Skip to main content

မိုးပုလဲ

မိုး မိုး၊ သဲ သဲ၊ မိုး မိုး၊ သဲ သဲ။

ဖလတက်လေးတွေ ညံမစဲ။

မိုးဖွဲတပြိုက် ရွာတဲ့ခါ

ပျိုးနုတ်ကောက်စိုက် လာခဲ့ပါ။

ဧရာမြစ်ဘေး တက်ရေပြေး

ပျိုးတင်လှေလေး ယက်ဖွေးဖွေး။

ကောက်စိုက်မလေး တေးသံသာ

တန်းစီစိုက်ကြ တနေ့တာ။

တို့လယ်ယာ မြတခဲ

မိုးပေါက်ဖွဲဖွဲ မိုးပုလဲ။   ။ (နုယဉ်)

ပို့ပေးသူ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments