(ဒီနေ့ ဆရာမောင်အောင်ပွင့် ကွယ်လွန်တာ (၅) နှစ်ပြည့်)
နွားတွေက
သူ့ခြေရာပေါ် နင်း
သူက
နွားခွာရာပေါ် နင်းနဲ့
အဲဒီနေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတာ
လူက ဦးဆောင်တာလား
နွားတွေက ဦးဆောင်တာလား။
နှင်တံကို ထောက်မှီလို့
နောက်ရို့ ရပ်ကျန်တဲ့
ကမ်းပေါ်က သူ့ရုပ်ပုံ
မှုန်ဝါးရာက လင်းလာတော့
အိုမင်းပုံ မြန်ဆန်လိုက်တာ။
ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။ ။ (မောင်အောင်ပွင့်)
ခုခေတ် တစ်ထောင်းထောင်း တဲ့။
Sunday Coffee - အငွေ့တစ်ထောင်းထောင်းနဲ့ ကော်ဖီခွက်လေး
San Nan Daw - အငွေ့ တစ်ထောင်းထောင်းနဲ့
Beë with MAY - Woww!! အငွေ့တစ်ထောင်းထောင်းနဲ့ ကြက်ခြေထောက်မာလာ
ဘောလုံးကို လှပစွာကစားရင်း အငွေ့တစ်ထောင်းထောင်းနဲ့ တောက်လောင်နေတဲ့စစ်မီးကို ငြိမ်းသတ်ပြခဲ့တဲ့သူ
ဒေါက်တာတင့်ဆွေ
Comments
Post a Comment