကို အောင်စေတော့၏။ ရတနာပုံရွှေမြိုကတော်ကြီးမှာ ကြည်လင် ငြိမ်သက်၊ ကြာမျိုးငါးပါးနှင့် ပြည့်နှက်သည့် ကျုံးတော်ကြီး လေးဘက်အလည်တွင် မြင့်မတ်သော မြို့ရိုးနှင့် ပြအိုး၊ ပစ္စင်တို့၏ ဒုပိကာထိပ်ဖျားမှ တချွင်ချွင်မှ တချွင်ချွင်မည်သော -
ဒဂုန်ခင်ခင်လေး ရေးသားတဲ့ စာဆိုတော်
စာမျက်နှာပေါင်း ၁၀၂၄ ပါတယ်။ ခုနှစ် မတွေ့ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment