Skip to main content

ခရီးသွားများ

ဤခရီး နီးသလား။

နီးသည်ဟုလည်းကောင်း၊ ဝေးသည်ဟုလည်းကောင်း ပြောဆိုကြပါမည်။

ခရီးသည်ရှည်သော် ထိုအဖြေနှစ်မျိုး ပြောကြမည်။

ခရီးသည်တိုသော်လည်း ထိုအဖြေနှစ်မျိုးပင် ပြောကြမည်။

လာလိုလျှင် အနီးလေး၊ မလာလိုလျှင် ခရီးဝေးဟုလည်း ပမာခိုင်းကြမည်။

နှိုင်းရအမှန် သီအိုရီကို ကိုးကားသူလည်းရှိပါမည်။

ကျွန်တော့အတွက်မှာမူ မြန်မာပြည်သည် ခရီးလည်းဝေး၊ အခြေအနေဆိုးရှိသေးသမျှ ရောက်နိုင်မည်မဟုတ်ပါ။

တမြို့တည်းမှာရှိတဲ့ ပန်းခြံကိုလည်း မသွားဖြစ်တာကြာပြီ။

ကျွန်ုပ်တို့အားလုံးသည် ရပ်မနေကြသော ခရီးသွားများအတူတူသာဖြစ်ကြသည်။

ဆက်မသွားလာတော့ခြင်းကို လွတ်မြောက်ခြင်းဟု ဆိုပါသည်။

မသွားရခြင်းသည် သွားလာရခြင်းအထက် အဆပေါင်းများစွာ ခက်ခဲပါသည်။ 

ဒေါက်တာတင့်ဆွေ

Comments