Skip to main content

တနုံ့နုံ့

တနုံ့နုံ့ မှားရေးတာတခုကို ပြောပြလိုက်ပါတယ်။

တနုံ့နုံ့ = စိတ်တွင် တဖြည်းဖြည်း အဆက်မပြတ်ခံစားရသည်။

စိတ်ထဲတွင်မူ တနုံ့နုံ့စိတ်မချမ်းမသာဖြစ်နေသည်။ 

တခြားသူပြောလိုက်တဲ့ စကားတွေကြောင့် တနုံ့နုံ့ဖြစ်နေသည်။

မလုပ်လိုက်ရလို့ တနုံ့နုံ့ဖြစ်နေသည်။

တညလုံးအိပ်မရဘူး တနုံ့နုံ့နဲ့။ 

အတိတ်က ဖြစ်ခဲ့တာတွေကို တနုံ့နုံ့နဲ့ တွေးမိနေရတာက စိတ်ဆင်းရဲရခြင်းရဲ့ အဓိက တရားခံပါပဲ။ 

 တနုံ့နုံ့ ဆွသော ဆူး အသစ်ထွက်စာအုပ်။

"တစ်" ကြောင်းဆွဲမြန်မာစာဆရာကြီးတွေရဲ့တပည့်များကတော့ "တစ်နုံ့နုံ့" တဲ့။

ဒေါက်တာတင့်ဆွေ

Comments