Skip to main content

ပညတ် ပရမတ်

၁။ ပညတ်

အဟုတ်တကယ် ရှိသကဲ့သို့ လောကသင်္ကေတ အမှတ်ဖြင့် ခေါ်ဝေါ်ကြသော သဘောသည် ပညတ် ဖြစ်ပါတယ်။ လောကီနယ်မှာ လူမျိုးအလိုက် ဒေသအလိုက် ကာလအလိုက် အများသဘောတူ ခေါ်ဝေါ် သမုတ်ကြတဲ့ အမည် တွေသာ ဖြစ်ပါတယ်။

ပညတ် ဥပမာ

လူ၊ ခွေး၊ ကြောင်၊ သစ်ပင်။

ပညတ် ခြောက်မျိုးရှိပါတယ်။

(၁) ဝိဇ္ဇမာနပညတ်

(၂) အဝိဇ္ဇမာနပညတ်

(၃) ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်

(၄) အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်

(၅) ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်

(၆) အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်

၂။ ပရမတ်

ပရမတ္ထ ဆိုသည်မှာ ပါဠိ စကားတည်း။ မြန်မာလို “မြတ်သောအနက်သဘော”ဟု ဆိုလိုသည်။ “မြတ်”ဆိုသည်မှာလည်း “မွန်မြတ်၊ မြင့်မြတ်၊ ကောင်းမြတ်”ဆိုသော အမြတ်မဟုတ်။ ပင်ကိုယ်သဘောအတိုင်း မဖောက်ပြန် မပြောင်းလဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။ 

ပရမ = မြတ်သော၊ အတ္ထ = အနက်သဘော။ ပရမတ္ထ = မြတ်သောအနက်သဘော။ ဤ ပရမတ္ထသဘောကို “ပရမတ်”ဟုလည်းခေါ်၏။

ထို ပရမတ္ထတရားကား စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် အားဖြင့် ၄ ပါးရှိသည်။ (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာကျမ်း)

စေတသိက် သတ်ပုံကို မှားရေးတာတွေ မကြာခဏတွေ့ရတယ်။ ကသတ်နဲ့သာရေးရတယ်။ တသတ် မဟုတ်ပါ။

စေတသိက - စေတသိက်

နမောတဿ နဲ့ စေတသိက် တို့ဟာ အခုထိတော့ ဖျက်ဆီးခြင်းမခံရသေးသော စာလုံးများဖြစ်ပါသည်။ တရား၊ တဏှာတို့ကား စသတ်ခြင်းခံနေကြရပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ