Skip to main content

အကြိမ်တရာလောက် တင်ပြထားပြီး

၁။ ဆရာရှင့် တစ်ဇွတ်ထိုး/တဇွတ်ထိုး ဘယ်ဟာကအမှန်လဲရှင့် ပြီးတော့သမီးသိထားတဲ့အရာက ရေတွက်လို့ရတဲ့ဟာတွေဆို (တစ်)ကိုသုံးပြီး ရေတွက်လို့မရတဲ့ဟာတွေဆို(တ)ကိုသုံးတယ်ဆိုတာ မှန်ပါသလားရှင့် - တဇွတ်ထိုး 

၂။ မင်္ဂလာပါဆရာရှင့် အရေအတွက်မှာ တစ်ခုနဲ့တခုဘယ်ဟာအမှန်ပါလဲပြောပေးပါဆရာရှင့် စလုံးသတ်ကိုဘယ်လိုနေရာတွေမှာအသုံးပြုရပါလဲဆရာရှင့် ကျေးဇူးပြုပြီးရှင်းပေးပါနော်

ဆရာ ကျေးဇူးပြု၍ ‌သိပါရစေ တခု နှင့် တစ်ခု၊ တနှစ် နှင့် တစ်နှစ် ၊ တမျိုး နှင့် တစ်မျိုး ဘယ်အရေးအသားက အမှန်ဆိုတာ အငြင်းပွားနေလို့ပါဆရာ။ ဆရာ့စာတွေ ဖတ်ပြီး ကျနော် သိသွားတာက ဂဏန်း တ နဲ့ တစ် စာ အကြိမ်တရာလောက် တင်ပြထားပြီး။ ဂဏန်းရေးနည်းစာ အကြိမ် ၂၀ လောက် တင်ပြထားပြီး။

1. “တ” နဲ့ “တစ်” https://dr-tint-swe.blogspot.com/2022/03/blog-post_18.html

2. “အသက်တရာပြည့်နှစ်မှာ” https://burmese-spelling.blogspot.com/.../blog-post_278.html

3. ၁ - ၂ စာကိုချစ် https://burmese-spelling.blogspot.com/.../blog-post_879.html

4. ၁ ၂ ၃ ၄ ပျောက်တော့မည်လော https://burmese-spelling.blogspot.com/.../blog-post_190.html

5. Curtis တစ် အသုံးမှန်များ https://dr-tint-swe.blogspot.com/2021/05/tit-usage.html

6. Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html

7. Numbers ဂဏန်းရေးနည်း https://dr-tint-swe.blogspot.com/2021/11/numbers.html

8. Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html

9. ငွေကျပ်တရာ https://burmese-spelling.blogspot.com/.../blog-post_723.html

10. တခု တကောင် တယောက် https://dr-tint-swe.blogspot.com/2021/11/blog-post_65.html

11. တစ် သမိုင်း သံခိပ် https://dr-tint-swe.blogspot.com/2021/08/blog-post_864.html

12. တစ် အသုံးမှန်များ https://burmese-spelling.blogspot.com/2023/08/blog-post_18.html

13. တစ်အရေး တအရေး https://dr-tint-swe.blogspot.com/2022/04/blog-post_969.html

14. တထောင် https://burmese-spelling.blogspot.com/.../blog-post_781.html

15. 'တယောက်' နဲ့ 'တရာ' https://burmese-spelling.blogspot.com/.../blog-post_82.html

16. တဝမ်းပူစသတ် https://dr-tint-swe.blogspot.com/2021/11/blog-post_445.html

17. မြို့မန္တလာ နှစ်တရာ https://burmese-spelling.blogspot.com/.../blog-post_704.html

18. လခ တရာ ရပါ၏ https://burmese-spelling.blogspot.com/.../blog-post_265.html

19. လတရာပြည့်အထူးထုတ် ခလေးဂျာနယ် https://burmese-spelling.blogspot.com/.../blog-post_2.html

20. လမင်းတရာ https://burmese-spelling.blogspot.com/.../blog-post_644.html

21. အရေအတွက်တွေမှာ တ ကို စသတ်ရမယ်ဆိုတဲ့ အဆုံးအမ မှားတယ် https://burmese-spelling.blogspot.com/.../blog-post_26.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ