နည်းအမျိုးမျိုးဖြင့် စာရေးသူ၏ ကျေးဇူးရှင်တဆူဖြစ်ခဲ့သော ပညာရှင်ဆရာကြီး ဦးဝန် (မင်းသုဝဏ်)ကို ဤစာစုဖြင့် ရှိခိုး ကန်တော့ပါ၏။ ဤစာစုတွင် ကိုးကားသော ကျမ်းတို့၏ အသေးစိတ် အကြောင်းအချက်များ (bibliographic details) ကို ဆရာကြီး ဦးဝန်၏ တက္ကသိုလ်မြန်မာ သတ်ညွှန်းကျမ်းတွင်လည်းကောင်း၊ ဆရာကြီးဦးအုန်းရွှေ၏ သတ်ပုံအဘိဓာန် မိတ်လင်စုံ တွင်လည်းကောင်း၊ စာရေးသူ၏ “မြန်မာဘာသာစကား၏ သိမ်မွေ့မှုများ” စာအုပ်တွင်လည်းကောင်း၊ ကြည့်နိုင်ပါသည်။
— “ကောင်” နှင့်တွဲ၍ “တ ကောင် တညှပ်၊ မောကိုးတပ်၊ သောင်သွပ်ရှမ်းနေရာ”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၁၃၆၆။
“မရှိတုံးတုံး၊ ယုတ်ဆုံး တိုင်အောင်၊ တကောင် ကြွက်ကယ်”။ ဝန်ကြီးပဒေသရာဇာ၊ သူဇာပျို့၊ နှာ ၈၅။
— “ကုန်း” နှင့်တွဲ၍
“မကြည်စိတ်မှုန်း၊ တ ကုန်းဆင်းသက်၊ တကုန်းတက်၍”။ သျှင်ရဋ္ဌသာရ၊ ရွှေစက်တော်သွား တောလားရတု၊ နှာ ၄။
— “ကမ်း” နှင့် တွဲ၍
“လောက်လွှဲ တ ကမ်း၊ ရိပ်သာ ဝှမ်း ၌၊ သင်ခမ်းဆောင်သီး”။မုံရွေးဆရာတော်၊ဥတိန္နပျို့၊ နှာ ၅၆။
— “ကိုယ်” နှင့်တွဲ၍
“ခြေတိုလက်ပြတ်၊ မင်းဒဏ်ခတ်၍၊ လေးမြတ် တ ကိုယ်”။ တွင်းသင်းမင်းကြီး၊ မုဒုလက္ခဏပျို့၊ နှာ ၆၈။
— “ကြောင်း” နှင့်တွဲ၍
“သင်ဟောင်းသင်နည်း၊ တ ကြောင်းတည်းကို၊ ကပ််ဆည်းတောခွင်၊ ကျွန်ုပ် သင်ချိမ့်”။
သျှင်ရဋ္ဌ သာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၃၄။
— “ကြိမ်” နှင့်တွဲ၍
“ဆိုပိမ့် တ ကြိမ်၊ မင်းစည်းစိမ်တုံ၊ ခရီးဆုံဝယ်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၄၀။
“ရေကြောင်းစည်းစိမ်၊ နန်းဖောင်အိမ်ထက်၊ တ ကြိမ် တ ရံ”။ သျှင်ရဋ္ဌသာရ၊ ပုံတောင်နိုင်မော်ကွန်း၊ နှာ၁၆။
— “ခဏ” နှင့်တွဲ၍
“တ ခေါ်မုဟုတ်၊ တ ဖြုတ် တခဏ၊ တ လှမ်းမျှဟု”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံ မြားပစ်ခဏ်းပျို့၊ နှာ ၄၃။
— “ခါ” နှင့် တွဲ၍
“ရေဆုတ်သားကပ်၊ ကြက်နှယ်စွပ်၏၊
စေ့စပ် တ ခါ” ။ သျှင်အဂ္ဂ သမာဓိ၊ နေမိငရဲခဏ်းပျို့၊ နှာ ၃၃ ။
“တ ခါကြွတ်ကြွတ်၊ လွှတ်ကပြင်းထန်”။
မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၃၅၆။
“မဆိတ်မညံ၊ နာဂံ တ ခါ၊ သကဒါနှင့်၊ သောတာပန္န”။ သျှင်သီလဝံသ၊ ဆုတောင်းခန်းပျို့ နှာ ၁၈၆။
— “ခါ” “ရံ” နှင့် တွဲ၍
“တ ခါ တရံ၊ ကျွန်ုပ်ထံဝယ်၊ ဆွမ်းခံကြည်လင်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၂၀။
“တ ခါ တ ရံ၊ ရှေးရှေးကံသည်၊ ထောက်ခံကြီးကျယ်”။ မုံရွေးဆရာတော်၊ နာရဒပျို့၊ နှာ ၄၂။
— “ခု” နှင့်တွဲ၍
“မကုံမလုံ၊ တ စုံ တခု၊ အိမ်ထောင်မှုကြောင့်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ နှာ ၁၆၈။
“ထွတ်ကဲစိုးခြုံ၊ ရှင်မတုံလည်း၊ တ စုံ တ ခု”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခန်းပျို့၊ နှာ ၂၃၂။
“ရပ် တ ခုခု၊ အမှုမမှတ်၊ အညတ္တရ၊ ဤမြက်မျှကို”။ မုံရွေးဆရာတော်၊ ကုသပျို့၊ နှာ ၇၀။
— “ခဲ” နှင့်တွဲ၍
“ တ ခဲရောင်လျှံ၊ ရွှေထွေးခံနှင့်၊ ရွှေစံအိုးပျစ်”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၁၂၃။
— “ခေါ်” နှင့်တွဲ၍
“အသွားမတော်၊ တ ခေါ်မုဟုတ်၊ တဖြုတ် တ ခဏ”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံမြားပစ်ခဏ်းပျို့၊ နှာ ၄၃။
— “ခိုင်” နှင့် တွဲ၍
“ဇော် တ ခိုင် လုံး၊ စာစပ်ကုံး၊ အဆုံးများလှလွန်း”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၂၃၂။
— “ချက်” နှင့်တွဲ၍
“စပ်ကာရှေးလွန်၊ တ ချက်မှန်က၊ ကန်ချွန်ဦးစီ၊ ငါးကိုသီသို့”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၂၂။
— “ချောင်း” နှင့်တွဲ၍
“ညီညာချပ်ချပ်၊ တ ချောင်းအပ်ကို၊ ကြပ်ကြပ်ဦးပဲ့၊ ထမ်းသကဲ့သို့”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့၊ နှာ ၈၅။
— “ခြား” နှင့် တွဲ၍
“တ ခြားသီးသန့်၊ ပရိုဏ်းကန့်၏”။ တွင်းသင်းမင်းကြီး၊ ဝိဓုရပျို့၊ နှာ ၇၇။
— “ခွက်” နှင့်တွဲ၍
“ကြမ္မာဝေဖန်၊ အထီးကျန်၍၊ ဆန်မျှ တ ခွက်၊ မချက်ရဘူး”။ သျှင်အဂ္ဂသမာဓိ၊ သူဝဏ္ဏသျှံ သူဌေးခဏ်းပျို့၊ နှာ ၆၆။
— “ခွင်” နှင့်တွဲ၍
“ဘုရားဟောချည်၊ နားတော်လည်၍၊ မြန့်ပြည် တ ခွင်”။ သျှင်ရဋ္ဌသာရ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း နှာ ၁၄။
— “စိ” နှင့်တွဲ၍
“ကျယ်ခြင်းမရှိ၊ တ စိမကျဉ်း၊ ဦးယဉ်းမချုံ့”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး၊ နှာ ၃၈၇။
“သင်၌ ငါအမျက်ထွက်ရန်၊ တ စိုး တ စိမျှမရှိ”။ တွင်းသင်းဝန် မဟာစည်သူ၊ ဝေဿန္တရာပျို့၊ နှာ ၂၈။
— “စီ” “စဉ်” “လျဉ်” နှင့် တွဲ၍
“တ စီ တလျဉ်၊ တ စဉ် တ မ၊ ဖျင်ပေါမျှလျက်”။ သျှင်အုန်းညို၊ ဂါထာ ခြောက်ဆယ်ပျို့၊ နှာ ၃၄။
— “စု” “ပြွမ်း” နှင့် တွဲ၍
“တ စု တပြွမ်း၊ မေတ္တာမွှမ်းလျက်၊ ပွဲလမ်းဖွဲ့ငှါ”။ သျှင်ရဋ္ဌသာရ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း၊ နှာ ၇။
“ကုမ္ဘာန် တ တိုက်၊ ရက္ခိုက် တ စု”။ သျှင်ရဋ္ဌသာရ၊ ပုံတောင်နိုင်မော်ကွန်း၊ နှာ ၇။
“တ စုအားလုံး၊ ပြည်ခုံး သယောင်း၊ ရွှေလောင်းရွှေဒါ”။ ရှင်ထွေးညို၊ ပြည်စုန်မော်ကွန်း၊ နှာ ၁၆။
— “စည်း” နှင့်တွဲ၍
“တ ဝေး တစည်း၊ မြေကြီး ကြည်းမျှ၊ ဖျင်ပည်းများစွာ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၇၉။
— “စုံ” နှင့်တွဲ၍
“ဉာဏ်ဝါရင့်မုံ၊ ဗောဓိငုံကား၊ တ စုံ တ ယောက်၊ မထောက်မကူ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၂၃၆။
“မကုံမလုံ၊ တ စုံ တခု၊ အိမ်ထောင်မှုကြောင့်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၁၆၈။
“ထွတ်ကဲစိုးခြုံ၊ ရှင်မတုံလည်း၊ တ စုံ တ ခု”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခန်းပျို့၊ နှာ ၂၃၂။
(တ စုံ တ ရာ)
“လားလေပါယ်ဘုံ၊ ဆင်းရဲတုံသော်၊ တ စုံ တ ရာ၊ မျိုးဆွေလာ၍”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊နှာ ၃၇။
“နှစ်လပေါင်းခြုံ၊ နေ့ရက်ပုံဖြင့်၊ တ စုံ တ ရာ” သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခန်းပျို့၊ နှာ ၁၁၇။
— “စိတ်” နှင့် တွဲ၍
“ညီညှိပျမ်းကြိတ်၊ ဆယ့်ခြောက်စိတ်လည်း၊ တ စိတ်မဟူ။ မုန်ရွေးဆရာတော်၊ ကုသပျို့၊ နှာ ၁၁၂။
“မိုး တ စိတ်စိတ်၊ သွန်းချဖိတ်၊ ကြိတ်ကြိတ်မြည်သည်နှင့်”။ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၁၁၂။
—“ဆင်” နှင့်တွဲ၍
“အသွင်မြနည်း၊ တ ဆင်တည်းဖြင့်၊ ကြည်းကြည်းရှိမ်းရှိမ်း”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၂၆၅။
— “ဆိတ်” နှင့် တွဲ၍
“မမြဲအနိစ်၊ ဝိပရိတ်ကို၊ တ ဆိတ်မတွေး”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နှာ ၁၇။
“ပဲဝက်သပြာ၊ တ ဆိတ်စာနှင့်၊ ကျိုးမဲ့ရာသီး”။ စလေဦးပုည၊ ရေသည်ပြဇာတ်၊ နှာ ၄၃။
— “တင်း” နှင့်တွဲ၍
“ဆန် တ တင်း စိတ်၊ နောင့်လွယ်အိတ်၊ ဖိတ်မည်အပွင့်ပွင့်”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၁၁၈၃။
—“တန့်” နှင့်တွဲ၍
“ခြားခြားသန့်သန့်၊ နှီးမျှင်ကန့်၊ တ တန့်နှစ်
တန့်ရက်”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၇၆၉။
— “ထောင်” နှင့် တွဲ၍
“တဗ္ဗမျိုးမှန်၊ သမိုင်းကြန်မူ၊ ဆင်သန် တ ထောင်”။ သျှင်ထွေးညို၊ ရွှေစာတိုင်ဆင်တော် မော်ကွန်း၊ နှာ ၂၀။
— “ထွေ” နှင့် တွဲ၍
“စက်နေနတ်နေ၊ တ ထွေထူးဆန်း၊ ရက်ကန်း ပုပ်ဆွေး”။ မုံရွေးဆရာတော်၊ ဥတိန္နပျို့၊ နှာ ၄၃။
“ဘူမိ တ ထွေ၊ သန္ဓေတဝ၊ ကမ္မမရဏုပ်၊ ပေါင်းချုပ်လေးပါး”။ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၄၄၉။
— “ဒင်္ဂ” နှင့်တွဲ၍
“နာမ်ရုပ်သက်တို့၊ ပျောက်ပျက်လွယ်စ၊
တ ဒင်္ဂ တည့်”။ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝ လင်္ကာသစ်၊ နှာ ၄၀၀။
— “နေ့” နှင့်တွဲ၍
“တ နေ့ပြိတုံ၊ ပြည်ကြီးခြုံသည်၊ ရွှေဘုံသခင်၊ စောနတ်ရှင်နှင့်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၉၁။
“တ နေ့လုံးလုံး၊ မိုးအခြုံးလျှင်၊ ရွှေကုံးပန်နစ်၊ ငယ်လင်စစ်နှင့် ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခန်းပျို့၊ နှာ ၁၉၁။
— “နည်း” နှင့် တွဲ၍
“အကြောင်း တ နည်း၊ ပမာဆည်းသော်၊ ကြည်းကြည်းရွှင်ရွှင်”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နှာ ၇၆။။
— “ပါး” နှင့်တွဲ၍
“တ ပါးကြန်ကြန်၊ တ ဖန်ကြတ်ကြတ်၊ တလတ် ကောင်းကောင်း” ။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့၊ နှာ ၁၆။
“စေပါးကျေးကျွန်၊ မြိတ်စွန်ဆွေဝါး၊ သူ တ ပါးတို့”။ သျှင်ရဋ္ဌသာရ၊ဘူရိဒတ်လင်္ကာကြီး၊ နှာ ၂၀၈။
“ရဟန်းကျင့်ဝတ်၊ တ ပါး တတ်က၊ လူနတ်ဦးခိုက်၊ ပူဇော်ထိုက်၏”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၃၄။
— “ပူ” နှင့်တွဲ၍
“ဝမ်း တ ပူပူ၊ အူ တ ကြုတ်ကြုတ်၊ ငုတ်လုတ် ခွေလိပ်”။ တွင်းသွင်းမင်းကြီး၊ ဝေဿန္တရာပျို့၊ နှာ ၁၉၃။
“တတရူရူ၊ တ ပူ လှိုက်လှိုက်၊ တရှိုက်မက်မက်”။သျှင်တေဇောသာရ၊ ရွှေဟင်္သာမင်းပျို့၊ နှာ ၁၃။
“မွန်းနစ်စုံးစုံး၊ လုပ်ကြံတုံးသည်၊ နှလုံး တ ပူ၊ လှိုက်လှိုက်တည်း”။ သျှင်တေဇောသာရ၊ ရေဟင်္သာမင်းပျို့၊ နှာ ၈၁။
— “ပုံ” “ပင်” (တပုံ တပင်)
“နီစွာပွင့်ငုံ၊ ပေါက်ပန်းရုံသို့၊ တ ပုံ တ ပင်၊ ဟင်း မျိုးမြင်သော်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၂၄၅။
— “ပိုင်း” နှင့်တွဲ၍
“သုံးထောက်ခိုင်တန့်၊ ဘုံနှင့်ခန့်လည်း၊ ဆံညွန့် တပိုင်း၊ မျှမရိုင်းသည်”။ စိန္တကေိျာ်သူဆို ရတုများ၊ နှာ ၈ (၃)။
— “ပတ်” နှင့်တွဲ၍
“စိုးစိုး စွတ်စွတ်၊ တ ပတ် တောက်တောက်၊ တ ယောက် ထက်ကဲ၊ တ ယောက်မဲ၍”။ တွင်းသင်းမင်းကြီး၊ ဝေဿန္တရာပျို့၊ နှာ ၉၃။
— “ပြင်” နှင့်တွဲ၍
“ခြေမျှောက်လက်ဆွန့်၊ တ ပြင်ကွန့်လျှင်၊ တူခန့်လွတ်ကင်း”။ နဝဒေးကြီး၊ မင်းနဝဒေးဆို ရတုပေါင်းချုပ်၊ နှာ ၈၂(၂)။
— “ပြည်” နှင့်တွဲ၍
“ပတ္တမြားတချည်၊ ဆန် တ ပြည်သို့၊ ကြံစည်စတတ်”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့၊ နှာ ၃၇။
— “ဖက်” နှင့်တွဲ၍
“အင်္ကျီ လည်ခွန်၊ တ ဖက်ချွန်၊ တွန့်ချွန် ထိုးလိုက်ပါ”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၅၁၂။
“ထိုမှာမြစ်ဝှမ်း၊ တ ဖက်ကမ်းကား၊ ချစ်ကြွမ်းမျိုးဆွေ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၆၃။
“မငြီးသံရှည်၊ တ ဖက်သည်က၊ အိုးစည်သံလွန့်”။ မုံရွေးဆရာတော်၊ မဟာသီလဝပျို့၊ နှာ ၈၆။
“မြေတွင်ချုတ်ချုတ်၊ တ ဖက်တုတ်၍၊ ညှို့ဖြုတ်ထစ်ထစ်၊ ရွယ်၍ပစ်သည်”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး၊ နှာ ၉၃၂။
— “ဖန်” နှင့်တွဲ၍
“ကာလနှောင်းကျန်၊ တမလွန်လည်း၊ တ ဖန်ဝေဒနာ၊ ဆင်းရဲရှာအံ့”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နှာ ၁၅။
“ပျက်စီး တ ဖန်၊ ကိုယ် ထီးကျန်ရှင့်၊ ရှေးညွှန်ကျမ်းလာ”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ နှာ ၆၄။
“သာယာခြေငံ၊ ဖြည့်ဖြူးသံနှင့်၊ တ ရံ တ ဖန်၊ ငါတောင်းပန်သည်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခန်းပျို့၊ နှာ ၁၂။
“တ ပါးကြန်ကြန်၊ တ ဖန်ကြတ်ကြတ်၊ တ လတ်ကောင်းကောင်း”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့၊ နှာ ၁၆။
— “ဖုံ” နှင့်တွဲ၍
“မှတ်လော့ တ ဖုံ၊ တရားထုံပိမ့်၊ အာရုံမှားမိုက်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၁၀၀။
— “ဖြာ” နှင့်တွဲ၍
“တန်ခိုးမဟိဒ်၊ ပုညဇိဒ်နှင့်၊ ကမ္မဇိဒ် တ ဖြာ”။ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၃၅၆။
— “ဖြုတ်” နှင့်တွဲ၍
“တ ခေါ်မုဟုတ်၊ တ ဖြုတ်ခဏ၊ တ လှမ်းမျှဟု”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံမြားပစ်ခဏ်းပျို့၊ နှာ ၄၃။
“ခဏ တ ဖြုတ်၊ နှုတ်လည်းအလျင်၊
ဆက်နှင့်ချဉ်သား”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံသူဌေးခဏ်းပျို့၊ နှာ ၆၆။
“မကြာအဟုတ်၊ ချက် တ ဖြုတ်ချင်း၊ သုတ်သုတ်လျင်စွာ”။ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၁၀၄။
— “မိ” နှင့်တွဲ၍
“တ မိသားမွေး၊ ဖြစ်လတ်သေးလည်း၊ ဝေးတသက်သက်၊ နီးကျက်ကျက်တိ”။ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝ ပျို့၊ နှာ ၄၇၆။
— “မုဟုတ်” (တမုဟုတ်)
“ခဏချက်ပြုတ်၊ တ မုဟုတ်၊ တသုတ် တသုတ်ချီ”။ ဦးအော၊ကဝိလက္ခဏာသတ်ပုံ၊ နှာ ၁၂၇၅။
— “မတ်” နှင့်တွဲ၍
“ဟုတ်လေး တ မတ်၊ ကဲ့ရဲ့တတ်လျက်၊ ညွတ်ညွတ်ညူးညူး”။ သျှင်အဂ္ဂသမာဓိ၊ နေမိငရဲခန်းပျို့၊ နှာ ၁၃။
— “မုံ့ “ နှင့် တွဲ၍
“ကံ့ကော်ပွင့်လိမ့်မည် တ မုံ့၊
ကျွမ့်ဘော်လင့်လိမ့်မည် တ မုံ့၊
လွမ်းမျှော်ဆင့်လိမ့်မည် တ မုံ့”။ နဝဒေးကြီး၊ မင်းနဝဒေးဆို ရတုပေါင်းချုပ်၊ နှာ ၁၉၉။
— “မြုံ” နှင့်တွဲ၍
“လောကီအလိုက်၊ ကြမ္မာတိုက်၍၊ တ သိုက် တမြုံ၊ လူတို့ဘုံဝယ်”။ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၃၃၄။
— “မွတ်” နှင့်တွဲ၍
“ချီးအံ့လူနတ်၊ မေတ္တာညွတ်ရှင့်၊ တ မွတ်လထား”။ လှော်ကားသုံးထောင်မှူး၊ မင်းတရားရွှေထီး ဧချင်း၊ နှာ ၁၄။
— “ယောက်” နှင့် တွဲ၍
“တ ယောက်မကျန်၊ သက်သေဟန်ကား၊ ဆုံးစွန်ခန္ဒာ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၆၇။
“ဘုန်းစည် တီးဖြန်း၊ နိုင်ငံ မြန်းက၊ မကျန်း တ ယောက်”။ ရာဇဗာဟု လှော်ကား သုံးထောင်မှူး၊ မင်းရဲကျော်စွာစုံဧချင်း၊ နှာ ၂၃။
“ဉာဏ်ဝါရင့်မုံ၊ ဗောဓိငုံကား၊ တ စုံ တ ယောက်၊ မထောက်မကူ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၂၃၆။
“တ ယောက် တ ပြန်၊ ကျည်းသားလှန်သို့၊ စောင်မာန်မရှုတ်”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး၊ နှာ ၃၀၈။
“မျက်နှာကွက်လှည့်၊ မကြည့် တ ယောက်”။
သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၂၇၆။
“ကွေကွင်းမှုဖြင့်၊ ယခုငါချည်း၊ တ ယောက်တည်းသည်၊ သစ်ငုတ်မည်၍”။
သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၁၃၉။
— ကိန်းဂဏန်း “ရာ” နှင့် တွဲ၍
“စန္ဒရကန်၊ နောင်ကြည့်မှန်၊ တန်ဖိုးငွေ တ ရာ”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၅၅၈။
“တ ရာနှစ်လုံး၊ သက်ဆုံးထပ်တူ၊ အဘယ်သူကို”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခန်းပျို့၊ နှာ ၅၉။
— ကိန်းဂဏန်း
“ထောင်” “သောင်း” “သိန်း” နှင့်တွဲ၍
“သင်္ချာတွက်ကိန်း၊ တ သိန်းခြောက်သောင်း၊ ရှစ် ထောင် ပေါင်းဖြင့်”။ သျှင်ရဋ္ဌသာရ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း၊ နှာ ၂ (၂)။
“လှေကား တ သောင်း၊ ကြည်းကြောင်း တ သိန်း၊ စက်ကိန်းသာပျော်”။ဆီးကိုင်စား၊ နတ်သျှင်မယ်တော် ဧချင်း၊ နှာ ၂၆။
“မြောက်ဘက်ရပ်ထွေ၊ ကုဋေ တ သိန်း၊ ကျိန်းကိုထားဘိ”။ တလုပ်မြို့စား သင်္ခယာ၊ မဟာဥပရာဇာ ဧချင်း၊ နှာ ၄။
“ကုဋေ တွက်ကျိန်း၊ တ သိန်း စကြာဝဠာ၊ အာဏာဖြန့်ချဲ့”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၁။
— “ရက်” နှင့်တွဲ၍
“ထံတော်စက်ကို၊ တ ရက်မချွတ်၊ ရိုညွတ်ကျိုးနွံ”။ သျှင်ရဋ္ဌသာရ၊ တန်တားဦးတည် မင်္ဂလာစေတီမော်ကွန်း၊ နှာ ၂ (၅)။
— “ရပ်” နှင့်တွဲ၍
“ထိုပြီးတ ရပ်၊ နေမှတ်အပ်သား၊ အကွပ်စိုးမှူး” သျှင်အုန်းညို၊ ဂါထာ ခြောက်ဆယ်ပျို့၊ နှာ ၇၈။
သင်ဖြူးခင်း တ ရပ်၊ မြီးပန်းချပ်သလုံးဖြူ၊ သုံးပါးမူကား”။ မုံရွေးဆရာတော်၊ ကုသပျို့၊ နှာ ၂၂၆။
“ခေါ်မြဲ တ ရပ်၊ ကြံညှပ်ယန္တရား၊ စက်အလားသို့၊ မန်လည်ဆရာတော်၊ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ နှာ ၄၆၅။
— “ရံ” နှင့် တွဲ၍
“နှိုင်းတု တ ရံ၊ မနောကံမျှ၊ မကြံစဖူး”။
သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၂၂၉။
“ဆောက်တည်မြဲမြန်၊ သုံးပါးကန်နှင့်၊ တ ရံ မကင်း”။ နဝဒေးကြီး၊ မင်းနဝဒေးဆို ရတုပေါင်းချုပ်၊ နှာ ၂၂၅။
“ကောင်းသားလုပ်ကြံ၊ တ ရံမလျှော့၊ မပေါ့မမေ့”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၁၅၆။
“ရေကြောင်းစည်းစိမ်၊ နန်းဖောင်အိမ်ထက်၊ တ ကြီမ် တ ရံ။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့၊ နှာ ၂၀။
“နားပါးမခံ၊ မနောကံမျှ၊ တ ရံ တ ဆစ်၊ မပြစ်မမှား”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၁၅၂။
“သာယာခြေငံ၊ ဖြည့်ဖြူးသံဖြင့်၊ တ ရံ တ ဖန်၊ ငါတောင်းပန်သည်”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရကိုးခဏ်းပျို့၊ နှာ ၁၂။
— “ရှဉ်း” နှင့်တွဲ၍
“သွားလာ စေ့ချဉ်း၊ နွား တ ရှဉ်းသို့၊ ခွေ့မျဉ်းသေချာ”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံမြားပစ်ခန်းပျို့၊ နှာ ၆၄။
— “လည်” နှင့်တွဲ၍
“အငယ်တည်းက၊ မဆုံးမသော်၊ မိဘ တလည်၊ ရန်သူမည်၏”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၂၃။
“ပြောဝပင်စည်၊ မိမိပြည်သို့၊ တ လည် လည်းကောင်း”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ် လင်္ကာကြီး၊ နှာ ၁၈။
“တထူး တ လည်၊ သူ့လင်ရည်နှင့်၊ စံတည်ပမာ၊ ပြိုင်နှိုင်းရှာမူ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုး ခဏ်းပျို့၊ နှာ ၂၂၄။
— “လုံး” နှင့်တွဲ၍
“ကမ္ပည်းလိပ်ဖုံး၊ စာ တ လုံးက၊ တွက်ကျုံးဓိပ္ပာယ်၊ အနက်ကျယ်သို့”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့”။ နှာ ၈၅။
“မတ်ရာညွတ်ရုံး၊ ကျောက် တ လုံးဝယ်၊ ပတ်ကုံးတရှက်”။ ရှင်ထွေးညို၊ ပြည်စုန်မော်ကွန်း၊ နှာ ၁၉။
“ဆေးဆေး တ လုံး၊ ဆေးပမုံး၊ ဖုံးမသိမ်မှုန့်ဖျန်း”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၂၃၁။
“ကိုးခိုး ကုံးခုံး၊ တ လုံးတနာ၊ သင်ဘူးပါသား၊ ဆရာသမား”။ သျှင်အဂ္ဂသမာဓိ၊ နေမိငရဲခန်းပျို့၊ နှာ ၁၂၅။
— “လျား” နှင့်တွဲ
“မျက်ပြေစိမ့်ငှါ၊ သာယာလျောက်ပတ်၊ ငါ့ကိုညွတ်၏၊ တလတ် တ လျား”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၁၅၀။
— “လှမ်း” နှင့်တွဲ၍
“တ ခေါ်မုဟုတ်၊ တ ဖြုတ် တ ခဏ၊ တ လှမ်းမျှဟု”။ သျှင်အဂ္ဂသမာဓိ၊ သုဝဏ္ဏသျှံမြားပစ်ခဏ်းပျို့၊ နှာ ၄၃။
“အသွားမတော်၊ မလျော် တ လှမ်း၊ ထုံးငြမ်းဉပဒေ၊ သက်သေစဉ်လာ”။ မုံရွေးဆရာတော်၊ ဥတိန္နပျို့၊ နှာ ၄၃။
— “လွှာ” နှင့်တွဲ၍
“တောင်ဝှေးဘိနပ်၊ ချည်ချောင်းအပ်နှင့်၊ မုန့်ကြွပ် တ လွှာ”။ သျှင်အဂ္ဂသမာဓိ၊ နေမိဘုံခဏ်းပျို့၊ နှာ ၈။
— “ဝန်း” နှင့်တွဲ၍
“မြေပြင် တ ဝန်း၊ တုလွတ်ကျွန်းသည်၊ မော်ကွန်းစံပြည့် ထွတ်နေ၏”။ နဝဒေးကြီး၊ မင်းနဝဒေးဆို ရတုပေါင်းချုပ်၊ နှာ ၁၆၅ (၃၅)။
“တောင်ငူ တောင်တွင်း၊ ချင်းတွင်း တ ဝန်း၊ ဖိုငန်းအနောက်”။ သျှင်ရဋ္ဌသာရ၊ ပုံတောင်နိုင် မော်ကွန်း၊ နှာ ၄၆။
“သင်္ခမ်း တ ဝန်း၊ ပြုဖန်ဆန်းမှ၊ ရဟန်းပရိက္ခရာ”။ သျှင်ရဋ္ဌသာရ၊ စတုဓမ္မသာရ ကိုးခဏ်းပျို့၊ နှာ ၂၇၉။
— “ဝမ်း” နှင့်တွဲ၍
“ချစ်ခင်ကြင်ကျွမ်း၊ တ ဝမ်းသည်းအူ၊ နှလုံးတူသည်၊ ကြင်သူခင်ပွန်း”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး၊ နှာ ၂၅။
— “သပြာ” နှင့်တွဲ၍
“ရှာဖွေစူးစမ်း၊ လောင်းတမ်းစရာ၊ တ သပြာမျှ”။ သျှင်ရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး၊ နှာ ၃၁၀။
— “သီး” နှင့်တွဲ ၍
“ တ သီးမည်မှန်း၊ ခေါင်းအဝှန်းက၊ ရာမှန်းကြပြီး”။ ဝန်ကြီးပဒေသရာဇာ၊ သူဇာပျို့၊ နှာ ၂၇၃။
— “သိုက်” နှင့်တွဲ၍
“ယခုကြိုက်ဝယ်၊ တ သိုက်ဝန်းလျား၊ ဘယ်စကားဖြင့်”။ တွင်းသင်းဝန် မဟာစည်သူ၊ မဟာဇနကပျို့ နှာ ၂။
“လောကီအလိုက်၊ ကြမ္မာတိုက်၍၊ တ သိုက် တ မြုံ”။ မန်လည်ဆရာတော်၊ မဟာသုတကာရ္ မဃဒေဝပျို့၊ နှာ ၃၃၄။
— “သုတ်” “မုဟုတ်”နှင့်တွဲ၍
“ခဏချက်ပြုတ်၊ တ မုဟုတ်၊ တ သုတ် တသုတ် ချီ”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ ၁၂၇၅။
— “သွန်” နှင့်တွဲ၍
“ထိပ်တင်ရှိပန်း၊ ရဟန်း တ သွန်၊ အာဂန္တုက၊ ဟူသမျှနှင့်”။ သျှင်ရဋ္ဌသာရ၊ စုဓမ္မသာရ ကိုးခန်းပျို့၊ နှာ ၂၉၈။
“သားငှက် တ သွန်၊ တိရစ္ဆာန်တို့၊ အခွန်ပို့ငှါ၊ ထံတော်လာသား၊ ဓမ္မာ သောက”။ သျှင်ရဋ္ဌသာရ၊ တန်တားဦး မင်္ဂလာစေတီမော်ကွန်း၊ နှာ ၃၃။
“ကိစ္စ တ သွန်၊ ပဒဋ္ဌာန်၊ မဟဏ်မြစ်ပမာ”။ ဦးအော၊ ကဝိလက္ခဏာသတ်ပုံ၊ နှာ ၅၇၈။
“လမ်းကြောင်း တ သွန်၊ ကောင်းခြီးတွန်လျက်၊ တံခွန် ကုတ်ကား”။ သျှင်ရဋ္ဌသာရ၊ တန်တားဦးတည် မင်္ဂလာစေတီမော််ကွန်း၊ နှာ ၁၁။
— နာမ်ဖြစ်သော “အိုး” နှင့်တွဲ၍
“ဆေး တ အိုးကျွမ်း၊ ကွမ်း တ ယာညက်၊ စိတ်စက်ပျော်ပိုက်”။ စိန္တကျော်သူ၊ ဩဝါဒထူးပျို့၊ နိဂုံး။
— “အုပ်” နှင့်တွဲ၍
“ညဉ့်ငှက် တ အုပ်၊ ပြင်းဟုပ် မဝံ့၊ အညံ့မချောင်း”။ သျှင်ရဋ္ဌသာရ၊ သံဝရပျို့၊ နှာ ၁၇၀။
အချိန်ရပါက ဤကျမ်းကိုးများကို နောက်ရက်များတွင် ထပ်၍ ဖြည့်ပါမည်။ ကျန်းမာကြပါစေ။ (U Thein Tun)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment