Skip to main content

သီတာသောင်ခြေဖွဲ့ ပတ်ပျိုး



(ရေးသူ - တောင်သမန်စား ဦးဖေငယ်)

ယမုန်န္နာ

သီတာ သောင်ခြေ-ဦးမှာလလေ။ 

သနားဘွယ်၊

လူ့နှယ်ခေါ်သံ ထူးလို့လေး။   ။ 

ကြည်နူးဘွယ့် မယ့်တကိုယ်၊ 

ရွှေဟင်္သာ မောင်နှံငှက်ကယ်တို့၊ 

ကြင်ဘော်မှာ ကြင်ဘော်ဘက်ကယ်နှင့်၊ 

တူပျော်ပျော် ဘယ်ခါမှစက်ရပါ့၊ 

လည်ယှက်ကာ သူတို့လို။   ။ 

မ, ဖိုခေါ်သံ၊ 

လူ့နှယ်သူ့ဟန်။ 

ဘော်ကွာသူ ဆွေးစေဘ်ို့ဖန်။ 

သဲတဲ့ သဲငွေလျှံ၊ 

ဝဲတဲ့ ဝဲကာပျံ။   ။ 

အို - ငါးကြင်းတွေဆန်၊ 

ငါးတန်တွေ သောင်ရေစီးမှာလ၊ 

ကိုတံငါ လှေယာဉ်စီးပါလို့၊ 

ပိုက်ကြီးနဲ့ ရေ-ချလာ။   ။ 

ဒေါင်-ဒင် သံသာသာနှင်၊့ 

တံငါလှေလောင်းဆင်း။ 

အို - နဒီတွင်းမှာလ၊ 

နှင်းငွေ့ဆော်။ 

ချမ်းလို့ တုန်၊ 

မလုံကွေးတယ်၊ 

ကိုယ်ရေး ကြုံတော့နော်။   ။ 

တပေါင်း- တန်ခူး၊ 

မိုဃ်းသား-ကြူး၊ 

လေရူး ဆော်လှာပုံ။ 

နဒီ တွင်းမှာလ၊ 

ကို-ငါးကြင်းငယ်တို့၊ 

ပိုက်တွင်းမှာ သူတို့ခုန်။   ။ 

လွမ်းလေ ပူပုံပွားပါလို့၊ 

ခွန်အားက-ကုန်။ 

လွမ်းလေ ပူပုံပွားပါလို့၊ 

အားက-ကုန်။   ။ 

သောင်ယံမှာ၊

မောင်နှံငှက်ကယ်တို့၊ 

လည်ချင်းယှက်ပါလို့၊ 

နွှဲကာပျော်စံ၊ 

ဆွေးစေဘို့-ဖန်။ 

ကြင်ဖေါ်ကွဲသူတို့၊ 

ဝဲကာ ပျံတယ်၊ 

သည်သောင်ယံက မခွာရက်တယ်၊ 

ကြံခက်လို့ပန်း။   ။ 

သဖြန်

ရစ်သန်းငယ်ကာ၊ 

ယမုန္နာ ငွေသောင်ခုံက၊ 

လွမ်းပုံကို ဖြေမရွှင်ဘု၊ 

ပွေအင်ပူမီး။   ။ 

ငွေနှင်းငယ်လျှံ၊ 

လေညှင်း တညံညံနှင့်၊ 

ရေဆင်သံ ဂယက်ဝိုင်းငယ်၊ 

လှိုင်း-ထလို့စီး။   ။

ကူးတင်ထားကြတာတွေ အတော်များများ မှားနေတယ်။ မှန်အောင် ပြင်သင့်ကြပါတယ်။ ကျွန်တော်လည်း အရင်က ရရာကို ကူးတင်မိလို့ ပြင်ရဦးမယ်။ ဆောရီး။

(ပုံအတွက် ရှေးစာကဗျာများ ကျေးဇူး။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ