၁။ ဆရာခင်ဗျား ဆက်နွယ် နဲ့ ဆက်နွှယ် ဘယ်ဟာ
၂။ ဒီ ပို့စ်ကိုတော့ဖတ်ပြီးသားပါဆရာရှင့် ရာသီဥတု နှင့် ဆက်နွှယ်သော ဆိုပြီးရေးရင်မှန်လားရှင့် ဒါမှ မဟုတ် ‘ဆက်နွယ်’ ပဲလားရှင့်
၃။ ဒါနဲ့ပတ်သက်ပြီး လမ်းညွှန်/ ရှင်းပြပေးစေလိုပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ရှင့်
၄။ ဆရာခင်ဗျာ ပတ်သက်ဆက်နွယ် နဲ့ ပတ်သက်ဆက်နွှယ် ဘယ်ဟာက အမှန်ပါလဲ ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။
ဆက်နွှယ် = အဆက်အစပ်ရှိသည်။ တစပ်တည်း ဖြစ်သည်။ (မြန်မာအဘိဓာန် အကျဉ်းချပ် ၁၉၇၉၊ စာမျက်နှာ ၁၆)
ဆက်နွယ် = ဆက်စပ်နှီးနွယ်သည်။
နွယ်
နွယ် – ကြိ / နွယ် / (ကြိုးနှင့် တူသော အပင်) တနေရာမှ တနေရာသို့ တွယ်ယှက်ကူးစက်ပြန့်ပွားသည်။ "သည်တပင် ကုန်ပြန်လျှင် ဟိုတပင်ကို နွယ်ပြန်၏။" အရိယသစ္စာ။ ၁၀၀။
– န / နွယ် / ၁။ တွယ်ယှက်ရစ်ပတ် ကူးစက်ပြန့်ပွားသော ကြိုးနှင့်တူသည့် အပင်။ "(ပဒုမလတာ) အမည်ရှိသော နွယ်သည် ဖြစ်ပေါ်၍လာ၏။" လင်္ကေ။ ၄၅။ ၂။ ဆွေစဉ်မျိုးဆက်။ အနွယ်။ "နာ၊ နေမင်းနွယ်ရင်း၊ သီဟတ် မင်းသည်၊။ ဇယယော၊ အောင်လေပြီ။" ကဝိမင်္ဂ။ ပ။ ၄၇။
နွယ်ကြိုး – န / နွယ်ဂျိုး / ကြိုးသဖွယ်သုံးရသော နွယ်ပင်ပြတ်။ "ရှောက်သီးတွေကို ရသဖြင့် နွယ်ကြိုးနှင့်သီးပြီး ယူဆောင်လာခဲ့တယ်။" ထေရာ၊ တ။ ၁၀၆။
နွယ်ချို – န / နွယ်ဂျို / ချိုမြိန်သော အရသာရှိသည့် ဆေးဖက်ဝင်သောနွယ်ပင်။
နွယ်ငန်း – န / နွယ်ငန်း / နွယ်ပင်ကြီးတမျိုး။ "မျောက်နှဲပင်ပေါ်က နွယ်ငန်းကို ဒန်းဆင် စီးနေသည့်အပြင်။" မျောက်ဋီ။ ၆၄။
နွယ်စပ် – န / နွယ်ဇတ် / နွယ်ပင်ကြီးတမျိုး။
နွယ်တာလ – န / နွယ်တာလု / ဝါဆိုလကို ရှေးကခေါ်သောအမည်။
နွယ်နိုင်း – န / နွယ်နိုင်း / လျှော်ကို ပုပိုက်လုပ်ရသော နွယ်ပင်တမျိုး။
နွှယ်
၁။ နွှယ် = ဆက်စပ်နှီးနွှယ်သည်။
ပင်လယ်ကျောက်ပွင့်မျိုးသည် ရေမြှုပ်စိမ်းမျိုးနှင့်မျိုးချင်းနွှယ်၏။ စွယ်ကျမ်း၊ ၆။ ၄၂၅။
၂။ နွယ်စေသည်။
အနံ့မှာမူကြံသကာဘက်သို့နွှယ်လျက်ရှိသည်။
၃။ ဆက်သွယ်သည်။
အမျိုးလည်းအမျိုးကောင်း၊ အနွယ်လည်းအနွယ်ကောင်းလက်ဝဲသုန္ဒရမှနွှယ်သောအမျိုးကောင်းတွေ။
နှီးနွှယ် = ရင်းနှီး + ဆက်နွှယ်
ဆက်စပ်သည်။ ပတ်သက်သည်။ ဆက်သွယ်သည်။ ဆက်နွှယ်သည်။
ဗောဓိလောင်းကို၊ တွေ့ကြောင်းနှီးနွှယ်၊ အလမ္ပာယ်လျှင်၊ နှိပ်နယ်ကလူ၊ ယူလေသရော်။
နွှယ်
သူ့ကိုနွှယ်သွားသည်
နွှယ်ဒိုးရိုက်သည်
နှီး
ကလေးအနှီး
ဆင်ကုန်းနှီး
နှီးကြမ်းဖျာ
နှီးကြောဖျာ = နှီးချောဖျာ
နှီးကိုစိတ်ဖြာ
နှီးခွါ
နှီးထိုး
နှီးနွှာ
နှီးနှောတိုင်ပင်
နှီးရက်
နှီးဝါး
မြင်းကုန်းနှီး
ရင်းနှီးသည်
ရထားကုန်းနှီး
လက်နှီးအဝတ်
အချည်းမနှီး
အရင်းအနှီး
နွယ်
တနွယ်ငင် တစင်ပါ
နွယ်ငန်း
နွယ်တာလ = နွေတာလ = ဝါဆိုလ
နွယ်နှာမောင်း
နွယ်ဖျားနွယ်တံ
နွယ်ရှင်
နွယ်ရိုးလိုက်
နွယ်လန်း
နှီးနွယ်ဆက်ဆံသည် (ဟထိုး မပါ)
ဟင်းနုနွယ်
အမျိုးအနွယ်
ဒေါက်တာတင့်ဆွေ


Comments
Post a Comment