Skip to main content

ဝင်း ဝန်း

ဘုရားဝင်း

၁။ အဝန်းအဝိုင်း ဆိုတဲ့သဘောမဟုတ်ဘူးလား ဆရာ

၂။ မြန်မာဘုရင်လက်ထက်မှာ လက်ယာဝင်းမှူး၊ လက်ဝဲဝင်းမှူး ဆိုတဲ့အသုံးတွေလည်း ရှိပါ​သေးတယ်ဆရာ။

တခါတခါတော့ မှား၊မှန်မသဲကွဲ။

၃။ ခြံဝန်း၊ အိမ်ဝန်းလို့ သုံးရတယ်လို့ ထင်မိပါတယ်။

၄။ ဟုတ်တယ်ဆရာ၊ ခြံဝင်း အိမ်ဝင်းကို သတင်း​ကြေညာသူ ​ရေးသူမီဒီယာအစ၊ ပညာရှင်ဆိုသူအပါအဝင် အားလုံးလိုလိုက 'ဝန်း'​ နေကြတယ်။ 'ကျဆုံး' ​​နေရာမှာလည်း အားလုံးလိုလိုက၊ 'ကျရှုံး' ချည်း ဖြစ်ကုန်ပြီ ဆရာ​ရေ။ တကယ်​တော့ ဒီနှစ်ခုအဓိပ္ပါယ်က အ​တော်ခြားနားပြီး၊ သူအသုံးနဲ့သူ အသုံးသပ်သပ်စီ ရှိပါတယ်။

ဝန်ကြီးဌာနတွေလည်းအဲဒီလိုသုံးနေကြတာကိုတာဝန်ရှိတဲ့"မြန်မာစာအဖွဲ့"ကထောက်ပြစေချင်လိုက်တာခင်ဗျာ၊

။ ဆရာ ဝင်း နှင့် ဝန်း အကြောင်းလေးရှင်းပြပေးစေချင်ပါသည်

။ ဆရာခင်ဗျာ ကျွန်တော်တို့ မင်းတိုင်ပင် အထက ကျောင်းအဝင်မှာ ကျောင်းဝိုင်းအတွင်း စက်ဘီး ဆိုင်ကယ် မစီးရလို့ ရေးထားတာ တွေ့ရပါတယ်။ ကျောင်းဝန်း နှင့် ကျောင်းဝိုင်း ဘယ်အရာက မှန်သလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

ဝန်း

ကျယ်ဝန်း

ကျောင်းဝိုင်း ကျယ်ဝန်းသည်

စာသင်ကျောင်းဝင်းထဲမှာ ကစားကွင်းလည်းရှိသည်

ညောင်ပင်ဝန်းရွာ

ညောင်ဝန်းရွာ

တဝန်း (တခုလုံး၊ နိုင်ငံတဝန်းလုံး)

တိုင်းပြည်တဝန်း

နိုင်ငံတဝန်း

နေရာတဝန်း

နေဝန်း လဝန်း

ပတ်ဝန်းကျင်

ဘုန်းကြီးကျောင်းဝင်းထဲ ဖိနပ်မစီးရ

မျက်ဝန်းလဲ့ပြာပြာ

မြေပြင်တဝန်း

မိန်းမမျက်ဝန်း = အသက် ၂ဝ အရွယ်ရှိသောမိန်းမ

လဝန်းလေးနဲ့တူတယ် မေ့ကိုလားကွယ်

ဝန်း

ဝန်းကျင်

ဝန်းကျင်တခို

ဝန်းကျင်ပတ်လည်

ဝန်းခြုံ

ဝန်းပတ် = ဝန်းလျား = ခြံရံသည်

ဝန်းယှက်

ဝန်းရံ

ဝန်းရံခြုံ၍

ဝန်းလည်

ဝန်းဝိုင်း

ဝန်းသိုမြို့

အဝန်းအဝိုင်း

ဝင်း

ကျောင်းဝင်းက

ကျောင်းဝင်းမြေပုံ

ခြံဝင်း၊

တက္ကသိုလ်ဝင်း (မန္တလေးတက္ကသိုလ် ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်ခဲ့သူ စာရေးဆရာ)

ဒဂုံ တက္ကသိုလ် ကျောင်းဝင်း

ဘုန်းကြီးကျောင်းဝင်း၊

မုံရွာတက္ကသိုလ် ကျောင်းဝင်း

ရှေ့ဝင်းနောင်ဝင်း

ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ် (တက္ကသီလာ) ကျောင်းဝင်းဟာ အလျား ၁ မိုင်၊ အနံ မိုင်ဝက်ခန့် ကျယ်ဝန်းပါတယ်။

ဝင်း (ဆိုင်အမည်)

ဝင်းခြံ

ဝင်းတော်မှူး

ဝင်းထရံ

ဝင်းပတ်ကာရံထားသောနေရာ။ အိမ်ဝင်း၊ ကျောင်းဝင်း။

ဝင်းပျို့ပျို့ = ပြည့်ဖြိုးဖွံ့ထွားသည်

ဝင်းမှည့်

ဝင်းဝါ

အမှည့်တ၀င်းဝင်း အကင်းတဖြိုက်ဖြိုက်

အမေရိကန် တက္ကသိုလ် ကျောင်းဝင်းများ

အရောင်ထွန်းတောက်သော။ သွေးသို့ခြင်းခြင်း၊ နီရောင်ဝင်းသား။

အရောင်ဝင်း

ဦးဝင်း (လူအမည်)

ဝိုင်း

ဝိုင်းဝိုင်းစက်စက်

ဝိုင်းကြီးချုပ်စနစ်

ဝိုင်းဝန်းသည်

ဝိုင်းဝိုင်းလည်

ဝိုင်းအုံ

ကျောင်းဝိုင်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ